LED မီးတွေ နဲ့ အလှဆင်လိုက်တဲ့ အခါ မှာ ပုံမှန် မြင် နေကျ စိုက်ခင်းကြီးက ဘယ်လောက်ထိ ပြောင်းလဲ သွားနိုင် လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ဒါက တော့ ဒတ်ခ်ျ Artist တစ်ယောက် ဖြစ်တဲ့ Daan Roosegaarde ရဲ့ နောက်ဆုံး ပရောဂျက် GROW ပါ။နှစ် ဟက်တာ အကျယ်ရှိတဲ့ ကြက်သွန်မြိတ် စိုက်ခင်းကြီး ကို LED မီးတွေ နဲ့ အလှဆင် ခဲ့တာပါ။အလှအပ အတွက် ရော၊လက် တွေ့စမ်းသပ်မှုတစ်ခု အတွက်ပါ ရည်ရွယ်ချက် နှစ်မျိုးလုံး အတွက် အခုလို ဖန်တီးခဲ့တာပါ။ဒီ အကြောင်းကိုတော့ oddity central မှာ ဖော်ပြထားတာပါ။
View this post on Instagram
နယ်သာလန်နိုင်ငံ အလယ်ပိုင်း Lelystad မြို့ရဲ့ ည အလှ က တော့ လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ ပါတယ်။နှစ် ဟက်တာ အကျယ်ရှိတဲ့ စိုက်ခင်းကြီး ထဲမှာတော့ အပြာရောင်၊အနီရောင်၊ခရမ်းရောင် LED မီးရောင် စုံ တွေ က လှပ စွာ ရှိနေခဲ့ပါတယ်။ Studio Roosegaarde က တော့ မီး လုံး တွေ အလှဆင် တပ်ဆင် တဲ့ နေရာ မှာ ဒီဇိုင်း ဆွဲ ပေးခဲ့တာပါ။ဒီဖန်တီးမှုကြောင့် ဒတ်ခ်ျ လယ်သမားတွေ အနေနဲ့ စိုက်ခင်း ပြင်ထဲမှာ မီးရောင်စုံ အလှ တွေကို ခံစားခွင့် ရ ခဲ့ပါတယ်။
View this post on Instagram
Daan Roosegaarde က GROW ဆိုတဲ့ ဒီပရောဂျက် က နေ ပင်ပန်း နေတဲ့ လူတွေ အတွက် မျှော်လင့် ချက် အလင်း ရောင် လေး တစ်ခု ပေးနိုင်ဖို့ ဆန္ဒရှိ နေပါတယ်။စိုက်ပျိုးရေးဆိုတာ ရှင်သန်ရပ်တည် တဲ့ ယဉ်ကျေးမှု အနုပညာ တစ်ခု ဆိုတဲ့ အဓိပ္ပါယ်ကိုပါ ပေးစွမ်း နိုင်ဖို့ မျှော်လင့်နေပါတယ်။ ultraviolet light အလင်း ရောင် ကို တော့ ဖန်လုံအိမ် စိုက်ပျိုးရေး လုပ်ငန်း အတွက် အသုံးပြု နေကြပါတယ်။
View this post on Instagram
အထူးသဖြင့် အလင်း ရောင် တိုက်ရိုက် အလွယ်တူ မရနိုင် တဲ့ နေရာတွေ အတွက် သုံးတာဖြစ်ပြီး အပြင်ဖက်မှာ စိုက်ပျိုးတဲ့ outdoor စိုက်ပျိုးရေး လုပ်ငန်း တွေ အတွက် တော့ ultraviolet light က အကန့်အသတ်နဲ့ သုံးကြတာ တွေ ရှိပါတယ်။ Ultraviolet light က တော့ အပင်တွေ ကြီးထွား အောင်ကူညီ ပေးနိုင်ပါတယ်။ဒါပေမယ့် Studio Roosegaarde က တော့ အလင်းတန်းလှိုင်းတွေ က နေ ပိုးသတ်ဆေး လိုအပ်ချက်ကို (၅၀)ရာခိုင်နှုန်းလျှော့ချ ပေးနိုင်တယ်ဆိုတဲ့ သီအို ရီ ကိုပါ လက်တွေ့ စမ်းသပ် ဖို့ သုံးတာပါ။
View this post on Instagram
အပင်တွေ ကို အလင်းတန်းလှိုင်းတွေ နဲ့ စပြီး Scan ဖတ် ခဲ့ ကြောင်း၊အဲ့ဒီအခါ မှာ ထူးခြားမှုတွေ စ ရှိ လာ ခဲ့ ပြီး ဒါဟာ သိပ္ပံ နဲ့ အနုပညာ တို့ တစ်ခု အပေါ် တစ်ခု အကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာကို ပြနေ တယ်လို့ Daan Roosegaarde က ဆိုပါတယ်။နေရောင် ခြည်စွမ်းအင်သုံး LED ပရောဂျက် ရဲ့ ultraviolet light အလင်း တန်း တွေ က ကြက်သွန်မြိတ်ပင်တွေ နဲ့ ထိ တွေ့ တဲ့ အခါ မှာ သဘာဝ နေ အလင်း ရောင် ကို ရ သလို အကျိုးသက် ရောက် မှု ရှိစေတဲ့ အပြင် တစ်ချိန် တည်းမှာပဲ လှပပြီး အိမ်မက် ဆန်တဲ့ အလင်းတန်း တွေ ကိုပါ ဖန်တီး ပေးနိုင်ခဲ့ တာပါ။ GROW ကို တော့ လက်ရှိမှာ Lelystad မြို့ တစ်ခု တည်းမှာ ပဲ မြင် တွေ့ ရ ပေမယ့် နောက် ပိုင်းမှာတော့ တခြား နိုင်ငံ ပေါင်း ၄၀ မှာ ပါ ဒီလို မျိုး LED မီး တွေ တပ်ဆက်သွားနိုင် ဖို့ Roosegaarde က စီစဉ် နေပါပြီ။
View this post on Instagram
#SHWEMOM