ပြင်သစ်ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး ပျံသန်းနိုင်တဲ့ မော်တော်ဆိုင်ကယ်

လွန်ခဲ့တဲ့ နှစ်တွေတုန်းက စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေထဲမှာပဲ မြင်တွေ့နိုင်ခဲ့တဲ့ အရာတွေဟာ ယခုအခါ အကောင်အထည်ပေါ်လာတာတွေ ရှိနေပါပြီ။ ပျံသန်းနိုင်တဲ့ စီးနင်းစရာဆိုရင် လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေသာ ရှိခဲ့ပေမယ့် ယခုအခါ ထင်မှတ်မထားလောက်တဲ့ တီထွင်မှုတွေ ပေါ်ပေါက်လာတာပါ။

lazareth

ပြင်သစ်မော်တော်ဆိုင်ကယ်ကုမ္ပဏီ Lazareth ကတော့ Lazareth LMV 496 ဆိုတဲ့ ဆိုင်ကယ် မော်ဒယ်သစ်ကို ထုတ်လုပ်လိုက်ပါပြီ။ အံ့အားသင့်သွားစေဆုံး အချက်ကတော့ ၎င်းဆိုင်ကယ်က ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

lazareth

LMV 496 မှာ ဆိုင်ကယ် ကိုယ်ထည် အလေးချိန် ၁၄၀ ကီလိုဂရမ်၊ ဘီး ၄ ဘီးပါရှိပြီး ကက်ဗ်လာကာဘွန်နဲ့ တည်ဆောက်ထားတာပါ။ ဆိုင်ကယ်ကို ပျံသန်းနိုင်စေမယ့် လေယာဉ်အင်ဂျင်အသေးစားလေးတွေ ပါရှိပြီး မြင်းကောင်ရေအား 1300 hp ရှိပါတယ်။ လမ်းပေါ်မှာ မောင်းနှင်တဲ့ စနစ်ကနေ ကောင်းကင်မှာ ပျံသန်းနိုင်စေဖို့ ဆိုင်ကယ်ဒက်ရှ်ဘုတ်ပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ရုံပါပဲ။

READ
ကိုယ့်ကို ဘယ်သူက Unfriend လုပ်သွားသလဲဆိုတာကို သိနိုင့်မယ့် App ထွက်ပေါ်
lazareth

Lazareth ကနေ ၎င်းကုမ္ပဏီရဲ့ LMV 496 မော်ဒယ် ဆိုင်ကယ်ပျံကို ၅ စီးသာ ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။ ၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့ ဒူဘိုင်းမှာ ကျင်းပမယ့် Gitex နည်းပညာပြပွဲမှာ အထက်ဖော်ပြပါ ဆိုင်ကယ်ကို တရားဝင်မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။ ခန့်မှန်းချေဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါး ဖြစ်ပါတယ်။

lazareth

Ref: mensxp, Story Pick

SHARE