ကြောက်စရာကောင်းတဲ့ လက်ဘနွန် ပေါက်ကွဲမှု ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ပျံ့ နေ

Image :twitter/@ncitayim/@tobiaschneider

လက် ဘနွန် နိုင်ငံ မှာတော့ ပေါက်ကွဲမှု ကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။လက်ဘနွန်နိုင်ငံ က မြို့ တော် Beirut မြို့ ရဲ့ ဆိပ်ကမ်း ဧရိယာမှာ ဖြစ်ပွားခဲ့ ပြီး ဒီပေါက်ကွဲမှု ကြောင့် လူ (၇၈)ဦး ထက်မနည်း သေဆုံးက (၄၀၀၀) ကျော် ဒဏ်ရာရ ခဲ့တယ်လို့ BBC   နဲ့ businessinsider တို့မှာ ဖော်ပြထားပါတယ်။ဝန်ကြီးချုပ် Hassan Diab က တော့ ဒီပေါက်ကွဲမှုဟာ mmoniu m nitrate  တန်ချိန် (၂၇၅၀) ကျော် သို လှောင်ထားတဲ့ ဂိုဒေါင် ကနေ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ဒီ ဖြစ်ရပ် နဲ့ ပတ်သက်ပြီး တာဝန်ရှိသူ ကို စုံစမ်း ဖော်ထုတ် သွားမယ်လို့ လို့ လည်း ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

လက် ဘ နွန်အာဏာပိုင်တွေ က တော့ လွန်ခဲ့တဲ့ (၆)နှစ် (၇)နှစ် လောက်က သ ဘောင်္ တစ်စီးက နေ သိမ်းဆည်းခံခဲ့ ရတဲ့ ammonium nitrate တွေလို့ ယူဆရ ကြောင်း ပြောခဲ့ပါတယ်။ပေါက်ကွဲ မှု ကြီး ကြောင့်  လူ (၇၈)ဦး ထက် မနည်း သေဆုံး ပြီး လူ (၄၀၀၀) ကျော် ဒဏ်ရာ ရ ခဲ့ ပါတယ်။Beirut မြို့ တစ်မြို့ လုံး အထိ တုန် ခါ သွား  ခဲ့ ရတဲ့ ဒီ ပေါက်ကွဲ မှု ကြီး  ဖြစ်ပွားရာ ဆိပ် ကမ်းမှာတော့  မှိုပွင့် ပုံ မီးခိုး လုံးကြီး တွေ တက်လာခဲ့ပါတယ်။သမ္မတ Michel Aoun  က တော့ ammonium nitrate (2,750)တန်ချိန် ကို သေချာ လုံခြုံ မှု မရှိပဲ ဂို ဒေါင် ထဲမှာ သို လှောင်ထားတာ (၆)နှစ် လောက် ရှိ နေပြီလို့ ပြောခဲ့ပါတယ်။

သမ္မတ က တော့ ၀န်ကြီး အ ဖွဲ့ကို သြဂုတ် (၅)ရက်နေ့မှာ အ ရေးပေါ် စည်းဝေးပွဲ ခေါ် ဖို့  ဖို့ စီစဉ် ခဲ့ပါတယ်။နှစ်ပတ် ကြာ အ ရေး ပေါ် အ ခြေအ နေ ကြေညာ သင့်တယ်လို့ လည်း ပြောခဲ့ပါတယ်။နိုငှုံ အ နေနဲ့ သြဂုတ် (၅)ရက်နေ့က စြ ပီး (၃) ရက်ကြာ ၀မ်းနည်းပူ ဆွေးကာလ အဖြစ် သတ်မှတ်သွား မှာပါ။အ ရေး ပေါ် ရန်ပုံ ငွေ အ  အဖြစ် အစိုးရ က အ မေရိကန် ဒေါ်လာ (၆၆)သန်း လည်း အသုံးပြု သွားမှာပါ။လက်ဘနွန် ကြက် ခြေနီ အဖွဲ့ ခေါင်း ဆောင် တစ်ဦး က တော့ ဒဏ်ရာ ရသူတွေ နေရာ တိုင်းမှာ စုပုံ နေ တယ်လို့ ပြောခဲ့ပါတယ်။

ပေါက်ကွဲ မှု မှာ တာဝန်ရှိသူ ဘယ်သူ ဆိုတာကိုေ တာ့ စုံစမ်းစစ်ဆေး ဖော်ထုတ် သွား ပြီး ပြစ်ဒဏ် ကြီးကြီး ချမှတ် အ ရေးယူ သွားမယ်လို့ လည်း တရားရေး ရာ ဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။လက် ဘ နွန်က တော့ လက်ရှိ အချိန်မှာ စီးပွားရေး ပြဿနာ တွေ၊ကိုရိုနာ ဗိုင်းရပ်စ် အ ရေး တွေ ဘက် ပေါင်းစုံက ပြဿနာ တွေ နဲ့ ကြုံ နေ ရတဲ့ အချိန်မှာ ဒီလို ပေါက်ကွဲ မှုကြီး ဖြစ်ခဲ့တာပါ။

ဒါ့အပြင် (၂၀၀၅)ခုနှစ်တုန်းက ၀န်ကြီးချုပ် ဟောင်း Rafik Hariri  ကို သတ်တာ နဲ့ ပတ်သက်ပြီး လာမယ့် သောကြာ နေ့မှာ တရားစီရင် ဖို့ ကိစ္စ ကလည်း ရှိ နေ တာ ကြောင့် နိုင်ငံ အတွင်း တင်းမာ မှု တွေ ရှိ နေတဲ့ ကြားက အခုလို ပေါက်ကွဲ မှုကြီး ဖြစ်ခဲ့တာပါ။

#SHWEMOM

SHARE