တစ်နေ့ကို စကားလုံးအသစ်တစ်လုံးသင်ယူခြင်းဖြင့် ပိုပြီးထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာနိုင်

အရင်တုန်းကတော့ လူတွေရဲ့ မွေးရာပါပင်ကိုယ် ဥာဏ်အရည်အသွေးဟာ တစ်သမတ်ထဲအပြောင်းအလဲမရှိဘူးလို့ ယူဆခဲ့ပေမဲ့ အခု သိပ္ပံပညာရှင်တွေကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်မှတ်ဥာဏ်ကို လေ့ကျင့်ပြီး ပျိုးထောင်လို့ရတယ်လို့ သက်သေပြခဲ့ပါပြီ။သင်ရဲ့ ဦးနှောက်မှတ်ဥာဏ်စွမ်းရည်ကို မြင့်မားစေဖို့အတွက် ဘာသာစကား နောက်တစ်ခုကို သင်ယူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ဘာသာစကားတစ်ကို သင်ယူရင်း စကားလုံးအသစ်များကိုနေ့စဉ်လေ့လာခြင်းက ပိုပြီးထက်မြက်တဲ့ လူတစ်ယောက်ဖြစ်လာစေတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။

စကားလုံးအသစ်တွေကို နေ့စဉ်သင်ယူခြင်းရဲ့ အကျိုးကျေးဇူးများ

Thinking-Differently-About-Problem-Solving

လေ့လာချက်တစ်ခုက စကားလုံးအသစ်တွေကို သင်ယူခြင်းရဲ့ ဦးနှောက်အပေါ်ကို အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပါတယ်။စကားလုံးအသစ်တွေကို သင်ယူခြင်းဟာ ကျွနုပ်တို့ရဲ့ အသိဥာဏ်ကိုကြွယ်ဝစေပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပိုပြီး ထိထိရောက်ရောက်ပြောဆိုလာနိုင်ပါတယ်။ဘာသာစကားနှစ်ခုကို တတ်မြောက်ထားတဲ့သူတွေဟာဘာသာစကားတစ်မျိုးတည်းပြောတဲ့ လူတွေထက်  ပြဿနာကိုအောင်မြင်စွာဖြေရှင်းနိုင်ပြီး ရေရှည်အစီအစဉ်ချမှတ်ရာမှာ ပိုပြီးတော့ ကျွမ်းကျင်ကြတာကို တွေ့ရှိခဲ့ကြပါတယ်။

စကားလုံး အသစ်တွေကို နေ့စဉ်ဘယ်လို သင်ယူနိုင်မလဲ။

READ
ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကမ္ဘာ့အန္တရာယ်အများဆုံးကျွန်း

ieltsmaterial.com-word-of-the-day-oblivious

နေ့စဉ်စကားလုံး အသစ်တွေကို စာဖတ်ခြင်း၊TV  ကြည့်ခြင်းမှ တဆင့်ကျွန်တော်တို့ သင်ကြားနိုင်ပြီးတော့ Dictionary တစ်ခုကို အသုံးပြုပြီး နေ့စဉ်စကားလုံးအသစ်တစ်ခု၊Word of The day အစီအစဉ်မှ စကားလုံးအသစ်များကို နေ့စဉ်လေ့လာခြင်းဖြင့် သင်ယူနိုင်ပါတယ်။

နောက်ဆုံးအချက်က တစ်ရက်လောက်ပဲ လေ့လာပြီးတော့ လက်မြှောက်လိုက်ရင်တော့ ဘာအကျိုးကျေးဇူးကိုမှ ခံစားရမှာ မဟုတ်ပါဘူး။

Lumos (Shwemom)

Ref : Life Hack

SHARE