Jo Hye Jungကိုမ​လေး​မ​စားဆက်​ဆံမိသလိုဖြစ်​သွားလို့​တောင်းပန်​လိုက်​တဲ့ Lee Sung Kyung

Weightlifting Fairy Kim Bok Joo ဇာတ်​လမ်းရဲ့ ဇာတ်​​ပို့တစ်​ဦးဖြစ်​တဲ့ Jo Hye Jung (Nan Hee) ကိုစိတ်​ဝမ်းကွဲ​သလိုဖြစ်​​စေတဲ့ အပြုအမူ​တွေ​အတွက်​တောင်းပန်​​ကြောင်း​Lee Sung Kyung ကပြောခဲ့ပါတယ်​။ ဖြစ်​ပုံကဒီလိုပါ။ Weightlifting Fairy ရဲ့ ပွဲတစ်​ခုမှာ Hye Jung က Instagram က​နေ Live လွှင့်​ခဲ့ပါတယ်​။ သိပ်​မကြာမီမှာပဲ Sung Kyung ကလည်း Live လွှင့်ခဲ့​ပါတယ်​။အဲ့အချိန်​မှာပဲ Sung Kyung ရဲ့ Live မှာ သူတို့ဇာတ်​လမ်းရိုက်​ကူး​ရေး အဖွဲ့ဝင်​တစ်​ဦးက Sung Kyung ရဲ့ Live ကို ကြည့်​ရှုသူ ၂၅၀၀၀ ​ကျော်​​နေချိန်​မှာ  Hye Jung က​တော့ ကြည့်​ရှုသူ ၁၁၁၂ ​ယောက်​သာ​ရှိ​သေးတယ်​လို့ Comment ​ပေးခဲ့ပါတယ်​။ အဲ့ comment ကို Sung Kyung က “ဘာလို့အဲ့​လောက်​​တောင်​အထင်​​သေးရတာတာလဲ” ဆိုပြီးပြန်​တုန့်​ပြန်​လိုက်​တာဟာ Hye Jung ကို​သွားထိခိုက်​သလိုဖြစ်​သွားပါတယ်​။ ဒါ့​ကြောင့်​ပရိတ်​သတ်​​တွေက Sung Kyung ဟာ လူ​တွေအာရုံစိုက်​မှုကိုခံချင်​သူဖြစ်​​ကြောင်း မှတ်​ချက်​​ပေးခဲ့ကြပါတယ်​။ဒါ​ပေမဲ့ Sung Kyung က​သေချာကှင်းပြပြီး ​တောင်းပန်​လိုက်​တာ​ကြောင့်​ ပရိတ်​သတ်​​တွေနဲ့ သရုပ်​​ဆောင်​နှစ်​ဦးကြားက နားလည်​မှုလွဲမှု​တွေ ​ပျောက်​ပျက်​သွားပါတယ်​။ Sung Kyung ​က အရင်​ဆုံး “ကျမတို့ဟာ Weightlifting Fairy ထဲက Bok Joo နဲ့ Nan Hee လိုပဲ အပြင်​မှာလည်းသူငယ်​ချင်း​တွေပါ။နှစ်​​ယောက်​အတူ ​ပျော်​စရာအမှတ်​တရ​တွေလည်းအများကြီးရှိခဲ့ပါတယ်​။ကျမ Hye Jung ကိုမုန်းစရာအ​ကြောင်းမရှိဘူးဆိုတာ ဒီဇာတ်​လမ်းကိုကြည့်​ဖူးတဲ့သူတိုင်းသိမှာပါ” လို့ရှင်းပြခဲ့ပါတယ်​။
သူမရဲ့ Live ဟာ Hye Jung ကို ထိခိုက်​ဖို့မကည်​ရွယ်​​ကြောင်းကိုလည်း “Hye Jung က​တော့ခဏခဏ Live လွှင့်​တတ်​​ပေမယ့်​ ကျမက​တော့ နည်းနည်း​ကြောင်​​တောင်​​တောင်​ဖြစ်​တယ်​ခံစားရလို့ Live လွှင့်​​ခဲပါတယ်​။ ဒါ​ပေမယ့်​ Hye Jung ရဲ့ Live မှာ ကြည့်​ရှုသူ ပရိတ်​သတ်​​တွေနဲ့နှုတ်​ဆက်​​နေတာ ​ပျော်​စရာ​ကောင်းလို့ ကျမလည်း Live လွှင့်​ကြည့်​ခဲ့တာပါ။ ပထမစစချင်း​တော့ နည်းနည်းအူ​ကြောင်​​ကြောင်​ဖြစ်​​နေတာ။နောက်​ပြီး ကျမရဲ့ Live ဟာ Hye jung ကိုထိခိုက်​​စေမိမယ်​လို့​တွေး​တောင်​မ​တွေးမိပါဘူး” လို့ဆိုခဲ့ပါတယ်​။
သူ့ပရိတ်​သတ်​​တွေကိုလည်း သူအမှားလုပ်​မိတာရှိရင်​ ​​တောင်းပန်မှာဖြစ်လို့သိပါရ​စေဆိုပြီး​မေးခဲ့ပါ​​သေးတယ်​။နောက်​ပြီး သူ​ပြောခဲ့တဲ့ “ဘာလို့အဲ့​လောက်​​တောင်​အထင်​​သေးရတာတာလဲ” ဆိုတာကလည်း Hye Jung ကိုမဟုတ်​ပဲ Nam joo Hyuk ကိုရည်​ရွယ်​ပြီး​ပြောခြင်းဖြစ်​​ကြောင်း၊ ​နောက်​ပြီး တကယ်​လို့ ဒီစကားဟာ Hye Jung ကိုထိခိုက်​မိသလိုဖြစ်​သွားရင်​​တောင်းပန်​​ပာကြောင်း​ပြောကြားခဲ့ပါတယ်​။အဲ့​နောက်​မှာ​တော့ Hye jung ရဲ့ ​အေဂျင်​စီဖြစ်​တဲ့ Jellyfish Entertainment က​တော့ Sung Kyung ​ပြောတာမှန်​​ကြောင်းနဲ့ ဒီသရုပ်​​ဆောင်​နှစ်​ဦးကြားမှာ ​သွေးဝမ်းကွဲစရာအ​ကြောင်းမရှိ​ကြောင်းဆိုခဲ့ပါတယ်​။
Grinny (Shwemom)
Source: Koreaboo
SHARE