သင့်အင်္ဂလိပ်စာစွမ်းရည်ကို အမြန်ဆုံးတိုးတက်စေမယ့် အခမဲ့ဝက်ဘ်ဆိုဒ်များ

သူများတွေ ရွှတ်ရှတ် ဒွတ်ဒတ်နဲ့ အင်္ဂလိပ်လိုပြောနေတာကြည့်ပြီး ရေငုံနှုတ်ပိတ်နေရတဲ့အခါ၊ ဘ၀တိုးတက်ဖို့ စာတွေကြိုးစားချင်ပေမယ့် အင်္ဂလိပ်စာသိပ်မရလို့ စာလုပ်တဲ့နေရာမှာ အခက်အခဲတွေ တွေ့နေရတဲ့အခါမှာ အင်္ဂလိပ်ဘာသာစကားကို သေချာပေါက် ပြေးသင်ချင်တဲ့စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့်လည်း “ကြိုးစားပမ်းစား သင်မဟဲ့”လို့ ပြေးစုံစမ်းလိုက်ပြန်တော့လည်း သင်တန်းကြေးတွေက ခေါင်ခိုက်နေလို့ စိတ်ဓာတ်ကျရပြန်တာမျိုး ကြုံကြရဖူးမှာပါ။ အဲ့ဒါကြောင့် အင်္ဂလိပ်စာကို အချိန်တိုအတွင်းမှာလည်း သိသိသာသာ တိုးတက်ချင်တယ်၊ ငွေကုန်ကြေးကျလည်း မတတ်နိုင်ဘူးဆိုသူတွေအတွက် အွန်လိုင်းကနေ အဖိုးအခနည်းနည်းနဲ့ သင်ယူလေ့လာနိုင်တဲ့ ၀က်ဘ်ဆိုဒ်ကောင်းကောင်းလေးတွေကို မျှဝေပေးလိုက်ချင်ပါတယ်။

EnglishClass101

ဒါကတော့ beginner level ကနေစပြီး တတ်ကျွမ်းမှုအဆင့်အလိုက် သင်ခန်းစာတွေကို ပို့ချပေးတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုပါ။ သင်ခန်းစာတွေကိုတော့ အသံဖိုင်နဲ့ရော ဗွီဒီယိုဖိုင်နဲ့ပါ ပို့ချပေးပါတယ်။ သင့်ရဲ့အင်္ဂလိပ်စာအဖတ်စွမ်းရည် တိုးတက်လာစေဖို့အတွက် သင်လေ့လာရမယ့် သင်ခန်းစာတွေကို မှတ်စုအဖြစ်နဲ့လည်း ပို့ချပေးပါသေးတယ်။ level တစ်ခုစီအတွက် အခမဲ့သင်ခန်းစာ အများအပြားရှိပါတယ်။ တကယ်လို့ သူ့ရဲ့သင်ကြားနည်းစနစ်က သင်နဲ့ကိုက်ညီပြီး သင်သဘောကျတဲ့ပုံစံ ဖြစ်နေရင်တော့ အသင်းဝင်ကြေးပေးပြီး ပိုမိုပြည်စုံစွာ လေ့လာသင်ယူနိုင်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုစီတိုင်းမှာ ပဟေဠိလေးတွေ ပါဝင်သလို စာပိုဒ်တွေကို ကိုယ့်အသံနဲ့ အသံသွင်းပြီး native speaker တွေရဲ့အသံထွက်တွေ၊ အဖြတ်အတောက်တွေနဲ့ ယှဉ်ကြည့်ပြီးတော့လည်း စကားပြောတိုးတက်လာအောင် လုပ်နိုင်ပါသေးတယ်။

READ
ဘ၀မှာ မဖြစ်မနေ လုပ်ဖူးအောင် လုပ်ကြည့်သင့်တဲ့အရာများ

USALearns.org

ဒါကတော့ အင်္ဂလိပ်စာကို စတင်လေ့လာမယ့် beginner level ကနေ အလယ်အလတ်ကျွမ်းကျင်အဆင့် intermediate level ရှိတဲ့သူတွေအတွက် တကယ်ကောင်းတဲ့ ၀က်ဘ်ဆိုဒ်လေးပါ။ အမေရိကန်အစိုးရကိုယ်တိုင်က ထောက်ပံ့ကြေးပေးပြီး တည်ထောင်ထားတဲ့ ၀က်ဘ်ဆိုဒ်ဖြစ်လို့ သူတို့နိုင်ငံသားတစ်ယောက် သိထားရမယ့် ဗဟုသုတမျိုးတွေတော့ ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် သင်ခန်းစာတိုင်းမှာ တကယ်ပညာရတဲ့ grammar ပုံစံလေးတွေ ပါဝင်တာကြောင့် တကယ်အထောက်အကူဖြစ်ပါတယ်။ ဥပမာ – အခွန်ပေးဆောင်တာနဲ့ ပတ်သက်တဲ့ ဝေါဟာရလိုမျိုးတွေ ပါဝင်တာကြောင့်လည်း ပြင်ပဗဟုသုတတွေပါ ရရှိနိုင်ပါသေးတယ်။ သူကတော့ လုံးဝအခမဲ့နဲ့ ၀င်ရောက်စာရင်းသွင်းပြီး လေ့လာသင်ယူနိုင်ပါတယ်။

italki

ဒီဝက်ဘ်ဆိုဒ်လေးကတော့ အင်္ဂလိပ်စကားပြောသီးသန့်ကိုပဲ ဖိဖိစီးစီး လေ့ကျင့်ချင်သူတွေအတွက် တကယ်ကောင်းတဲ့ ၀က်ဘ်ဆိုဒ်လေး ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောကို native speaker တွေနဲ့ လေ့ကျင့်ချင်နေသူတွေအတွက် ၀က်ဘ်ဆိုဒ်ထဲဝင်ပြီး စာရင်းသွင်း၊ အကောင့်ဖွင့်ပြီးတာနဲ့ ကိုယ်နဲ့စကားပြောမယ့် native speaker ကို Skype ကနေတစ်ဆင့် မျက်နှာချင်းဆိုင် ပြောရုံပါပဲ။ ဒီနေရာမှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ Language Exchange လို့ခေါ်တဲ့ သူ့ဘာသာစကား၊ ကိုယ့်ဘာသာစကားကို အပြန်အလှန် သင်ပေးတဲ့ပုံစံနဲ့ အင်္ဂလိပ်စကားကိုပဲ အတူတူပြောကြတဲ့ပုံစံပါ။ ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။ သူကတော့ လုံးဝအခမဲ့ဖြစ်ပါတယ်။

READ
လာဗန်ဒါပန်းရဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ

Let’s Talk

သူကတော့ အင်္ဂလိပ်စကားကို ကဏ္ဍစုံ၊ ရှုထောင့်ပေါင်းစုံကနေ လေ့ကျင့်လို့ရမယ့် အခမဲ့ YouTube channel တစ်ခုပါ။ Grammar နဲ့ပတ်သက်တာတွေ၊ ဝေါဟာရနဲ့ပတ်သက်တာတွေ၊ အသုံးအနှုန်းတွေစတဲ့ ဗွီဒီယိုပေါင်းများစွာရှိပြီး ဗွီဒီယိုတစ်ခုကို ဆယ်မိနစ်စီလောက်သာ ကြာမြင့်တဲ့အတွက် ကော်ဖီသောက်ရင်း၊ မနက်စာစားရင်းနဲ့ လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါး လေ့လာသင်ယူနိုင်ပါလိမ့်မယ်။

ကဲ … အခုလို အကုန်အကျနည်းနည်းနဲ့ စနစ်ကျနတဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေကို ချောမွေ့အဆင်ပြေစွာ လေ့လာသင်ယူမယ်ဆိုရင်တော့ သင်မေ့လို့မဖြစ်တဲ့ အရာတစ်ခုလည်း လိုအပ်နေပါသေးတယ်။ အဲ့ဒါကတော့ လိုင်းကောင်းပြီး မြန်ဆန်ချောမွေ့တဲ့ အင်တာနက်ပါ။ လက်ရှိမှာဆိုရင် အူရီဒူးရဲ့ Supernet Wireless အိမ်သုံးအင်တာနက်ကလည်း တကယ်တန်တဲ့ဈေးတွေနဲ့ အမြန်ဆန်ဆုံး 4G အင်တာနက်ကွန်ယက်ကို ပေးစွမ်းနေပါပြီ။ 5 Mbps အမြန်နှုန်းနဲ့ ရက်(၉၀)လုံးစိတ်ကြိုက်သုံးလို့ရတဲ့ အိမ်သုံးအင်တာနက်ကိုမှ (၉၀၀၀၀)ကျပ်ပဲ ကျသင့်မယ်ဆိုတော့ ခြွေတာချင်တဲ့ သင့်အတွက်အံကိုက်ဖြစ်မှာပါ။ wifi router နဲ့ လိုင်းဆွဲအားကောင်းစေတဲ့ အင်တာနာတွေပါ ပါပြီးသားဆိုတော့ လိုင်းမကောင်းမှာတွေဘာတွေ စိတ်အနှောင့်အယှက်ဖြစ်စရာမလိုတော့ဘဲ အင်္ဂလိပ်စကားကို အမြန်ဆုံးနဲ့ အချောမွေ့ဆုံး သင်ယူလေ့လာနိုင်ပါလိမ့်မယ်နော်။

SHARE