Leo (သိဟ်ရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူတွေကို သိဟ်ရာသီဖွားလို့ သတ် မှတ်ကြပါတယ်။ဒီရာသီဖွားတွေရဲ့ မေလကံကြမ္မာဟောစတမ်းကတော့ .ဒီလမှာ အိမ်တွင်းရေးကိစ္စတွေ၊ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ဗျာများနေရ မယ့်လပါ။ဒါပေမယ့် လည်း ဒီလမှာတော့ တခြားလုပ်ငန်းခွင်ကိစ္စတွေ အဆင်ပြေမှာပါ။ ကိုယ်ပြင် ဆင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးရလဒ်ကို ဒီလမှာ ခံစားရပါ လိမ့်မယ်။ သင့်ရဲ့ စိတ်က လူမှုရေးထက် အလုပ်အပေါ်မှာ စိတ်ရောက်နေပါလိမ့်မယ်။

အလုပ်အကိုင်- ဒီလမှာတော့ လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင် သင့်အတွက် ကံအကောင်းဆုံးလလို့တောင် ပြောလို့ရပါတယ်။ရာထူးတိုး၊လစာတိုးတာ (ဒါမှမဟုတ်)ထူးချွန်လို့ ဆုလာဘ်ရတာမျိုးနဲ့ကြုံရနိုင်ပါတယ်။အလုပ်မရှိတဲ့ သူတွေဆိုရင်လည်း အလုပ်ရတာမျိုးနဲ့ ကြုံနိုင်ပါတယ်။

ငွေရေးကြေးရေး- ဒီလမှာတော့ ငွေကံလည်း ကောင်းပါတယ်။ပြည်ပကနေ ငွေရတာ(သို့)ပြည်ပနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်း၊လူပုဂ္ဂိုလ်အပေါ် မှီခိုပြီး ငွေဝင်နိုင်ပါတယ်။ပညာရေးနဲ့ပတ်သက်ရင်လည်း ကောင်းသောပြောင်းလဲခြင်း နဲ့ကြုံရနိုင်ပါတယ်။မေ(၁၂)ဟာဆိုရင် ဒီရာသီဖွားတွေအတွက် ကံအကောင်းဆုံး လ လို့တောင်ပြောနိုင်ပါတယ်။ငွေကံ အမြင့်ဆုံးလပါ။သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ အတူပူးပေါင်းပြီးစာချုပ်စာတမ်းချုပ်ဆိုတာ၊အတူတူစီးပွားလုပ်ဖို့ အစီအစဉ်တွေရှိရင် ဒီလမှာ အကောင်အထည်ဖော်ပါ။လုပ်ငန်းတွေမှာ ငွေရင်းထားတဲ့သူတွေဆိုရင်လည်း ဒီလမှာ အကျိုးအမြတ်တွေ ခံစားရပါ လိမ့်မယ်။

READ
Aquarius (ကုံရာသီဖွား)တွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

အချစ်ရေး- ဒီလမှာတော့ အချစ်ရေးကံဟာ မေလလယ်ပိုင်းလောက်ကျရင် တတ်လာမှာပါ။လက်ရှိမှာ ချစ်သူနဲ့အဆင်မပြေတာ၊အချစ်ရေးမှာ စိတ်ညစ်နေရ တာတွေရှိခဲ့ရင် လလယ်ပိုင်းလောက်ကျရင်တော့ ပြန်အဆင်ပြေသွား ပါလိမ့်မယ် ။Single သမားတွေဆိုရင်တော့ ကိုယ့်ထက်အသက်ကြီး တဲ့သူ(သို့)တိုင်းတပါး သားနဲ့ ချစ်ကျွမ်းဝင်ရတတ်ပါတယ်။သူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀ကို အဆင့်တတ်သွားရတာမျိုးနဲ့လည်း ဒီလမှာ ကြုံရနိုင်ပါတယ်။

ကျန်းမာရေး – မေလ(၂၀)အထိ ကျန်းမာရေးအညံ့ရှိပါတယ်။ ဂရုစိုက်ပါ။မေလ ကုန်ပိုင်းလောက် ကျရင်တော့ ပြန်ကောင်းလာပါလိမ့်မယ်။ခြုံပြောရရင်တော့ မေလဟာ သင့်အတွက် အလုပ်နဲ့ငွေကံ အရမ်းကောင်းနေမယ့်လပါ။ကံရဲ့ အထောက်အပံ့ကြောင့် နည်းနည်းလေးအားစိုက်ကြိုးစားရုံနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။

Nilar(Shwemom)

SHARE