မွေးနေ့လက်ဆောင်တွေကြောင့် အရမ်းတွေ ပျော်ရွှင်နေတဲ့ လီမင်ဟို

Instagram- @actorleeminho

Boys Over Flower ထဲက ဂျွူန်ဖြိုးအဖြစ် နာမည်ကြီးလာခဲ့တဲ့ Lee Min Ho ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာတော့ အသက် ၃၃ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Lee Min Ho ဆိုရင်ဘယ်လိုဇာတ်ရုပ်၊ ဘယ်လိုဇာတ်အိမ်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပြီးခန့်ညားလှတဲ့ Lee Min Ho ဟာ အသက် ၃၀ ကျော်အရွယ်လို့တောင် အခုချိန်ထိ ထင်ရက်စရာမရှိသေးပါဘူး။ ချစ်သူခင်သူတွေနဲ့ fan ပေါများလှတဲ့ Lee Min Ho ဖို့ မွေးနေ့ရောက်တိုင်း လက်ဆောင်တွေဆိုတာ နည်းမှာကိုမဟုတ်ပါဘူး။

Instagram- @actorleeminho

အခုလည်း သူ့မွေးနေ့မှာ fan တွေရော အသိမိတ်ဆွေတွေရောကပါ ဂရုတစိုက် အမှတ်တရအနေနဲ့ပို့ပေးခဲ့တဲ့ လက်ဆောင်တွေအားလုံးကို သူ့ရဲ့ လူမှုကွန်ယက်တွေမှာ ထုတ်ကြွားလာခဲ့ပါတယ်။ ပုံထဲမှာကြည့်မယ်ဆိုရင် လက်ဆောင်ပစ္စည်းထုပ်တွေအပြင် ပန်းစည်းတွေနဲ့ ကိတ်မုန့်တွေပါ အခန်းကြီးတစ်ခန်းလုံးပြည့်လုမတတ် ပုံအောနေတာကိုတွေ့ရမှာပါ။

ဒီလက်ဆောင်ပုံတွေကြားထဲ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ပျော်ပါးနေတဲ့ Lee Min Ho ဟာ မွေးနေ့ကိုဆုတောင်းပေးတဲ့လူတွေကိုရော၊ လက်ဆောင်ပို့ပေးတဲ့လူတွေကိုရောကိုပါ ကျေးဖူးတင်ပါတယ်ဆိုပြီး ကျေးဇူးစကားလည်း သတိတရပြောခဲ့ပါသေးတယ်။

View this post on Instagram

내년엔 기필코 저 촛불을 끄겠어

A post shared by 이민호 leeminho (@actorleeminho) on

လက်ရှိမှာတော့ Lee Min Ho ပါဝင်ထားပြီး Kim Go-eun နဲ့ Jung Eun-chae မင်းသမီးနှစ်လက်နဲ့ ပါဝင်ထားတဲ့ The KingEternal Monarch ကို tvN နဲ့ Netflix တို့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

Penny

SHARE