ကမ္ဘာ့ပထမဆုံး foldable ကွန်ပြူတာကို ယူဆောင်လာပေးတော့မယ့် Lenovo

ကွေးခေါက်လို့ရတဲ့ မျက်နှာပြင်နဲ့ ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး လက်ပ်တော့ကတော့ နောက်လာမယ့်နှစ်မှာ သင့်ဆီ ရောက်လာတော့မှာ ဖြစ်ပါတယ်။

နည်းပညာသစ်နဲ့ ထုတ်လုပ်လိုက်တဲ့ လက်ပ်တော့ကတော့ Lenovo ရဲ့ ThinkPad X1 စီးရီး ဖြစ်ပါတယ်။ Lenovo က ThinkPad X1 ထုတ်လုပ်မှုကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ မှာတော့ အသုံးပြုသူတွေလက်ထဲ ယူဆောင်လာပေးတော့မှာပါ။

Lenovo

ကုမ္ပဏီကနေ ThinkPad X1 ကို iPad တွေလိုမျိုး secondary computer အဆင့် ထုတ်လုပ်တာ မဟုတ်ဘဲ တကယ့် လက်ပ်တော့/ကွန်ပြူတာ စံနှုန်းနဲ့ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၁၃.၃ လက်မ ဖြစ်ပါတယ်။ OLED display နဲ့ပါ။ အလေးချိန်ကတော့ ၁ ကီလိုဂရမ် အောက်လို့ သိရတဲ့အတွက် ၁.၃ ကီလိုရှိ MacBook Pro ထက်တောင် ပိုပေါ့ပါးတယ်လို့ ပြောလို့ရပါတယ်။

READ
အမေရိကန်ကောလိပ်ကျောင်းတွေနားမှာ တွေ့နေရပြီဖြစ်တဲ့ အစားအစာပို့စက်ရုပ်လေးများ
Tom’s guide

Folding type ဖြစ်တဲ့အတွက်ကြောင့် Samsung Galaxy Fold မျိုးကဲ့သို့ မျက်နှာပြင်ပြဿနာတွေ မကြုံရအောင် Lenovo ကနေ အထူးကြိုးစားလျက်ရှိတယ်လို့လည်း သိရပါတယ်။ တရားဝင်ထွက်ရှိလာမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။

Ref: News.com.au

SHARE