ရက်ထပ်နှစ်(Leap Year) နဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အစဉ်အလာများ

Image: shutterstock ( By Africa Studio)

ဖေဖော်ဝါရီ (၂၉) ရက်ထပ် နှစ်ကတော့ ကြုံ တောင့်ကြုံ ခဲ ပါ။ဒီနှစ် (၂၀၂၀) ကတော့ ရက်ထပ် နှစ်ပါ။ရောက်နေတဲ့ ခုနှစ်ကို လေးနဲ့ စားလို့ ပြတ်ရင် အဲ့ဒီ နှစ်ကို ရက်ထပ်နှစ် ဆိုပြီးအလွယ်လေး မှတ်ကြပါတယ်။ရက်ထပ် နှစ်နဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာ ထူးထူးခြားခြား ရိုးရာ အစဉ်အလာ လေးတွေ ရှိပါတယ်။ချစ်စရာ ကောင်းတဲ့ ကမ္ဘာတစ်ဝန်းက ရက်ထပ် နှစ် နဲ့ ပတ်သက်တဲ့ ရိုးရာ အစဉ် အလာ တွေ အများကြီးထဲကမှ (၉) ခုကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁)အမျိုးသား ကို အမျိုးသမီးက လက်ထပ်ခွင့် တောင်းခွင့်ရှိ

Image: Shutterstock (By Bychykhin Olexandr)

စကော်တလန်နိုင်ငံမှာဆိုရင် တော့ ရက်ထပ် နှစ်ရောက် ရင် အမျိုးသမီးက အမျိုးသားကို လက်ထပ်ခွင့် တောင်းခွင့်ရှိပါတယ်။Queen Margaret  က (၁၂၈၈) တုန်းက ရက်ထပ်နှစ် ရောက်ရင် အမျိုးသမီးက အမျိုးသားကို လက်ထပ် ခွင့် တောင်းခွင့် ရှိတယ် ဆိုတဲ့ ဥပ ဒေကို ထုတ်ပြန်လိုက်တာပါ။ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။လက်ထပ်ခွင့် တောင်းမယ့် အမျိုးသမီးက အနီရောင် အမျိုးသမီးဝတ် အတွင်းခံစကပ် ကို ၀တ်ထား ဖို့ လိုပါတယ်။

(၂)လက်ထပ်ခွင့်ကို ငြင်းမိရင် အမျိုးသားက လက်အိတ်ပြန်ဝယ်ပေးရ

Image: shutterstock ( By Africa Studio)

ဒိန်းမတ်မှာဆိုရင်တော့ အမျိုးသမီးဘက်က လက်ထပ်ခွင့် တောင်းတာကို အမျိုးသားက ငြင်းမယ်ဆိုရင် လက်အိတ် (၁၂)ခု ပြန်ဝယ်ပေးရပါတယ်။ဒဏ် ကြေး အနေနဲ့  အနေနဲ့ ပြန် ပေးရတာပါ။စေ့စပ်လက်စွပ် ၀တ်မထားရတဲ့ အမျိုးသမီးရဲ့လက်ကို ဖုံးဖို့ လက်အိတ် ပြန် လက် ဆောင်ပေးရတာပါ။

READ
တော်ဝင်မိသားစုကို စွန့်ခွာသွားခဲ့ကြတဲ့ အာရှတိုက်က မင်းသမီးတွေအကြောင်း

(၃)Finland  မှာလည်း ငြင်းမိရင် ဒဏ် ကြေး ပေးဆောင်ရ

ဒိန်းမတ်မှာတင် မဟုတ်ပါဘူး။ဖင်လန်မှာလည်း ငြင်းမိရင် ဒဏ် ကြေး အဖြစ် အထည် တွေ  ပေးရပါတယ်။အမျိုးသမီး စကပ် ချုပ် ၀တ်ဖို့ အတွက် အထည် လက်ဆောင် ပေး ရတာပါ။

(၄)ဂျာမနီမှာဆိုရင်လည်း အမျိုးသမီးတွေ Crush ကို အထာပေးခွင့်ရှိ

Image: shutterstock (By KaptureHouse)

ဂျာမနီမှာဆိုရင်လည်း အမျိုးသမီးတွေ အ နေနဲ့ကိုယ်ကြိတ် ကြိုက် နေတဲ့ Crush ကို အထာ ကောင်းကောင်းကြီး ပေးလို့ရပါတယ်။ကိုယ်ကြိုက် နေတဲ့ သူရဲ့ အိမ် ရှေ့က သစ် ပင် မှာ ဖဲကြိုး တွေ သွားပြီး အလှ ဆင်ကာ ကိုယ့်အချစ်ကို ဖော်ပြ လို့ရပါတယ်။

(၅)ထိုင်ဝမ်မှာ ရှိတဲ့ ထူးထူးဆန်းဆန်း အစဉ်အလာ

လက်ထပ် ထားတဲ့ သမီးမိန်းကလေးက မိဘ တွေ ရဲ့ အိမ်ကို ၀က် ခြေ ထောက်၊၀က် လက် ခေါက် ဆွဲ ပို့ ပေးရပါတယ်။ရက်ထပ် လ အတွင်းမှာ မိဘ တွေရဲ့ အိမ် ကို လက်ထပ် ထားတဲ့ သမီး က ပြန်ပို့ ပေးရတာပါ။ကျန်းမာရေး နဲ့ ကံ ကောင်းခြင်းတွေ အတွက် အခုလိုလုပ်တာပါ။

(၆)လေးနှစ် တစ်ကြိမ်သာ ထုတ်ဝေ တဲ့ ပြင်သစ်က သတင်းစာ

Image:wikicommon

La Bougie du Sapeur ဆိုတဲ့ ပြင်သစ် သတင်းစာ တစ်စောင်ကတော့ ရက်ထပ် နှစ် ၊လေးနှစ် မှ တစ်ကြိမ် သာ ထုတ်ဝေ ပါတယ်။ဒီသတင်းစာကိုတော့ (၁၉၈၀)က စတင် ထုတ်ဝေ ခဲ့တာပါ။ကမ္ဘာ့ ထုတ်ဝေ မှု အကြိမ် ရေ အနည်းဆုံး သတင်းစာပါ။

READ
အစ္စရေးနိုင်ငံ အ ကြောင်း သင်မသိသေးတဲ့ အချက် (၈ )ချက်

(၇)Single ဖြစ်တဲ့ အမျိုးသားတွေကို ဖမ်းတဲ့ အစဉ်အလာရှိခဲ့ဖူး

(၁၉၄၈)ခုနှစ်တုန်းက အ မေရိကန် ၊Illinois ပြည်နယ်၊Aurora မြို့ မှာ ရှိခဲ့ဖူးတဲ့ အစဉ်အလာပါ။ရက်ထပ်နှစ်မှာ လက်မထပ်ရ သေးတဲ့ အမျိုးသားတွေကို Single ဖြစ် တဲ့ ပြစ်မှု နဲ့ ဖမ်းတာပါ။

(၈)Leap Year Baby လေးတွေ သာရတဲ့ အထူးအခွင့်အရေး

Image: shutterstock_ (By Ilina Yuliia)

ရက်ထပ်နှစ် ဖေဖော်ဝါရီ (၂၉) မှာ မွေးတဲ့ ကလေးတွေ အနေနဲ့ ဆိုရင်တော့  အထူးသီးသန့် Club ထဲကို အော်တို ၀င်ရောက် ခွင့်ရပါတယ်။အဲ့ဒါကတော့ ရက်ထပ် နှစ်မှာ မွေးတဲ့ သူတွေ သာ ရှိတဲ့ သီးသန့် Club ပါ။ The Honor Society of Leap Year Day Babies ကိုတော့ (၁၉၉၇)ခုနှစ်က စတင် ခဲ့တာပါ။။

Source:wiki/bestlifeonline

SHARE