LEGO တုံးလေးတွေနဲ့ Disneyland တစ်ခုလုံးတစ်ပုံစံတည်းအတိုင်း ဖန်တီးခဲ့သူ

YouTube- JWD Lego Fun

Lego တုံးလေးတွေဆက်ပြီး သေင်္ဘာတွေ၊ လေယာဉ်တွေ၊ အဆောက်အဦတွေ ဆောက်ဖူးတဲ့လူတွေရှိကြလားမသိဘူး။ Lego နဲ့ ဒီလိုပုံစံတွေဖန်တီးဖို့ဆိုတာ စိတ်ရှည်ရမယ်၊ အမြင်ရှိရမယ်ပေါ့။ တော်ရုံနဲ့တော့ Lego မော်ဒယ်ဟာ ပုံကောင်းထွက်မှာမဟုတ်ပါဘူး။

ဒါလေးတွေသုံးပြီး ရိုးရိုးအိမ်လေးတစ်လုံး ဆက်ဖို့တောင် မလွယ်ကူနေတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ကတော့ ကစားကွင်းကြီးတစ်ခုလုံးရဲ့ပုံစံငယ်အတိုင်း တည်ဆောက်ခဲ့ပါတယ်တဲ့။ အတော်မလွယ်တဲ့ကိစ္စပဲ။

Texas မှ John Wane Daugherty ဆိုသူအမျိုးသားတစ်ယောက်ဟာ Disney ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့အပြင် Lego အရုပ်လေးတွေနဲ့ တုံးလေးတွေကို စုဆောင်းရာမှာလည်း ဝါသနာထုံသူတစ်ဦးဖြစ်ပါတယ်တဲ့။ ဒါကြောင့် stay home အချိန်မှာ အချိန်တွေလည်း အားနေတဲ့အတွက်ကြောင့် John အနေနဲ့ Disneyland ကစားကွင်းပုံစံအတိုင်း တည်ဆောက်မယ်ဆိုပြီး စိတ်ကူးရခဲ့သတဲ့။

YouTube- JWD Lego Fun
YouTube- JWD Lego Fun

John အနေနဲ့ Lego အရုပ်တွေကို စုဆောင်းလာခဲ့တာ ၄ နှစ်တောင်ရှိနေခဲ့ပါပြီ။ ၄ နှစ်ကြာစုဆောင်းထားတဲ့ Lego အရုပ်တွေနဲ့ Disney က နန်းတော်ကြီးရယ်၊ နောက် Disneyland ကစာားကွင်းမှာရှိနေတဲ့ ကစားစရားစက်တွေနဲ့ USA ရဲ့ Main လမ်းမကြီးကိုလည်း ပုံစံငယ်အတိုင်း ပြန်လည်တည်ဆောက်ခဲ့တာပါ။

READ
နာမည်ကျော်ပန်းချီဆရာကြီးများရဲ့ တံဆိပ်များကို စိတ်ကူးပုံဖော်ခြင်း

 

YouTube- JWD Lego Fun

 

YouTube- JWD Lego Fun

သူဆောက်ထားတဲ့ ပုံစံငယ်လေးဟာ အသေမဟုတ်ဘဲနဲ့ ရထားလေးတွေဆိုလည်း တကယ်သွားတယ်၊ ရဟတ်တွေ၊ မြင်ကမ္ဘာတွေဆိုလည်း တကယ်ကို လည်ပတ်နေပါတယ်။ အသက်ကြီးရင် ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းမျိုးတွေ၊ လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်တယ်ဆိုတော့ ကိုယ်လည်း အသက်ကြီးလာရင် John လိုမျိုး အရုပ်တွေဆက်ရမလားပဲ။ သူ့ရဲ့လက်ရာလေးတွေကိုတော့ တကမ္ဘာလုံးက Lego ချစ်သူတွေက ချီးကျူးနေခဲ့ကြပါတယ်။

Penny

SHARE