ဘယ်သန်လေးများဟာ တခြားလူတွေထက် ဥာဏ်ပိုထက်ကြတယ်လို့ဆိုသတဲ့

Oksana Kuzmina/Shutterstock

သိပ္ပံလေ့လာချက်များအရ လူဦးရေရဲ့ ၁၀ မှ ၁၃% အတွင်းသာ ဘယ်သန်တွေရှိတတ်ကြတာပါတဲ့။ အကယ်၍ ခင်ဗျားသာ ဘယ်သန်ဖြစ်ခဲ့မယ်ဆိုရင် သို့မဟုတ် ဘယ်သန်ူလေးတွေကို သိတယ်ဆိုရင်တော့ ဒီစာကိုဖတ်ဖို့သိပ်ကိုလိုအပ်နေပါပြီနော်။

Oksana Kuzmina/Shutterstock

လူတစ်ယောက်က ဘယ်သန်လား၊ ညာသန်လားဆိုတာကို လေးဖက်ထောက်ကလေးဘကတည်းက ခန့်မှန်းလို့ရနေပါပြီ။ ဒါပေမဲ့ များသောအားဖြင့် ကျောင်းနေအရွယ်လောက်မှာ မိဘ၊ဆရာသမားနဲ့ပတ်ဝန်းကျင်ကလူတွေကနေပြီး ဘယ်ဖက်နဲ့စာမရေးရဘူး၊ အစားမစားရဘူး စသည်ဖြင့် အတင်းဖိအားပေးပြုပြင်ကြတဲ့အတွက်ကြောင့် ထက်ဝက်ကျော်လောက်ဟာ ဘယ်သန်မှ ညာသန်အဖြစ်သို့ ဘုမသိဘမသိနဲ့ပြောင်းသွးတတ်ကြပါတော့တယ်။

The Laugh Club မှာ ဖော်ပြချက်အရ IFLS ဆိုတဲ့ website တစ်ခုမှာ ဘယ်သန်လေးများနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို တင်ထားခဲ့တယ်လို့ သိခဲ့ရပါတယ်။ အဲဒါကတော့ လူတစ်ယောက် ဘယ်သန်ရခြင်းဆိုတာ ဦးနှောက်ကသာမန်လူတွေထက် ပိုဖွံ့ဖြိုးလို့ပါတဲ့။ အရင်တုန်းကတော့ ဘယ်သန်တွေဟာ အသက်ပိုတိုတတ်တယ်တို့၊ ထောင်ကျတတ်တယ်ဆိုတဲ့ အယူတွေရှိခဲ့ပေမယ့်လို့ အခုအခါမှာတော့ ဘယ်သန်တွေဟာသာမန်ထက်ပိုကောင်းတဲ့ ဥာဏ်ရည်ကို ပိုင်ဆိုင်ထားသူလေးတွေဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။

READ
ကမ္ဘာ့အလှဆုံး အများသုံးသန့်စင်ခန်းကို တည်ဆောက်လိုက်တဲ့နော်ဝေနိုင်ငံ
Yummymoon/Pixabay

သူတို့ရဲ့ညာဖက် hemisphere ဟာ သာမန်လူတွေထက် ပိုဖွံ့ဖြိုးနေတ့အတွက်ကြောင့် ဘယ်သန်လေးတွေဆီမှာ အတွေးအမြင်သစ်တွေ၊ သူများနဲ့မတူတဲ့ရှုထောင့်က မြင်တာမျိုးတွေ၊ ပိုနားလွယ်နိုင်တာမျိုး၊ မှတ်ဥာဏ်ကောင်းတာမျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်တဲ့။ ဒီအပြင် သင်္ချာပညာရပ်မှာလည်း အများနဲ့မတူတမူထူးချွန်ကြစမြဲပါပဲ။ Albert Einstein ဆိုလည်း ဘယ်ကျော်ပဲလေ။

ဒါကြောင့် ဘယ်ဖက်ကိုပိုအားသန်တဲ့ကလေးလေးများနဲ့ ကြုံခဲ့မယ်ဆိုရင် မိဘတွေကို ဒီအသိပညာလေး တတ်နိုင်သလောက်မျှဝေပေးပြီး ညာဖက်ကိုအတင်းပြောင်းခိုင်းတာမျိုးတွေကနေ ကယ်တင်နိုင်ပါတယ်နော်။

Penny

SHARE