အထက်တန်းကျောင်းသား (၂၀၀)နီးပါးအတွက် ဒေါ်လာ(၈)သန်းသုံးမယ့် လီဘရွန်ဂျိမ်းစ်

Youtube

အမေရိကန်ရဲ့ ဘက်စကက်ဘောအကျော်အမော်တစ်ယောက်ဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်ကတော့ သူ့ရဲ့ လီဘရွန်ဂျိမ်းစ်မိသားစုဖောင်ဒေးရှင်းကနေပြီး အထက်တန်းကျောင်းသူ၊ကျောင်းသား (၁၉၃)ယောက်ကို ကျူရှင်စရိတ်ထောက်ပံ့ဖို့ စီစဉ်လိုက်ပြီဖြစ်ပါတယ်။

အိုဟိုင်းယိုးပြည်နယ်ထဲမှာရှိတဲ့ကျောင်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်တွေကို မလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် အချိန်ပို သင်တန်းတွေ ထားရှိမှာဖြစ်ပြီး အနီးကပ်ဆရာတွေနဲ့ သင်ကြားပေးသွားမှာပါ။ လီဘရွန်ဂျိမ်းစ်ရဲ့ ပညာသင်စရိတ် ထောက်ပံ့မှုက (၄)နှစ်အထိ ရရှိမှာဖြစ်ပြီး ကျောင်းသားတစ်ယောက်အတွက် တစ်နှစ်ကို ဒေါ်လာ (၁၁၀၀၀)လောက် ရရှိမှာဖြစ်ပါတယ်။

Youtube

ဂျိမ်းစ်က ကျောင်းပေါင်းစုံက ကျောင်းသား (၁၉၃)ယောက်ကို ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး (၄)နှစ်စာ ပံ့ပိုးပေးသွားမှာဖြစ်တာကြောင့် ဒီပရောဂျက်ရဲ့ စုစုပေါင်းကုန်ကျငွေက ဒေါ်လာ (၈)သန်းလောက် ရှိသွားမှာပါ။

တစ်နှစ်ကို ဒေါ်လာ သန်း(၁၀၀)နီးပါး ၀င်ငွေရနေတဲ့ လီဘရွန်ဂျိမ်းစ်အတွက်တော့ ဒီငွေပမာဏဟာ ပြောပလောက်စရာ မဟုတ်ပေမယ့်လည်း ကျောင်းသားမိဘတွေအတွက်တော့ အများကြီး သက်သာရာ ရသွားစေခဲ့တာပါ။

READ
ရည်းစားဟောင်းကို မုန်းလွန်းလို့ သူနေတဲ့တိုက်တန်းလျားကြီးတစ်ခုလုံးကို မီးရှို့ခဲ့တဲ့အဖြစ်

 

ထောက်ပံ့ကြေးရတဲ့ ကျောင်းသားတွေအနေနဲ့ စာသင်တန်းတွေကို အချိန်ပြည့်တက်ရောက်ဖို့ လိုအပ်ပြီး အတန်းထဲမှာ အမှတ်ကောင်းဖို့အပြင်၊ အများပြည်သူအတွက် အကူအညီဖြစ်မယ့်အလုပ်တွေကိုပါ လုပ်ကိုင်ပေးဖို့ လိုအပ်တယ်လို့ ဂျိမ်းစ် ရဲ့ ဖောင်ဒေးရှင်းက စည်းကမ်းချထားပါတယ်။

READ
ငွေပြတ်နေတဲ့ ဆေးသမား လူ(၇)ဦးဆီက ပိုက်ဆံယူပြီး၊ ဇနီးသည်ကို အဓမ္မကျင့်ခိုင်းခဲ့

လီဘရွန်ဂျိမ်းစ် က ဒီပရောဂျက်အကြောင်းကို သူ့ရဲ့ဖောင်ဒေးရှင်းဝက်ဆိုက်က တစ်ဆင့် အသိပေးခဲ့ပြီး ဒီအစီအစဉ်ကို စိတ်ဝင်တစားနဲ့လျှောက်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၃၀၀)အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

Linn

SHARE