Suzy နဲ့ Joile ကို နှိုင်းယှဉ် ချီးကျူးလိုက်တဲ့ Lee Seung Gi

Image:twitter/ @baesuzybar & @ajolieph

Vagabond ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲကတေ့ ပရိသတ်တွေကြားမှာ လက်တလော အရမ်းကို ရေပန်းစား နေပါတယ်။ဒီဇာတ်ကားလေးက တော့ အက်ရှင်ဇာတ်ကားလေးပါ။လေယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်ကြောင့် တူဖြစ်သူကို ဆုံးရှုံး ခဲ့ရတဲ့ Lee Seung Gi  က ဒီကိစ္စဟာ မတော်တဆ မဟုတ်ပဲ လုပ်ကြံမှုဆိုတာကို သိလိုက်ရပြီးနောက် တရားခံ ကို ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားတဲ့ အကြောင်းလေးပါ။ဒီဇာတ်ကားထဲမှာတော့ ဇာတ်ကားတစ်ခုလုံးနီးပါးမှာ Suzy နဲ့  Lee Seung Gi  တို့ရဲ့ အက်ရှင် ပြကွက် အမိုက်စားတွေကို တွေ့ရမှာပါ။

Image:IG/Lee Seung Gi
Image:twitter/ @baesuzybar

Suzy ကတော့ ဒီဇာတ်ကားမှာ ထောက်လှမ်းရေးအေးဂျင့် အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာတော့ အန္တရာယ်တွေ ၀ိုင်းနေတဲ့ Lee Seung Gi  ကို Suzy က လွတ်မြောက် အောင် ကြိုးစားပေးခဲ့ပါတယ်။Vagabond မှာ ကြိုးကြိုးစားစားသရုပ်ဆောင်ခဲ့တဲ့ Suzy ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ Lee Seung Gi  က  ကမ္ဘာကျော် ဟော လိဝုဒ်မင်းသမီး Angelina Joile နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးပြောဆိုခဲ့ပါတယ်။

READ
ပုရွက်ဆိတ်ခါး ပိုင်ရှင်တွေလို့ နာမည်ကြီးတဲ့ မင်းသမီး(၅)ယောက်
Image:twitter/@ajolieph
Image:twitter/ @baesuzybar

Suzy ရဲ့ သရုပ်ဆောင်ချက် တွေ ကို မြင်ရတော့ ဟောလိဝုဒ်မင်းသမီး  Jolie ကို မြင်ယောင် သတိရမိတယ် လို့ ပြောခဲ့ပါတယ်။”Suzy ကို မြင်ရတော့Angelina Jolie ကို သတိရမိသွားတယ်။သေနတ်ပစ်တဲ့ အခန်းရိုက်နေရင် မျက်လုံး မှိတ် သွားမှာကို စိတ်ပူတယ်လို့ Suzy က အစက ကျတော့်ကို ပြောတယ်။ဒါပေမယ့် တကယ်လဲ ရိုက်ရော Suzy ရဲ့ အကြည့်တွေက လုံးဝ Strong ဖြစ်နေတယ်…” ဆိုပြီး ချီးကျူးခဲ့ပါတယ်။

Image:twitter/ @baesuzybar & @ajolieph

 

View this post on Instagram

 

달건해리 만나기 D-2#배가본드

A post shared by 이승기 Leeseunggi (@leeseunggi.official) on

Image:twitter/ @baesuzybar

Suzy ကတော့ ဒီဇာတ်ကောင်နဲ့ ပတ်သက်ပြီး အခုလို အက်ရှင် Scene တွေကို ရိုက်ချင်နေခဲ့တာဖြစ်ပြီး ဒီ့ထက်လဲ ပိုလုပ်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။” ကျမ နဲ့ ဒါနဲ့ လိုက်တယ်ဆိုတာကို သိသွားတယ်။ဒါကိုရိုက်ပြီးတော့ အက်ရှင် scene တွေကို ဒီ့ထက် ပိုရိုက်ချင်လာတယ်..’ ဆိုပြီး ပြောခဲ့ပါတယ်။ဒါရိုက်တာကပါ ” Suzy က အက်ရှင် Scene တွေကို  ကောင်းကောင်း ရိုက်နိုင်တယ်။စတန့် Team ကတောင်မှ  Suzy ကို လူသစ် ငှားချင်လာတယ်…” ဆိုပြီး ပြောခဲ့ပါတယ်။

 

View this post on Instagram

 

😏🍽

A post shared by 숮이 💄💅👡👠🎀👙🌂👗🌂🎀💋💌 (@skuukzky) on

Image:twitter/ @baesuzybar

Source:Koreaboo

SHARE