ပရိသတ်တွေကို နှုတ်ဆက်နေတုန်း ခဲနဲ့အပေါက်ခံလိုက်ရတဲ့ လီမင်ဟို

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်မင်းသားလီမင်ဟို တစ်ယောက် စစ်မှု မထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းနေပါတယ်။တာဝန်ထမ်းဆောင်နေတဲ့ လီမင်ဟိုတစ်ယောက် အလုပ်ကနေ အိမ်ကို ပြန်လာစဉ်မှာ ခဲနဲ့ပစ်ပေါက်တာကို ခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်ကတော့ သြဂုတ်လ(၇)ရက်နေ့က ဖြစ်ခဲ့ပါတယ်။လီမင်ဟို ဟာ လက်တလောမှာတော့  Suseo Social Welfare Center မှာ လူမှု ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ပရိ သတ် တွေကလည်း လီမင်ဟိုရဲ့ အပြန်ကို အဆောက်အအုံ အပြင် ဘက်မှာ စောင့်ဆိုင်းနေခဲ့ပါတ ယ်။လီမင်ဟိုကို နှုတ်ဆက်ဖို့နဲ့ တချို့ကလည်း လက်ဆောင်တွေ ပေးဖို့ စောင့်နေတာပါ။

လီမင်ဟိုကလည်း သူ့ကိုတွေ့ချင်လို့ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင် ပြန်ပြီးတော့ နှုတ်ဆက်နေချိန်မှာပဲ တစ်စုံတစ်ယောက်က ပစ်လိုက်တဲ့ ခဲလုံးလို အရာဝတ္ထု တစ်ခု လီမင်ဟို့ ဆီကို ပစ်ပေါက်လိုက်တာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

READ
နန်းဆန်နေတဲ့ ဇေရဲထက်ကို လိုက်စနေတဲ့ အောင်လေး

ကားထဲကို ၀င်ခါနီး ပရိသတ်တွေနဲ့ နှုတ်ဆက်နေချိန်လေးမှာ ဖြစ်သွားခဲ့တာပါ။ကံကောင်းစွာနဲ့ပဲ လီမင်ဟိုက ရှောင်လိုက်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ ချက်ချင်းဆိုသလို အွန်လိုင်းပေါ်မှာ ပျံ့သွားပြီး လီမင်ဟိုရဲ့ FANS တွေကတော့ ဒေါပွနေကြပါတယ်။လီမင်ဟိုရဲ့ စစ်မှုထမ်းကာလဟာ (၂၀၁၉) မေကျမှ ပြီးဆုံးမှာဖြစ်ပါတယ်။မင်ဟိုရဲ့ fans တွေကတော့ သူတို့ချစ်တဲ့ မင်းသားရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Source thedupori

SHARE