ကိုးရီးယား အနုပညာရှင် Lee Hi က သူမဘာလို့ Korea – American hip–hop အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Jay Park ဦးဆောင်တဲ့ AOMG အေဂျင်စီကို join ခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။ Lee Hi ကို ဖက်ရှင် မဂ္ဂဇင်း ELLE အတွက် အင်တာဗျူးလုပ်ခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။
အဲဒီ့အင်တာဗျူးမှာ Lee Hi က သူမ YG Entertainment ကနေ ထွက်ခွါပြီးနောက်မှာ AOMG က ပထမဆုံး စာချုပ်ချုပ်ဖြစ်ခဲ့တဲ့ အေဂျင်စီဖြစ်လာတဲ့ အကြောင်းကို ခုလို ပြောပြခဲ့ပါတယ် “ တစ်ခြား အေဂျင်စီတွေက ကမ်းလှမ်းကြပေမယ့် AOMG နဲ့မှ ပထမဆုံး စာချုပ်ချုပ်ဖြစ်တာပါ AOMG ရဲ့ CEO တွေဖြစ်ကြတဲ့ Pumpkin နဲ့ Code Kunst နဲ့တွေ့တဲ့အခါမှာ ပျော်ရွှင်ရတယ်လို့ ထင်ပါတယ်” ဆိုပြီး သူမရဲ့ အတွေးကို ပြောခဲ့ပါတယ်။
View this post on Instagram
[이하이 (LEE HI)] ELLE KOREA 엘르 코리아 8월호 ㅤ – @leehi_hi #이하이 #LEEHI @ellekorea #엘르코리아 #ELLEKOREA #AOMG
“ AOMG ကို ကြိုက်မိတဲ့အချက်က အေဂျင်စီရဲ့ CEO Jay Park ကိုယ်တိုင်က အနုပညာရှင် တစ်ယောက်ဖြစ်နေလို့ပါပဲ နောက်ပြီး သူက အေဂျင်စီရဲ့ အနုပညာရှင်တွေကို အမြဲတမ်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်တဲ့ သူတစ်ယောက်ဆိုတာကိုတော့ အားလုံး သိပြီးသားဖြစ်မှာပါ”
နောက်ပြီး သူမက ပြုံးပြီးတော့ “ ကျွန်မမှာ ဘာရွေးချယ်ခွင့်မှတော့ မရှိပါဘူး ဒါပေမယ့် နောက်ဆုံးမှာတော့ အေဂျင်စီတွေ အားလုံးထဲက AOMG ကို ရွေးချယ်ဖြစ်လိုက်တာပါပဲ AOMG နဲ့ အတူ အလုပ်လုပ်ရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်” ဆိုပြီး သူမရဲ့ အမြင်ကို ပြောပြသွားပါတယ်။
Lee Hi ဟာ YG Entertainment ရဲ့ ဦးဆောင်မှုနဲ့အတူ single album ‘1,2,3,4’ အခွေနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ YG Entertainment နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် AOMG နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
Khin