Caption အလန်းကြီးတွေ ရေးတတ်လို့ ပရိသတ်တွေ အချစ်ပိုနေတဲ့ Lee Min Jung

IG/216jung

သရုပ်ဆောင် Lee Min Jung ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က နာမည်ကြီး ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Boys Over Flowers မှာ နာမည်ကြီးခဲ့တဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက Boys Over Flowers ဇာတ်လမ်းထဲကလိုပဲ ချစ်စရာကောင်းနေတယ်လို့ koreaboo ကနေ သူမ အကြောင်းကို ဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

몇달만에 셀카…..근데 내 핸드폰 키티와 공룡스티커 ㅋㅋㅋ

A post shared by MJ (@216jung) on

သရုပ်ဆောင် Lee Min Jung ကတော့ လက်ရှိ သူမရိုက်ကူးထားတဲ့ KBS ရုပ်သံဇာတ်လမ်းတွဲ Once Again ကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေပါတယ်။ ဒါပေမယ့် သူမရဲ့ လူမှုကွန်ယက်မှာ ပုံတွေ တင်တဲ့အခါ Caption ပေးတာက သိပ်ကို မိုက်နေလို့လည်း ပရိသတ်တွေက ချစ်နေကြပါတယ်။ ရယ်မောစရာတွေလည်း ဖြစ်နေသလို ပုံတွေကို ပိုပေါ်လွင်အောင် Caption ပေးတာ အရမ်းတော်လို့ ပရိသတ်တွေက အရမ်း သဘောကျနေတာ ဖြစ်ပါတယ်။

READ
လေယာဉ်ပျက်ကျတဲ့အထဲမှာ ပါဝင်သွားပြီး အသက်အန္တရာယ်ကြုံလုနီးပါးဖြစ်ခဲ့တဲ့ နေမင်း

 

သူမရဲ့ Caption အလန်းစားတွေကြောင့် သူမက ဘယ်လိုပုံစံ နေတတ်တယ်ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။ သူမရဲ့ ပွင့်ပွင့်လင်လင်းဟန်ကို ပေါ်လွင်နေတာမို့ ပရိသတ်တွေက အချစ်ပိုမိကြတာ ဖြစ်ပါတယ်။

သူမကတော့ တစ်ခါကဆိုရင် ကျောပြောင်အင်္ကျီဝတ်ထားတဲ့ပုံကို တင်တဲ့အခါမှာ ကျောပြောင်အင်္ကျီ ဝတ်ထားတာ ဆိုပေမယ့် ဒီရာသီဥတုမှာ ကျောပေါ် ဆံပင်ချထားရတာမို့ ချွေးတွေပါ ထွက်နေရော ဆိုပြီး ရွှတ်နောက်နောက် ရေးခဲ့ပါတယ်။

READ
ဒါရိုက်တာ Benny Chan အတွက် ၀မ်းနည်းပူဆွေးခဲ့ကြတဲ့ အနုပညာရှင်များ

 

 

View this post on Instagram

 

#리엔케이 찍을땐가봉가…. 현재날씨 머리 푸르면 등이덥다 ㅋㅋ

A post shared by MJ (@216jung) on

တစ်ခါကျတော့ သူမ ရယ်နေတဲ့ ပုံမှာ ဘာလို့ ဂျိုကာလို ငါ ရယ်မိနေတာပါလိမ့်လို့ ရေးခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

저 왜 조커같이 웃고있나요? #YCH #2018heraseoulfashionweek

A post shared by MJ (@216jung) on

ချစ်ဖို့ကောင်းတဲ့ သူလေး အခုလို ကာလမှာလည်း ပျော်ရွှင်ကျန်းမာနေဖို့ မျှော်လင့်ပါတယ်နော်။

Kham

SHARE