ခပ်မိုက်မိုက်ဖက်ရှင်တွေနဲ့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ Lee Joo-young

IG/i_icaruswalks

Itaewon Class ဇာတ်လမ်း ပြီးသွားပေမယ့် သရုပ်ဆောင်တွေကိုတော့ မှတ်မိကြဦးမယ် ထင်ပါတယ်။ Itaewon Class ဇာတ်လမ်းတွဲမှာ စားဖိုမှူး မာဟွန်းရီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lee Joo-young ကတော့ မကြာသေးခင်ကပဲ ရုပ်ရှင်ကားအသစ် ရိုက်ကူးပြီးခဲ့သလို မဂ္ဂဇင်း ဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ပါတယ်။

https://www.instagram.com/p/CBhN4_MAU6p/

Elle မဂ္ဂဇင်းအတွက် ရိုက်ကူးရေးမှာ သူမရဲ့ဖက်ရှင်ကတော့ မိမိုက်လို့ နေပါတယ်။ Baseball ကစားသမားပုံစံနဲ့ ဖက်ရှင် ဖန်တီးထားပုံမှာ သူမရဲ့ မကြာသေးခင်ကပဲ ပြသခဲ့တဲ့ ရုပ်ရှင်ကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။ အခုလို မိန်းကလေးဆန်တဲ့ ပုံရိပ်ထက်ပိုတဲ့ ခပ်မိုက်မိုက် ကောင်မလေးပုံစံကလည်း သူနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

View this post on Instagram

D-12🧢 #야구소녀 #주수인

A post shared by 이주영 (@i_icaruswalks) on

Lee Joo-young မကြာသေးခင်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Baseball Girl ဖြစ်ပါတယ်။ ဇွန်လ ၁၈ ရက်နေ့ကပဲ ရုပ်ရှင်ရုံတွေမှာ ဒီရုပ်ရှင်ကို စတင် ပြသခဲ့ကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ အမျိုးသမီးဘေ့စ်ဘောကစားသမား တစ်ဦးရဲ့ အင်တာဗျူးကို ကြည့်ရှုပြီး ဒီလို အမျိုးသမီး ဘေ့စ်ဘောကစားသမားအကြောင်းကို ရိုက်ကူးဖို့ စိတ်ကူးရခဲ့ပြီး ရိုက်ခဲ့တာ ဖြစ်ပါတယ်။ Lee Joo-young က ဒီဇာတ်လမ်းမှာလည်း ဇာတ်ဆောင်ပုံစံနဲ့ လိုက်ဖက်အောင်ကို သရုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

READ
အသက်တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ မိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူ

ဆက်လက်ပြီး အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Kham

SHARE