ထောင်မှာအသတ်ခံရတဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အဖွဲ့ခေါင်းဆောင်

ကလေး နှစ်ယောက်အဖေ၊ အသက် (၄၀) အရွယ် Christian Maire ဟာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်အနှစ် (၄၀) ကျခဲ့ပြီးနောက်မှာတော့ ထောင်ထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်။

Unilad

Christian Marie ဟာ “The Bored Group” ဆိုတဲ့ အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ အဖွဲ့မှာ စုစုပေါင်း လူ (၉) ဦးပါဝင်ပြီး နိုင်ငံအနှံ့မှာနေထိုင်သူတွေဖြစ်ပါတယ်။ Christian Marie မှလွဲ၍ အခြားသော အဖွဲ့ဝင် (၈) ဦးတို့ဟာ ဆယ်ကျော်သက်အရွယ်များဖြစ်ပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးများအား မြှူဆွယ်ခြိမ်းခြောက်ကာ လိင်ပိုင်းဆိုင်ရာပုံများ၊ ဗီဒီယိုများကို အရယူခဲ့ကြပါတယ်။

မိန်းကလေးများကို အွန်လိုင်းမှ video chat ကာ မအင်္ဂါများကိုပြခိုင်းခြင်းနှင့် အခြားသောလိင်ပိုင်းဆိုင်ရာထိတွေ့မှုတို့ကို ခြိမ်းခြောက်ပြုလုပ်ခိုင်းခဲ့ကာ အဖွဲ့ဝင်များမှ ထိုင်ကြည့်ခဲ့ကြပါတယ်။ တစ်ခါတစ်ရံ သွေးထွက်သံယိုဖြစ်အောင်တောင် လုပ်ခိုင်းကြသေးပါတယ်။ သူတို့အဖွဲ့ကြောင့် နစ်နာခဲ့သူ မိန်းကလေးများမှာ အယောက် (၁၀၀) ကျော်နေခဲ့ပါပြီ။

READ
လူနာကို မှားယွင်းပြီး ဦးနှောက်ခွဲစိတ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း(၄)ဦးကို ရာထူးဆိုင်းငံ့
Unilad

အဖွဲ့ကိုဖမ်းဆီးဖို့အတွက် The Bored Group ရဲ့ သားကောင်ဖြစ်ခဲ့ဖူးသူမိန်းကလေးနဲ့ မက်ချီကန်ဒေသမှ ရဲများပူးပေါင်းပါဝင်ကာ ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Christian Marie ကို ဖမ်းမိသွားပြီး ၂၀၁၈ ဒီဇင်ဘာလမှာပဲ အနှစ် (၄၀) ထောင်ဒဏ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် ထောင်ကျနေစဉ် ၂၀၁၉ ဇန်နဝါရီလ (၁) ရက်နေ့မှာ Christian Marie ဟာ အခြားသော ထောင်သား (၇) ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ထို (၇) ဦးမှ လက်နှက်မသုံးဘဲ ထိုးကြိတ်ရိုက်နှက်ခဲ့ကြပါတယ်။ ဒီဒဏ်ရာဒဏ်ချက်တွေကြောင့်ပဲ Christian Marie ဟာ သေဆုံးသွားခဲ့ရပါတယ်။

Source: Unilad

Penny

 

SHARE