ဟောင်ကောင်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဟာသမင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Lee Kin-yan ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြမှာပါ။ နာမည်ကြားဖူးရင် ရုတ်တရက် မသိနိုင်ပေမယ့် လူမြင်ရင်တော့ လူတိုင်းလိုလိ မှတ်မိကြမှာပါ။ Lee Kin-yan ဟာ ဟောင်ကောင်ရုပ်ရှင်လောကကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ငိပ်မကြာခင်မှာတော့ သူ့ရဲ့ ကျန်းမားရေးအခြေအနေကြောင့် ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အဲဒါကတော့ Lee Kin-yan ဟာ ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်တဲ့ ဝေဒနာကို ခံစားနေရတာပဲဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်ကပုံအရဆိုရင်တော့ Lee Kin-yan ကိုဘယ်သူလဲဆိုတော့ ပရိသတ် တော်တော်များများ သိရှိကြမှာပါပဲ။ Lee Kin-yan ဟာ များသောအားဖြင့် ဟောင်ကောင်ရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်သူ စတီဖင်ချောင်ရိုက်တဲ့ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ဟာသမင်းသားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Lee Kin-yan ဟာ စတီဖင်ချောင်ရိုက်ကူးတဲ့ ဇာတ်ကားတော်တော်များများရဲ့ နှာခေါင်းနှိုက်တဲ့ အခန်းမှာပဲ များသောအားဖြင့် သရုပ်ဆောင်လေ့ ရှိတဲ့ မင်းသားကြီးတစ်ယောက်ပါ။ Lee Kin-yan ဟာ ဒီ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ပရိသတ်မြင်ကွင်းကနေ ပျောက်သွားခဲ့ပြီး မကြာသေးခင်ရက်ပိုင်းတုန်းကပဲ Weibo အကောင့်ကနေပြီး သူဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လလောက်ကတည်းက ခန္ဓာကိုယ် ဘယ်ဖက်အခြမ်း လေဖြတ်တဲ့ ဝေဒနာကို ခံစားခဲ့ရတာကြောင့် အခုလို ပျောက်နေရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

“လေဖြတ်တော့ လူက ဘာမှလည်း မလုပ်နိုင်ဘူးလေ။ တစ်နေကုန် အိပ်ရယထဲမှာပဲ အချိန်ကုန်နေရတာပါ။ ဒီကြားထဲမှာတော့ ဆေးတွေသောက်လိုက်၊ လေ့ကျင့်ခန်းတွေ လုပ်လိုက်နဲ့ပဲ လူကောင်းတစ်ယောက်လိုဖြစ်အောင် တော်တော်လေး ကြိုးစားခဲ့ရတာပါ။ အခုတော့ တော်တော်လေးကို ပြန်သက်သာလာပါပြီ။ အရှင်းကြီးတော့ မပျောက်သေးပါဘူး။ ဒီရောဂါပျောက်တာနဲ့ ကျွန်တော် ရုပ်ရှင်လောကထဲကို တစ်ကျော့ပြန်ဝင်လာမှာပါ”လို့ Lee Kin-yan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw