အိမ်မှာ အလွယ်တကူ လိုက်လုပ်လို့ရတဲ့ သစ်သီး Sandwich လုပ်နည်း

Image:Youtube/テイストメイド ジャパン

အိမ်မှာ အလွယ်တကူ လိုက်လုပ်လို့ရတဲ့  သစ်သီး Sandwich လုပ်နည်းကို Shwemom စာ ဖတ် သူ တွေ အတွက် ဝေမျှ ပေးချင်ပါတယ်။လုပ်ရတာ အရမ်း အရမ်းကို လွယ်ပါတယ်။ပါဝင် ပစ္စည်းေ တွ ကလည်း အလွယ်တကူ ရှာ လို့ ရသလို အချိန် လည်း အများကြီး ပေးစရာ မလိုပါဘူး။ ဒါဆိုရင် လှပတဲ့ သစ်သီး Sandwich တစ်ခု ဘယ်လို လုပ်မ လဲ ဆိုတာကို ဝေမျှ ပေးချင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်း

Image:Youtube/テイストメイド ジャパン

ပေါင်မုန့် (တစ်ခါတည်း အသင့် ဖြစ်ေ နတဲ့ နို့ ပေါင်မုန့် အဖြူ အသား လေး ဆိုရင် ပို အဆင်ပြေ) ၊Cream (ကိုယ် ကြိုက်တဲ့ Cream ကို သုံးနိုင်) ၊ချိစ် ၊သကြား ၊သစ်သီး (အလွယ်တကူ ရနိုင်တဲ့ ငှက် ပျောသီး၊စ တော်ဘ ယ်ရီ၊ပန်း သီး.. ကိုယ်ညှပ် စားချင်တဲ့ စိတ်ကြိုက် အသီးကို ရွေး နိုင်) ၊ ပလတ်စတစ်စ တို့ လိုပါတယ်။ဆီးချို၊သွေး ချို သမား အတွက်ပြင် ပေးတာ၊ ကိုယ်ကလည်း အချို မကြိုက်ဘူး ဆိုရင်တော့ အချို  အပေါ်မှာ ပြော ထားတဲ့ အချို ပစ္စည်းတစ်ချို့ကို ရှောင်ပြီး လုပ်လို့ရပါတယ်။

READ
အရပ်ပုသူလေးတွေ အရပ်မြန်မြန်ရှည်လာအောင် စားသောက်နေထိုင်နည်း
Image:Youtube/テイストメイド ジャパン

အရင်ဆုံး ခရင် နဲ့ ၊သကြား တို့ကို ပန်းကန်လုံးထဲမှာေ ရာထည့်ပြီး မွှေပါ။(၆)မိနစ်လောက် ထားပေးပါ။ပြီးရင် တော့ ချိစ် ကို ထပ်ထည့်ပါ။(၃)မျိုးလုံးကို (၇)မိနစ် လောက် ကြာအောင် နှပ်ထားပေးပါ။ပြီးရင်တော့ သစ်သီးလေး တွေကို  ပန်းပုံစံ လှီးတက်ရင်တော့ လှီးပါ။မလှီးတတ်ရင်လည်း ကိုယ်လှီးတတ်သလို လေး လှ အောင် လှီးပါ။ကိုယ်က လှ လှ လေး လှီးတက်ရင်တော့ Sandwich လှလှလေး ရပါမယ်။ပြင်ဆင်ပြီးရင်တော့ ပေါင်မုန့် တွေကို ခုနက နှပ်ထားတဲ့ ခ ရမ် တွေ သုတ် ပေးပါ။

Image:Youtube/テイストメイド ジャパン

ပြီးရင်တော့ သစ်သီးလေးတွေကို ပေါင်မုန့် ပေါ် တင်ပေးပါ။ပြီးရင်တော့ ခရမ် တွေကို အပေါ် မှာ ထပ် တင်ပေးပါ။ပြီးရင်တော့ အပေါ် မှာ ပေါင်မုန့်ချပ် အုပ်ပါ။ပြီးရင်တော့ အဲ့ဒီ ပေါင်မုန့် ချပ်ကို ပ လတ်စ တစ်စ နဲ့ သေချာ လေး ထုပ်ပိုးပေး၊အုပ်ပေးလိုက်ပါ။ပြီးရင်တော့ ရေ ခဲ သေတ္တာထဲမှာ မိနစ် (၂၀) လောက် ထည့် ပေးပါ။မိနစ် (၂၀) ကြာပြီးရင်တော့ သစ်သီး Sandwich ကို အသင့်စားလို့ရပါပြီ။

READ
အချိန်အခါနဲ့ မစားသောက်မိလျှင်ဘေးဖြစ်တတ်သော အစားအသောက်များ

Ref:テイストメイド ジャパン

SHARE