Seo Moonjoလို ဇာတ်ကောင်မျိုး လက်တွေ့ဘဝမှာမရှိစေချင်ဘူးဆိုတဲ့ Lee Dongwook

facebook.com.ocn/kstarlive

Lee Dongwook ကတော့ “Strangers from Hell” ဇာတ်လမ်းတွဲထဲမှာSeo Moonjo ဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ Seo Moonjo ဇာတ်ကောင်နဲ့ ပတ်သတ်ပြီး အင်တာဗျူးတစ်ခုပြုလုပ်ခဲ့တဲ့အခါမှာတော့ Lee Dongwook  က Seo Moonjo  ဇာတ်ကောင်ကြောင့် ပင်ပန်းတာမျိုးတော့ မခံစားခဲ့ရပါဘူးလို့ ပြောခဲ့ပါတယ်။

facebook.com.ocn
facebook.com.ocn

“Seo Moonjoဆိုတာ လက်တွေ့ဘဝမှာ ဘယ်တော့မှ မရှိသင့်တဲ့ ဇာတ်ကောင်ပါ။ အဒါကြောင့် လူတွေက သူလို့မျိုး ပြုမှုနေထိုင်လို့ မဖြစ်ဖူးဆိုတာ နားလည်အောင်လို့ ကျွန်တော် အဲဒီကာရိုက်တာရဲ့ ပုံစံကို လူတွေကို ပိုပြီးတော့ပြချင်ခဲ့တယ်။” လို့ Lee Dongwook ကပြောပြခဲ့ပါတယ်။

kstarlive

Lee Dongwook ကတော့ သူရဲ့ ဒရာမာကို ကြည့်ရှုကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းလည်းပြောထားပြီး “Strangers from Hell” ကို သိပ်မကြိုက်ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ အင်တာဗျူးမှာပြောထားပါတယ်။ ပရိသတ်တွေရော “Strangers from Hell” ကို ကြည့်နေကြရဲ့လား။

READ
Fashion Magazine အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ မေရတီဇော်
kstarlive

Source:kstarlive

SHARE