ဇနီးရဲ့ ခင်ပွန်းဟောင်းနဲ့ အချစ်ဆုံး သူငယ်ချင်းတွေလို ခင်မင်ရင်းနှီးတဲ့ Jason Momoa

[email protected] lennykravitz [email protected] prideofgypsies

Lenny Kravitz ကိုတော့ Rocker ပရိသတ်အများစု သိရှိကြပြီး ဖြစ်မှာပါ။ Lenny ဟာ အမေရိကန် တေးရေးတေးဆို အဆိုတော်တစ်ယောက်ဖြစ်ပြီး Rock ဂီတဖက်မှာတော့ လူတိုင်းနီးပါး သိကြတဲ့ အမိုက်စား Rocker ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Lenny ရဲ့ ဇနီးဟောင်းဖြစ်တဲ့ Lisa Bonet ဟာလည်း လက်ရှိ Aquaman သရုပ်ဆောင် Jason Momoa ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ အခုလည်း Lenny ဟာ သူနဲ့ Jason ရဲ့ ကြားထဲမှာ ဘာအငြိုးတွေမှမရှိပဲ မိတ်ဆွေသူငယ်ချင်းတွေလိုသာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း ဖွင့်ပြောခဲ့တယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

I play for love

A post shared by Lenny Kravitz (@lennykravitz) on

Lenny နဲ့ Bonet တို့ဟာ ၁၉၈၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး လက်ရှိနာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zoe Kravitz ကို မွေးခဲ့ကာ ၁၉၉၃ ခုနှစ်မှာ တရားဝင် ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Bonet ဟာ ၂၀၀၅ ခုနှစ်မှာ Jason နဲ့ ထပ်ယူခဲ့ပြီး Lola လို့ အမည်ရတဲ့ သမီးတစ်ယောက်နဲ့ Nakoa-Wolf လို့ အမည်ရတဲ့ သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ Jason Momo ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက Bonet ကို crush ခဲ့တာဖြစ်ပြီး တစ်ကယ်အရွယ်ရောက်လာတဲ့အခါမှာ Bonet နဲ့ လက်ထပ်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူပါတယ်။

READ
ဘရတ်ပစ်နဲ့ မကွဲခင်က ခင်ပွန်းနဲ့ထာဝရပေါင်းရအောင် အဆောင်တက်တူး ထိုးခဲ့တဲ့ ဂျိုလီ

 

“လူတော်တော်များများက ကျွန်တော်နဲ့ Jason ကြားမှာ အငြိုးအတေးတွေ ရှိမယ်လို့ ထင်နေကြတယ်ဗျ။ တစ်ကယ်တော့ မဟုတ်ပါဘူး။ Jason ဟာ ကျွန်တော့်ထက် ၁၅ နှစ်ငယ်ပေမယ့် ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းလို ပေါင်းဖြစ်တာ များပါတယ်။ ပြီးတော့ ဒီကောင်ကလည်း Rocker လေ။ ဂစ်တာတီးကလည်း တော်တော်လေးမိုက်တော့ ကျွန်တော်နဲ့ တော်တော်လေး အပေါင်းအသစ် လုပ်ဖြစ်ပါတယ်”လို့ Lenny က ပြောကြားခဲ့ပါတယ်။

READ
hip hop ပရိသတ်တွေရဲ့ လှောင်ပြောင်သရော်တာ ခံနေရတဲ့ Kris

 

Pyi Hein Kyaw

SHARE