သက်မဲ့တိရိစ္ဆာန်လေးတွေနဲ့ စည်ကားလျက်ရှိနေတဲ့ ယူအက်စ်ကတိရိစ္ဆာန်ရုံလေး

Facebook- SanAntonioZoo

တိရိစ္ဆာန်ရုံဆိုတာ သက်ရှိတိရိစ္ဆာန်တွေကို လူတွေလေ့လာဖို့အတွက် ထိန်းသိမ်းပြသထားတဲ့နေရာတစ်ခုပါပဲ။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် တိရိစ္ဆာန်ရုံလေးကတော့ သက်ရှိတိရိစ္ဆာန်တွေထက် လူတွေဟာ သက်မဲ့တိရိစ္ဆာန်တွေကို ပိုပြီးစိတ်ဝင်စားနေတဲ့ နေရာလေးတစ်ခုပါ။

ကပ်ရောဂါဘေးကျရောက်လာတဲ့အခါမှာတော့ လူစုလူဝေးဖြစ်စေတဲ့နေရာတွေကို အရင်ဆုံး ပိတ်ချလိုက်ကြရပါတယ်။ အဲဒီအထဲ တိရိစ္ဆာန်ရုံတွေလည်း အပါအဝင်ပေါ့။ ဒါပေမဲ့ အခုလို ရောဂါဖြစ်ပွားမှုနှုန်းတွေ ပြန်ပြီး ကျလာတဲ့အခါမှာတော့ ပိတ်ထားတဲ့ တိရိစ္ဆာန်ရုံလေးတွေလည်း ပြန်ဖွင့်လာခဲ့ကြပါပြီ။ လုပ်ငန်းတူတွေ တပြိုင်နက်တည်း ဖွင့်ကြတဲ့အခါမှာတော့ ကိုယ့်ဆီကို လူပိုလာအောင်ဆိုပြီး အခု San Antonio တိရိစ္ဆာန်ကနေပြီး ဧည့်သည်တွေကိုသူများထက်ပို ဆွဲဆောင်နိုင်မယ့်အစီအစဉ်လေးတစ်ခုကို စီစဉ်ခဲ့ပါတယ်။

Instagram-SanAntonioZoo

အဲဒါကတော့ တိရိစ္ဆာန်ရုံမှာလက်ရှိရှိနေတဲ့ တိရိစ္ဆာန်လေးတွေအပြင်ကိုမှ နောက်ထပ် သက်မဲ့အကောင်လေးတွေလည်း ဖန်တီးဖို့ပါပဲ။ ဒီအတွက် တိရိစ္ဆာန်ရုံကနေပြီး lego တုံးလေးတွေကိုသုံးဖို့ အကြံရသွားခဲ့ပါတယ်တဲ့။ Lego အရုပ်တွေဖန်တီးတဲ့ ပညာရှင်တွေကို ဆက်သွယ်ကာ တိရိစ္ဆာန်လေးတွေရဲ့ပုံကို lego ရုပ်တွေနဲ့ ပုံဖော်တာမျိုးပေါ့။

READ
ဘယ်သူမှမတွေးမိတဲ့နည်းလမ်းနဲ့ အိမ်ခန်းရောင်းထွက်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသား
Instagram-SanAntonioZoo
Instagram-SanAntonioZoo
Instagram-SanAntonioZoo

ဥပမာ ဒီပန်ဒါရုပ်လေးဆိုရင် lego အတုံးပေါင်း ၅၃,၄၆၀ လောက်နဲ့ ဖန်တီးထားတာဖြစ်ပြီး အချိန်အားဖြင့် ၄၀၅ နာရီတောင် ကြာမြင်ပါတယ်တဲ့။

နောက် ဒီသိမ်းငှက်ကတော့ ၁၈၄ နာရီကြာမြင်ပြီး အတုံးပေါင်း ၄၂,၁၉၈ တောင်ကြာမြင့်ပါတယ်တဲ့။

READ
အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ Melania Trump ရဲ့ ထူးခြားတဲ့ အပြုံး
Instagram-SanAntonioZoo

စက်တင်ဘာလ ၅ ရက်နေ့အထိ အရုပ်တွေကို ပြသမှာဖြစ်ပြီး အကောင်ပေါင်း ၃၀ ကျော်ရှိနေပါတယ်။

Instagram-SanAntonioZoo
Instagram-SanAntonioZoo

ပန်ဒါလေးတွေ၊ ဒေါင်းလေးတွေ၊ ဝက်ဝံလေးတွေကစလို့ မျက်လုံးနဲ့သေချာကြည့်ရတာ ခက်ခဲလှတဲ့ လိပ်ပြာလိုမျိုး၊ အင်းဆက်ပိုးကောင်းလေးတွေလို အကောင်သေးသေးလေးအထိ အကုန်ပါဝင်နေပါတယ်။ အထူးသဖြင့်တေ့ အကောင်သေးသေးလေးတွေရဲ့ပုံစံကို ထင်ထင်ရှားရှားကြည့်လို့ရအောင် လုပ်ပေးထားတာမျိုးပါ။

Instagram-SanAntonioZoo

penny

SHARE