မြို့တော်မြေပုံကို ကင်းဗတ်အဖြစ်သုံးပြီး ပန်းချီကားလေးတွေ ဖန်တီးခဲ့တဲ့ အပြေးသမား

© Lenny Maughan / Strava.com

ဆန်ဖရန်ဆစ္စကိုမြို့က တာဝေးအပြေးသမားတစ်ဦးဟာ မြို့တော်မြေပုံကို ကင်းဗတ်ရွက်အနေနဲ့ အသုံးပြုကာ ပုံလေးတွေ ဖန်တီးခဲ့ကြောင်း brightside သတင်းအရ သိရပါတယ်။ ၄င်းအပြေးသမားနာမည်ကတော့ လန်နီမော်ဂန်ဆိုသူ ဖြစ်ပါတယ်။ လန်နီဟာ app ရဲ့ အကူအညီနဲ့ သူပြေးမယ့် လမ်းကြောင်းရုပ်ပုံတွေကို အရင်တိုင်းတာတွက်ချက်ပြီးမှ တာဝေးပြေးတာ ဖြစ်ပါတယ်။ လန်နီအသုံးပြုတဲ့ app တွေကတော့ Strava နဲ့ MapMyRun တို့ပဲ ဖြစ်ပါတယ်။ ဒီ app တွေဟာဆိုရင် လန်နီရဲ့ပြေးလမ်းကြောင်းတွေကို မှတ်သားထားပြီး ပြေးလမ်းတစ်လျှောက်မှာရှိသမျှ အချက်အလက်အကုန် ပေးနိုင်ပါတယ်။

အောက်မှာတော့ လန်နီပြေးခဲ့တဲ့ ပြေးလမ်းကြောင်းတွေကို ရုပ်ပုံတွေအဖြစ် တွေ့ရမှာပါ။ လန်နီပြေးသမျှထဲ ပရိသတ်တွေ အနှစ်ခြိုက်ဆုံးလမ်းကြောင်းကတော့ Frida Kahlo ရဲ့ ရုပ်ပုံပေါ်အောင် ပြေးထားတဲ့ ပြေးလမ်းကြောင်းပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ လန်နီပြေးတဲ့ ပြေးလမ်းကြောင်းရဲ့ ပုံကို သူငယ်ချင်းဖြစ်သူ themouth က ဆိုရှယ်မီဒီယာပေါ် စတင်ဖြစ်ခဲ့တာပါ။ လန်နီဟာ ပုံထဲက အတိုင်း ပုံပေါ်ဖို့အတွက် (၂၈.) မိုင်ပြေးခဲ့ရတယ်ဆိုတာကို ထိုသူက ရေးသားတင်ပေးခဲ့ရာကနေ တဖြည်းဖြည်းနဲ့ လန်နီဟာ လူသိများလာခဲ့တာပဲ ဖြစ်ပါတယ်။

© Lenny Maughan / Strava.com

လန်နီအတွက်တော့ ပြေးလမ်းကြောင်းတွေကို အခုလို ပုံအမျိုးမျိုးပေါ်အောင် ပြေးရတာ အချိန်တော့ယူရပါတယ်။ ပထမဆုံးလန်နီဟာ သူလိုချင်တဲ့ ပုံတစ်ပုံကို မြေပုံပေါ်မှာ အရင်ဆွဲလိုက်ပါတယ်။ အချိန်ပေါင်းများစွာကြာအောင် မြေပုံပေါ်မှာပုံကို အထပ်ထပ်ဆွဲ လမ်းကြောင်းရှာပြီးတော့မှ သူ့ရဲ့တာဝေးပြေး ရုပ်ပုံဖော်တဲ့ အနုပညာဖန်တီးမှူကို ပြုလုပ်တာ ဖြစ်ပါတယ်။ လန်နီဟာ ပြေးတဲ့အခါမှာလည်း တော်တော်သတိထားပြီး ပြေးရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူပြေးနေတဲ့ လမ်းအတိုင်းကို app က ပုံဖော်နေတာကြောင့် တကယ်လို့များ လမ်းကြောင်းမှားသွားခဲ့ရင် ပုံတစ်ပုံလုံး ပျက်စီးသွားမှာ စိုးတာကြောင့် ဖြစ်ပါတယ်။

အခုအခါမှာတော့ လန်နီရဲ့ ထူးခြားတဲ့ အိုင်ဒီယာကို ဖော်ကျူးထားတဲ့ ရုပ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

© Lenny Maughan / Strava.com
© Lenny Maughan / Strava.com
© Lenny Maughan / Strava.com
© Lenny Maughan / Strava.com
© Lenny Maughan / Strava.com
© Lenny Maughan / Strava.com
© Lenny Maughan / Strava.com

လင်းလင်း (ShweMom)

SHARE