ကမ္ဘာကျော်တစ်ဦးဖြစ်ပေမယ့်လည်း နှိမ့်ချရိုးသားတဲ့စိတ်ထားနဲ့တွေ့ရတဲ့ မလေးရှားနိုင်ငံသား

Facebook/Lee Chong Wei

အခုလောက်ဆိုရင်တော့ အင်္ဂလန်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်ဟာ ဥရောပကို ပြန်ရောက်လို့နေပြီး သြဂုတ်(၉) ရက်နေ့မှာ စတင်မယ့် ရာသီပွဲစဉ်အသစ်တွေအတွက် ပြင်ဆင်လျက်ရှိနေပါပြီ။ မကြာသေးခင်ကတော့ မန်ယူအသင်းဟာ စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီး စင်္ကာပူအမျိုးသားဇာတ်ရုံမှာ သောင်းသောင်းဖြဖြ ကြိုဆိုနေခဲ့ကြတဲ့ မန်ယူပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မန်ယူစူပါစတားတွေနဲ့ တွေ့ဆုံပွဲကိုတော့ ပရိသတ်အများအပြားတက်ရောက်ခဲ့တဲ့အထဲ ထူးထူးခြားခြား အမျိုးသားပရိသတ်တစ်ဦးလည်း ပါပါတယ်။ မန်ယူစူပါစတားတွေရဲ့ ဆိုင်းလက်မှတ်ရဖို့နဲ့ သူတို့ကို တွေ့ရဖို့အရေး အဆိုပါအမျိုးသားဟာ စင်္ကြန်မှာ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

Facebook/Lee Chong Wei

ထိုအမျိုးသားပရိသတ်ကတော့ မလေးရှားနိုင်ငံသား Lee Chong Wei ပဲ ဖြစ်ပါတယ်။ Lee Chong Wei ဟာ လက်ရှိမှာ ကြက်တောင်ရိုက်အားကစားသမားဘ၀ကနေ အနားယူခဲ့ပေမယ့် တစ်ခေတ်တစ်ခါတုန်းကတော့ ကြက်တောင်ရိုက်အားကစားအရာမှာ အရှိန်အ၀ါကြီးခဲ့တဲ့သူပါ။ ရက်သတ္တပတ်ပေါင်း (၃၄၉) ပတ်ဆက်တိုက် ကမ္ဘာ့နံပတ်တစ်နေရာအဆင့်ထိ ချိတ်ခဲ့သူပါ။ ကြက်တောင်ရိုက် အားကစားသမိုင်းတစ်လျှောက် အကောင်းဆုံး ဂန္တ၀င်ကစားသမားအဖြစ်လည်း အားကစားဝါသနာရှင်တွေရဲ့ သတ်မှတ်ခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

READ
လေယာဉ်ပြေးလမ်း အဆုံးမှာ ဘီးချော်ပြီး ဂျက်လေယာဉ်တစ်စီး ထက်ပိုင်းကျိုးသွားခဲ့ရတဲ့အဖြစ်
Facebook/Lee Chong Wei

မန်ယူအားကစားသမားတွေနဲ့ တွေ့ဆုံရတဲ့အခါမှာလည်း Lee Chong Wei ဟာ သာမန်ပရိသတ်တစ်ယောက်လိုမျိုးပဲ မန်ယူအသင်းကို နှုတ်ဆက်ခဲ့တာပါ။ ပရိသတ်တွေဟာ သူတို့ idol ပုဂ္ဂိုလ်တွေကို မြင်ရတဲ့အခါ ပျော်သလိုမျိုး ပျော်ရတဲ့အပျော်ကို နာမည်ကျော် ကြက်တောင်အားကစားသမားကြီးဆီမှာလည်း တွေ့ရပါတယ်။

Facebook/Lee Chong Wei

Lee Chong Wei ဟာ Marcus Rashford ကို အရမ်းချစ်ခင်နှစ်သက်တဲ့ပုံနဲ့ စူးစိုက်ကြည့်နေတာကိုလည်း တွေ့ရပါတယ်။ ပြောမယ်ဆိုရင် (၂၀၀၃) ခုနှစ် Lee တစ်ယောက် ပထမဆုံးကြက်တောင်ပရိုဖက်ရှင်နယ် ဖြစ်လာချိန်မှာ Rashford ဟာ အသက်(၆) နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် Lee ဟာ တစ်ချိန်က သူလည်း နာမည်ကြီးခဲ့ဖူးတဲ့သူတစ်ယောက်ဆိုပြီး ဟိတ်ဟန်ကြီးမနေပဲ ကိုယ့်ထက်ငယ်သူကိုတောင် တလေးတစားနဲ့ အားပေးခဲ့တာကို တွေ့မြင်ရပါတယ်။ Lee ဟာ မန်ယူအသင်းသားတွေနဲ့ အတူရိုက်ယူထားတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါသေးတယ်။ Lee ဟာ (၂၀၁၈) ခုနှစ် စက်တင်ဘာလမှာ နှာခေါင်းကင်ဆာရှိနေမှန်းသိရှိရတာကြောင့် သူ့ပရိသတ်တွေကတော့ Lee ကျန်းမာရေးကောင်းမွန်ဖို့ တောင်းဆုခြွေနေကြောင်း asiaone သတင်းအရ သိရပါတယ်။

Great win for United and awesome atmosphere at Singapore!What a finish from Greenwood despite his tender age . Met up…

Posted by Lee Chong Wei 李宗伟 on Sunday, 21 July 2019

လင်းလင်း (ShweMom)

SHARE