စာမေးပွဲဖြေရင်း မီးပျက်သွားလို့ အမှောင်ထဲမှာပဲ စာဖြေခဲ့ကြတဲ့ ဥပဒေကျောင်းသားများ

twitter/ilhmynhzri

ကံဆိုးမိုးမှောင်ကျမှုဆိုတာ ဘယ်လိုပုံစံမျိုးနဲ့မဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အတိတ်တုန်းက သူကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေနဲ့မဟုတ်ပဲ အဲ့ဒီပြဿနာတွေကို ဘယ်လိုကျော်လွှားခဲ့သလဲဆိုတာနဲ့ပဲ ဆုံးဖြတ်သင့်ပါတယ်။ အခုအခါမှာတော့ မလေးရှားနိုင်ငံမှာရှိတဲ့ Universiti Islam Antarabangsa Malaysia (UIAM) ကျောင်းက ဥပဒေကျောင်းသားတွေဟာ ပညာလိုလားလွန်းကြတာကို worldofbuzz သတင်းဌာနကနေ အခုလို တွေ့မြင်ရပါတယ်။

အောက်က ဓာတ်ပုံတွေကိုတော့ အသက် (၂၂) နှစ်အရွယ် Mohd Illhamy Mohd Nahzeri ဆိုသူက တင်ခဲ့တာ ဖြစ်ပါတယ်။ Nahzeri က သူတို့ဟာ လလယ်ပိုင်းစာမေးပွဲဖြေစဉ်မှာ မီးပြတ်တာနဲ့ ကြုံခဲ့တဲ့အကြောင်း ဓာတ်ပုံနဲ့တကွ လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Nahzeri ရဲ့ ပို့စ်ဟာ ဆိုရှယ်မီဒီယာတစ်ခွင်ကို အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။ ဓာတ်ပုံတွေမှာတော့ ဥပဒေကျောင်းသားတွေဟာ ကိုယ်ပိုင်မီးတွေကိုဖွင့်ပြီး လလယ်စာမေးပွဲကို ကြိုးကြိုးစားစားဖြေဆိုနေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Nahzeri တို့ဟာ ၄င်းတို့ရဲ့ လလယ်ပိုင်းစာမေးပွဲမှာ ဥပဒေဘာသာရပ်ကို ဖြေဆိုနေခဲ့ကြတာ ဖြစ်ပြီး စာမေးပွဲဖြေဆိုနေချိန်မှာ မီးပျက်လိုက်၊ လာလိုက်နဲ့ (၃) ကြိမ်တိုင် ဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းတော့ ကျောင်းသားတွေက အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် မီးက ခဏခဏပျက်လိုက်လာလိုက် ဖြစ်နေတော့ စာမေးပွဲဖြေဆိုရာမှာ အနှောင့်အယှက်ဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ သူတို့ဖုန်းတွေကိုထုတ်ပြီး ဓာတ်မီးဖွင့်ကာ စာဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။

READ
မင်္ဂလာဆောင်နေတုန်း သတို့သမီးနဲ့ PUBG နဲ့ အလဲအလှယ်ပြုလုပ်ခဲ့တဲ့သတို့သား

Nahzeri ကတော့ အဓိကက အက်ဆေးတွေဖြေရမှာဖြစ်တဲ့အတွက် ကျောင်းသားတွေက အချိန်မဖြုန်းချင်ပဲ အချိန်မှီ ပြီးစီးဖို့ မျှော်လင့်တဲ့အကြောင်းတွေပါ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းမှာတော့ စာမေးပွဲဖြေနေတုန်း ခုလိုဖြစ်တာ ပထမဆုံးပဲလို့ Nahzeri  က ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့သူငယ်ချင်းတစ်ယောက်ကလည်း စာမေးပွဲဟောခန်းထဲကို ဖုန်းထားပြီး လာဖြေတာကြောင့် သူ့ရဲ့ဖုန်းမီးက အလင်းရောင်ကို နှစ်ယောက်အတူ မျှဝေသုံးစွဲခဲ့ရကြောင်းလည်း ပြောပြပါတယ်။

twitter/ilhmynhzri

“ကျွန်တော်တို့ နည်းနည်းလေးတော့ အားစိုက်ပြီး ကြိုးစားရတာပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဖုန်းကျန်ခဲ့တော့ ဖုန်းမီးကို နှစ်ယောက်မျှသုံးပြီး စာပြီးအောင် ဖြေကြရတာပေါ့။ မီးကလည်း ဒါပဲရှိတော့ ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး။ အချိန်မှီပြီးအောင်ဒီလိုပဲ မျှသုံးကြရတာပဲ…” လို့လည်း Nazheri က ဆိုခဲ့ပါသေးတယ်။

Nahzeri က အခုလို အမှောင်ထဲမှာ စာမေးပွဲအဖြေလွှာကို ခိုးချမယ်ဆိုရင်လည်း ခိုးချလို့လွယ်တယ်ဆိုတာတော့ မငြင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း သူက “မီးက အဆင်မပြေတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ခိုးချမယ်လို့ ခိုးလို့ရတဲ့ အနေအထားပါ။ ဒါပေမယ့် ခိုးချသူတွေက အမှတ်ကောင်းကောင်းရလည်း ဒါဟာ ကိုယ့်ကြိုးစားမှုနဲ့ ကိုယ်ရတာ မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ကိုယ့်လိပ်ပြာကိုယ်မလုံရတဲ့အတွက် ခိုးချသူတွေအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပေါ့…” လို့လည်း  သူ့အမြင်ကို ပြောပြခဲ့ပါသေးတယ်။

READ
တရုတ်နိုင်ငံက မိန်းကလေးချစ်သူ သုံးယောက်အထိ တပြိုင်တည်း ထားခွင့်ရှိတဲ့မြို့

လင်းလင်း (ShweMom)

SHARE