နုပျိုခြင်းရဲ့ နတ်ဖုရားမ ဆိုပြီး နာမည်ကြီးနေတဲ့ သွားဆရာဝန်မလေး

Image:IG/Lee Su Jin

အရွယ်နဲ့ မလိုက် အောင်နုပျိုလွန်းတဲ့ အမျိုးသမီးတွေ အများကြီး ကို မြင်ဖူးခဲ့ ပေမယ့် ဒီ တစ်ယော က်က တော့ သူမ ရဲ့ အသက်အမှန်ကို မှန် အောင် ခန့်မှန်းနိုင်ဖို့ မလွယ်တဲ့ အထိ နုလွန်းနေတာပါ။ မယုံနိုင် လောက်အောင်ကို နုလွန်းနေ တာပါ။သူမရဲ့ တကယ့်အသက် နဲ့ လက်ရှိ ရုပ် ရည်ဆိုတာ ကို ဘယ်သူမှ ဆက်စပ်ပြီး မခန့်မှန်းနိုင် လောက်အောင်ကို နုနေပါတယ်။နာမည်ကတော့ Lee Su Jin ဖြစ်ပြီး တောင်ကိုရီးယားက သွားဆရာဝန် တစ်ယောက်ပါ။အရွယ်နဲ့ မလိုက် အောင် နုလွန်းသူ ဆိုပြီး (၂၀၁၆)က စပြီး နာမည်ကြီးလာခဲ့သူပါ။ဒီ အကြောင်းကိုတော့ Oddity Central  မှာ ဖော်ပြထားတာပါ။

Image:IG/Lee Su Jin

သူမရဲ့ တကယ့် အသက် အမှန်က တော့ (၅၁)နှစ်ပါ။(၂၀၁၆)သူမ အသက် (၄၈)နှစ်တည်းက အာရှက ဆိုရှယ် မီဒီယာ ပေါ်မှာ အရွယ်နဲ့ မလိုက် အောင်နုလွန်းသူ ဆိုပြီး နာမည်ကြီးလာခဲ့တာပါ။အရင် (၄၈)တုန်းက နု နေ တော့ အခု (၅၁)နှစ်မှာ လည်း အရင်ကအတိုင်း နုပျို မြဲ နုပျိုစဲ ပါ။သူမဘာကြောင့် ဒီလောက် ထိ နု နေလဲ ဆိုတာကိုတော့ ‘Same Bed, Different Dreams’  ဆိုတဲ့ TV Show မှာ ပါဝင်ခဲ့ဖူးပါတယ်။

Image:IG/Lee Su Jin

လူတွေ က နုလိုက်တာ ဆိုပြီး ချီးကျူး ခံရတာ များလာတာနဲ့ အမျှ IG မှာ ပုံတွေကို တင်ပြီး တင်လာတဲ သူမကို သမီးဖြစ်သူက ပုံတင် တာတွေ ရပ်ဖို့ တောင်း ဆိုခဲ့ရပါတယ်။အ မေ တော့ Selfie ရိုက်ရတာ စွဲ နေပြီလို့ တောင် သမီးဆီက အ ပြောခံခဲ့ရဖူးပါတယ်။ဒါ ပေမယ့် အခုဆိုရင်တော့ Lee Su Jin ရဲ့ IG ပုံတွေမှာ သမီးဖြစ်သူလည်း ပါဝင်လာခဲ့ပါပြီ။

 

View this post on Instagram

 

A post shared by 이수진 LEESUJIN (@sjeuro) on

သမီးဖြစ်သူနဲ့ အတူတူ ပုံတွေ တွဲတင်တဲ့ အခါမှာ တော့ အ မေနဲ့ သမီးလို့ လုံးဝ ကို ထင်ရက်စရာ မရှိပဲ နုလွန်းတဲ့  အမေနဲ့ သမီးက ညီအစ်မ တွေ လို ဖြစ်နေပါတယ်။(၅၁)နှစ်ဖြစ်သွားလဲ အရင်လိုပဲ နုပျိုစဲ မို့ သမီးဖြစ်သူနဲ့ အတူသွား ရင် ညီအစ်မ ဆိုပြီး မကြာခဏ အထင် မှားခံရတယ်လို့ Lee Su Jin က ပြောပါတယ်။Lee Su Jin အရမ်း နု နေ တာ ဟာ ကိုရီးယားက မို့ ဆာဂျရီ အစွမ်း နဲ့ နု နေတာ ဆိုပြီး ပြောဆိုတာမျိုးတွေနဲ့လညး မကြာခဏ ကြုံ ဖူးပါတယ်။ Lee Su Jin က တော့ သူမရဲ့ ဘ၀မှာ တစ်ခါမှာ ပလတ်စတစ်ဆာဂျရီ မလုပ်ဖူးပါဘူး လို့ Zing News နဲ့ အင်တာဗျူး မှာ ဖြေခဲ့ဖူးပါတယ်။အခုလို နု နေတာ ဟာ ဆာဂျရီ အစွမ်း ကြောင့် မဟုတ်ပဲ သူမရဲ့ လူနေမှု ပုံစံ ကြောင့် ပါလို့ ပြောခဲ့ပါတယ်။

READ
ထူးထူးဆန်းဆန်း လည်ပင်း၊ လက်မောင်း၊ ခြေထောက်တွေထဲမှာ သံချောင်းတွေရောက်နေတဲ့သူ
Image:IG/Lee Su Jin

ရုပ်တင်နုတာ လားဆိုရင်တော့ မဟုတ်ပါဘူး။Body ကလည်း ကျစ်လစ်လှပ တဲ့ Body အချိုးအစား မျိုးပါ။အခုလို  (၅၀) ကျော်တဲ့ အထိ နုနေ အောင် လူနေမှု ပုံစံကို မျှတ အောင် နေထိုင်ပြီး အ ကောင်းမြင်စိတ် မွေး သလို Skin Ca re ကိုတော့ ဂရုစိုက် လုပ်တယ်လို့ ဆိုပါတယ်။Body အလှအပ အတွက် ကတော့ အစားကို အများကြီး မစား  သလို ၊တစ်နေ့ကို (၈)နာရီ ပုံမှန် အိပ် ကြောင်း၊Gym ကိုလည်း သွားတယ်လို့ ဆိုပါတယ်။မကြာ သေးမီ တုန်းက သူမရဲ့ IG မှာ (1992)တုန်းက ပုံကို တင်ခဲ့ပါတယ်။အဲ့ဒီပုံမှာလည်း ငယ်တော့လဲ ငယ်တုန်းက အ လျောက် နု ပြီး လှ နေတာကို တွေ့ရမှာပါ။အရွယ်နဲ့ မလိုက် အောင်နု နေတဲ့ အမျိုးသမီး က တော့ သူ တစ်ယောက်တည်း တော့ မဟုတ်ပါဘူး။

READ
မင်္ဂလာဆောင်ပြီး နာရီပိုင်းအကြာမှာ ဦးနှောက်အမြှေးရောင်ဖြစ်ပြီး သေဆုံးခဲ့တဲ့အမျိုးသမီး
Image:IG/Lee Su Jin

Risa Hirako ဆိုတဲ့ ဂျပန် မော်ဒယ် ကလည်း အသက် (၄၉)နှစ်ပါ။

Chuando Tan ဆိုတဲ့ ဓါတ်ပံဆရာ ဘ၀ က နေ မော်ဒယ် ဘ၀ကို ရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ကလည်း (၅၃)ပါ။

SHARE