Sexy ဘုရင်မ Lee Hyori ရဲ့နောက်ဆုံးရိုက်ကူးထားတဲ့ပုံများ

Sexy ဘုရင်မ Lee Hyori ရဲ့ Marie Claire Magazine အတွက်ရိုက်ကူးပေးထားတဲ့ပုံများဟာ အရင်ကထက်​ပိုဆွဲဆောင်မှုကောင်းတဲ့ပုံများအဖြစ်ထွက်ရှိလို့လာခဲ့ပါတယ်။ အဝတ်အစားပိုင်းအနေနဲ့​ သူမရဲ့ကြေးညိုရောင်အသားရည်နဲ့အပြိုင်အဖြူရောင်ဇာထည်ကိုဝတ်ဆင်ထားပါတယ်။
သူမဟာ ပုံတွေအမိုက်စားဖြစ်စေဖို့ Body Structure ပိုင်းအတွက်​Yoga ကျင့်စဉ်များကျင့်ခဲ့တယ်လို့ဆိုပါတယ်။

အသက်​၃၈ နှစ်ရှိပြီဖြစ်တဲ့​Lee Hyori ဟာအရင်တုန်းကလိုSexyကျမြဲကျနေဆဲဆိုတာဒီပုံတွေကသက်သေပြလို့နေပါတယ်။တစ်ဆက်တည်းမှာပဲ ဇွန်လပိုင်းလောက်မှာထုတ်လွှင့်​ပြသမယ့် Hyori ရဲ့ဘဝ၊ မိသားစုအကြောင်းတင်ဆက်ထားတဲ့ “Hyori’s Guesthouse” အစီအစဉ်ကိုလည်းပရိတ်သတ်တွေကရင်ခုန်စွာစောင့်စားလျက်ရှိကြောင်းသိရှိရပါတယ်။

Grinny (shwemom)
Source: Dispatch

SHARE