Back ကင်မရာ (၅)လုံးအထိ ပါဝင်လာမယ်လို့ သတင်းတွေထွက်နေတဲ့ Huawei P40 Pro

Twitter/evleaks

၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ တားဆီးပိတ်ဆို့မှုကို ခံစားခဲ့ရတဲ့  Huawei ကုမ္ပဏီဟာ အခုတော့ နောက်ထပ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လာဖို့ရှိနေကြောင်း The Verge ၀က်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။ တရားဝင်ကြေညာထားခြင်းမရှိသေးပေမယ့် Leak ထွက်လာတဲ့ သတင်းတွေအရတော့ အဲဒီဖုန်းဟာ Huawei P40 Pro ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

Huawei P40 Pro မှာ ကင်မရာ အလုံးရေ ၇ လုံးအထိ ပါရှိပြီး ဆယ်လီကင်မရာ ၂ ခုနဲ့ ရိုးရိုးကင်မရာ ၅ ခုတို့ပါ။ ထွက်လာတဲ့ သတင်းတွေအရတော့ Huawei P40 Pro ရဲ့ ပုံစံဟာ ဘေးလေဖက်စလုံး curver နဲ့ ထွက်လာမှဖြစ်လို့ ဒီဇိုင်းပုံစံအသစ်နဲ့ မြင်တွေ့ရမှာပါ။

Twitter/evleaks

ကင်မရာငါးလုံးမှာလည်း အရည်အသွေးမြင့်ကင်မရာတွေတပ်ဆင်ထားတယ်လို့လည်း သိရှိရပါတယ်။ultrawide လည်း ရိုက်နိုင်ပြီး ၁၃ ဆအထိ ချဲ့လို့ရတဲ့ lens တွလည်း ပါဝင်လာမှာပါ။ တစ်ချိန်က စီးပွားရေးလောကနဲ့ မိုဘိုင်းဖုန်းထုတ်လုပ်ရေးမှာ အထိနာခဲ့ရတဲ့ Huaweiဟာ သူ့ရဲ့ နောက်ထွက်လာမယ့်ဖုန်းကို  အစွမ်းကုန်ပြင်ဆင်ထားတဲ့ ပုံစံပါပဲ။

ဖုန်းပုံစံကတော့ notch မပါဝင်လို့ ကြည့်ရတာ Huawei ဖုန်းတစ်လုံးလို့ တန်းပြောဖို့ ခက်သွားပါတယ်။ဆယ်ဖီရိုက်ဖို့အတွက် ဖုန်းမျက်နှာစာမှာ ကင်မရာ၂လုံးတပ်ဆင်ထားတာက ထွက်လာရင် ဘယ်လိုနေမလဲမသိပေမယ့်  leak ဓာတ်ပုံတွေအရတော့ ကြည့်ရတာ ပုံစံမကျတဲ့ ဖုန်းတစ်လုံးအဖြစ် ဖြစ်နေပါတယ်။ ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ခလုပ်တို့ဟာ ဖုန်းရဲ့ ညာဘက်အစွန်မှာ ထားထားပြီး ဖုန်းရဲ့ ထိပ်ပိုင်းနဲ့ ဘယ်ဘက်မှာတော့ ဘာခလုတ်မှ မပါဘဲ အရှင်းကြီး ထားထားပါတယ်။ USB-C ကို အသုံးပြုထားပြီး စပီကာကတော့ ဖုန်းရဲ့ အောက်ဘက်မှာဖြစ်ပါတယ်။ Headphone jack မပါတာကတော့ ထူးခြားပါတယ်။

Twitter/evleaks

Huawei ဟာ သူ့ရဲ့ နောက်ဆုံးဖုန်း P-series ဖုန်းတွေကို ပြီးခဲ့တဲ့နှစ် မတ်က ပါရီမြို့မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် အခုHuawei P40 Proလည်း သိပ်မကြာခင် လပိုင်းလောက်မှာပဲ မိတ်ဆက်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ မေးစရာတစ်ခုရှိလာတာက အခုထွက်လာမယ့် Huawei P40 Pro မှာ Google ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ Application တွေ ပါ-မပါဖြစ်ပါတယ်။ တချိန်တုန်းက ဒေါ်နယ်ထရန့်ရဲ့ အမိန့်အရGoogle ကုမ္ပဏီရဲ့ အထောက်အပံ့အားလုံး ရပ်ဆိုင်သွားချိန်မှာ Huawei  အတွက် တော်တော်အထိနာခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ရတာပါ။

Ye Yint Kyaw

SHARE