ပရိသတ်စိတ်ဝင်စားမှုမြင့်တက်စေတဲ့ Legend of Warriors ဇာတ်ဝင်ခန်းပုံရိပ်များ

facebook. zaw myo thein

မြန်မာ့ရုပ်ရှင်လောက ကတော့ တဖြည်ဖြည်းနဲ့ ပိုပြီးတော့ တိုးတက်လာပြီဖြစ်ပြီး ရုပ်ရှင်ကားကောင်းတွေလည်း အများကြီး ထုတ်လုပ်နိုင်လာပြီဖြစ်ပါတယ်။ နောက်နှစ်ထဲမှာ မြန်မာဇာတ်ကားပရိသတ်တွေကတော့ စစ်ကားကောင်းတစ်ကားကို ကြည့်ရတော့မယ့်ပုံပါပဲ။ လက်ရှိမှာ စတင်ရိုက်ကူးနေပြီဖြစ်တဲ့ Legend of Warriors “တစစ်တမက်” ရုပ်ရှင်ကားတော့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာဖြစ်ပါတယ်။

facebook. zaw myo thein
facebook. zaw myo thein

Legend of Warriors “တစစ်တမက်” ရုပ်ရှင်ကားမှာတော့ နာမည်ကျော် သရုပ်ဆောင်တွေချည်းပါဝင်ထားပြီး ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) က ဖန်တီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ရိုက်ကူးနေဆဲ ရိုက်ကွင်းပုံရိပ်တွေကိုလည်း မျှဝေပေးနေတာဖြစ်ပါတယ်။ အသေးစိတ်ပြင်ဆင်ထားတဲ့ ရိုက်ကွင်း အသုံးအဆောင်တွေနဲ့ အဝတ်အစားတွေကြောင့် ဒီဇာတ်လမ်းကို  အမြန်ဆုံး ဖန်သားပြင်ပေါ်မှာ ကြည့်ရှုနိုင်ဖို့ ပရိသတ်တွေကတော့ စောင့်မျှော်နေကြပါပြီ။

facebook. zaw myo thein
facebook. zaw myo thein

Legend of Warriors “တစစ်တမက်” ကိုတော့ နောက်နှစ် ၂၀၂၀ ခုနှစ်ရဲ့ တပ်မတော်နေ့အတွက် ရိုက်ကူးနေတာဖြစ်ပါတယ်။

READ
ဒူဘိုင်းမှာပါ အောင်မြင်မှု မှတ်တိုင်စိုက်ထူခဲ့တဲ့ EXO
facebook. zaw myo thein
facebook. zaw myo thein

Source: Zaw Myo Thein

SHARE