တစ်နှစ်ကို ၁၅ ရက်သာအလုပ်,လုပ်ပြီး အနည်းဆုံးပေါင်၇သိန်းကျော်ရနေတဲ့ သရုပ်ဆောင်

သရုပ်ဆောင် Lena Headey ဟာ HBO မှာ ရိုက်ကူးထားခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲ Cersei နေရာမှ သရုပ်ဆာင်ရင်း တစ်နှစ်ကိုအနည်းဆုံး ပေါင်ငွေ ၇ သိန်း ၈ သောင်းရရှိနေတယ်လို့ ဖွင့်ဟပြောလာခဲ့ပါတယ်။

Game of Thrones ဟာ ကမ္ဘာကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး HBO ရုပ်သံလိုင်းရဲ့ original series တစ်ခုဖြစ်ပါတယ်။

Game of Thrones

Lena Headey ဟာ Game of Thrones ဇာတ်လမ်းတွဲအတွက် တစ်နှစ်ပတ်လုံးမှာမှ ၁၅ ရက်သာ အချိန်ပေးရိုက်ကူးခဲ့ရတာပါ။ နောက်ပြီး အပိုင်း ​၁ ပိုင်း ပါဝင်သရုပ်ဆောင်တိုင်း သူမအနေနဲ့ ပေါင်ငွေ ၇၈၀,၀၀၀ ရရှိနေပါတယ်။ ဒါဟာ မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ သိန်းပေါင်း သောင်းချီနေပါပြီ။

READ
ပရိတ်သတ်တွေမျက်လုံးပြူးခဲ့ရတဲ့ Fifty Shades of Greyမင်းသမီးရဲ့Selfie
Instagram

ရိုက်ကွင်းမှာတော့ သူမဟာ outdoor မရိုက်ရဘဲ ဖာတ်လမ်းတွဲ စစရိုက်ကူးစဉ်ကတည်းက စတူဒီယိုမှာပဲ ရိုက်ကူးခဲ့ရပြီး ပရိတ်သတ်တွေမြင်နေတဲ့ နှင်းဆိုတာဟာလည်း တကယ်တမ်းတော့ စက္ကူတွေသာဖြစ်တယ်လို့ သိရပါတယ်။

V-Radio

အခုပြသနေတဲ့ Game of Throne ထဲမှာတော့ Lena Headey ရဲ့ ဇာတ်ကောင် Cersei ဟာ ကိုယ်ဝန်လွယ်ထားနေရပါတယ်။ နောက်ပြီး Cersei ဟာ အစ်ကိုဖြစ်သူလက်ချက်နဲ့ သေသွားဖို့ရှိတယ်ဆိုပြီးလည်း သတင်းတွေထွက်နေခဲ့ပါတယ်။

Source: The Sun

Penny

SHARE