ဟောင်ကောင်ရဲ့ ဥပဒေအကျိုးသက်ရောက်မှုမရှိခဲ့တဲ့ နံရံတွေထဲက Kowloon မြို့

၁၉၅၀ ခုနှစ်လောက်ကနေ ၁၉၉၃ ခုနှစ်အထိ နံရံပိတ် Kowloon မြို့ဟာ လျှို့ဝှက်ချက်တွေ၊ ဖြစ်ရပ်ကြမ်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဧက (၆.၄) သာရှိတဲ့ မြေပေါ်မှာ လူပေါင်း (၅၀,၀၀၀) ကျော်ဟာ ပြွတ်သိပ်ကြပ်နေအောင် နေထိုင်ခဲ့ကြပါတယ်။ ဒီပမာဏဟာ New York မြို့ရဲ့ လူဦးရေ သိပ်သည်းမှု အချိုးအစားထက်တောင် များပြားနေပါသေးတယ်။ တကယ်တမ်းတော့ Kowloon ဟာ ဟောင်ကောင်ရဲ့ ရပ်ကွက်တစ်ခုသာဖြစ်ပေမယ့် ဟောင်ကောင်က လူတွေကတော့ Kowloon မြို့ဆိုပြီး ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုခေတ်ထိုအခါတုန်းကတော့ Kowloon ထဲကို ဝင်ဖို့လည်း မလွယ်ကူသလို အဲဒီပတ်ဝန်းကျင်ထဲ ပြဿနာတစ်စုံတစ်ခု မဖြစ်စေဖို့လည်း အထူးသတိထားကြရပါတယ်။ နံရံတွေကာရံထားတဲ့ Kowloon ရဲ့ သရုပ်မှန်ကို သိချင်နေခဲ့ကြတဲ့ လူတွေဆိုရင်လည်း တရုတ်နိုင်ငံသားတွေအပြင် နိုင်ငံခြားခရီးသွားတွေမှလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

Greg Girard

မြေ (၆) ဧကကျော်ကျော်လေးမှာ လူပေါင်း (၅) သောင်းကျော်လောက် နေနေရတဲ့အတွက် အဆောက်အအုံတွေကို ခဏတိုင်းအထပ်မြှင့်တင်လေ့ရှိပေမယ့် လုံခြုံရေးအတွက်ကိုတော့ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပါဘူး။

READ
ကမ္ဘာ့နိုင်ငံအသီးသီးမှအချောဆုံး တော်ဝင်မင်းသမီး (၁၀) ဦး
Greg Girard

သီးသန့်မြို့လိုဖြစ်နေပြီး ဒီအဆောက်အအုံတွေထဲ ကျောင်း၊ ဆေးခန်း၊ သွားဆေးခန်း၊ ဈေး၊ အထည်ဆိုင်တွေ၊ စတိုးဆိုင်တွေပါ စုံစုံလင်လင်ရှိနေခဲ့ကြပါတယ်။ နေ့ဖက်မှာ ကျောင်းတွေ၊ အလှပြင်ဆိုင်တွေအဖြစ် အသွင်ယူထားပေမယ့် မှောင်ရီသမ်းတာနဲ့ လောင်းကစားဝိုင်း၊ အရက်ဆိုင်များအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

Greg Girard

အသေးအဖွဲ ပြဿနာလေးတွေကို Kowloon မှာရှိတဲ့ အုပ်ချုပ်ပိုင်းအရေးအရာတွေကပဲ ဖြေရှင်းပြီး တရုတ်အစိုးရကိုက လူသတ်မှုတို့လိုမျိုး အမှုကြီးတွေမှသာ တစ်ခါတစ်ရံ ဝင်ရောက်ဖြေရှင်းပေးကြတာပါ။ Kowloon မှ တစ်သွေမသိမ်းလိုက်နာခဲ့တဲ့ တရုတ်အစိုးရဲ့ စည်းကမ်းတစ်ချက်ပဲရှိပါတယ်။ အဲဒါကတော့ အဆောက်အအုံတိုင်းကို (၁၄) ထပ်ထက်ကျော်ပြီး မဆောက်လုပ်တာပါပဲ။

Greg Girard

Kowloon အနီးအနားမှာ လေဆိပ်ရှိတဲ့အတွက် လေယာဉ်ပျံသန်းတဲ့အခါ (၁၄) ထပ်တိုက်ထက်မြင့်ပြီး ဆောက်လုပ်ပါက အခန့်မသင့်ရင် ပွတ်တိုက်မိတာတွေ ဖြစ်နိုင်တဲ့အတွက် အစိုးရဘက်မှ စည်းမျဉ်းကို လိုက်နာပေးဖို့အတွက် တောင်းဆိုခဲ့တာပါ။

Greg Girard

Kowloon မှာ အဆောက်အဦးတွေ ပြွတ်သိပ်နေအောင် ဆောက်လုပ်ထားတဲ့အတွက် အဆောက်အဦတွေကြားထဲကလမ်းကြားလေးတွေဟာ နေ့ဖက်လည်း ညသဖွယ်အမြဲတမ်း မှောင်မည်းနေကြပါတယ်။

Greg Girard

ဒါကြောင့် နေအလင်းရောင်ကိုရပြီး ခံစားနိုင်ဖို့က ခေါင်မိုးနေရာတွေပဲရှိပါတယ်။ ကလေးတွေဟာလည်း ခေါင်မိုးပေါ်မှာ အတားအဆီးမရှိ ကစားတတ်ကြပါတယ်။

READ
လောဘစိတ်ကြောင့် သမိုင်းမလှခဲ့တဲ့ အာရှတစ်လွှားက ခေါင်းဆောင်များ
Greg Girard
Greg Girard

Kowloon မှာ နေထိုင်သမျှလူတွေဟာ ဒီအဆောက်အဦးတွေ အပြင်ဖက်ကို ထွက်တာ သိပ်ကိုရှားပါးလွန်းလှပါတယ်။ သူတို့အတွက် နေ့စဉ်လိုအပ်တဲ့ ဆိုင်တွေမှန်သမျှကလည်း ဒီအဆောက်အအုံတွေထဲမှာပဲရှိပြီး အလုပ်နေရာတွေလည်း ရှိနေခဲ့ပါတယ်။

Greg Girard
Greg Girard
Greg Girard
Greg Girard

၁၉၉၀ ပြည့်နှစ်မှာတော့ နံရံတွေကြားကမြို့တော်ကြီးကို ဖျက်ချပစ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

Greg Girard

၁၉၉၄ ခုနှစ်အရောက်မှာတော့ တကယ်ပဲ Kowloon ကို ဖျက်ချခဲ့ပီး မြေဧရိယာတစ်ခုလုံးကို ပန်းခြံအဖြစ် ပြန်လည်ဆောက်လုပ်ခဲ့ကြပါတယ်။

Greg Girard

ဒီဓာတ်ပုံတွေကို ကနေဒါနိုင်ငံသားဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Greg Girard မှ ရိုက်ထားခဲ့တာဖြစ်ပါတယ်။ Greg ဟာ တရုတ်နိုင်ငံသို့ ရောက်ချလာပြီး Kowloon အနီးပတ်ဝန်းကျင်က မြို့နယ်တစ်ခုမှာ (၄) နှစ်ကျော်ကြာနေထိုင်ရင်း Kowloon အဆောက်အဦးထဲသို့ ဝင်ထွက်သွားလာကာ ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။

Greg Girard

Source: SouthChinaMorningPost , Elite Readers

Penny

SHARE