ချစ်သူလေးနဲ့ ဒိတ်လုပ်ပြီး မိုးမမြင်လေမမြင် ဖြစ်နေတဲ့ Leonardo

Image:IG/camilagarcia_urr

မင်းသားကြီး Leonardo နဲ့ သူ့ရဲ့ ချစ်သူ လေး Camila Morrone ကတော့ ကမ္ဘာကျော် ဦးနဲ့ သမီးစုံတွဲ တစ်တွဲ ပါ။အချစ်မှာ အသက်ကြီးတယ်၊ငယ်တယ်ဆိုတာကို မရှိကြောင်း သက်သေထူနေတာပါ။ဒါပေမယ့် Leonardo အတွက်ကတော့  Camila Morrone ရဲ့ ရှေ့မှာလည်း သူမလိုပဲ အသက်ငယ်ငယ် အ ချောလေးတွေ အများကြီးနဲ့ တွဲ ခဲ့ ဖူးပါတယ်။ငယ်တာလေးတွေကိုမှ ရွေးချစ်ချင်တဲ့ Leonardo ရဲ့ အသက်ကတော့ (၄၄)နှစ်ဖြစ်ပြီး အခုတွဲ နေတဲ့ သူ့ရဲ့ ချစ်သူ အမေရိကန်မော်ဒယ် မင်းသမီးအချောလေး Camila Morrone ကတော့ (၂၂) ပါ။Camila က  Leonardo ထက် အသက် (၂၂)နှစ်လောက် ငယ်ပါတယ်။အသက်ထက်ဝက်လောက်ကွာတဲ့ ဦးနဲ့ သမီးစုံတွဲ ပါ။

Image:IG/camilagarcia_urr
Image:IG/camilagarcia_urr

သူတို့ စုံတွဲ ဟာ အီတလီနိုင်ငံက Positano မှာ အေးအေးဆေးဆေး အနားယူအပန်းဖြေနေပါတယ်။ထွက်လာတဲ့ ပုံ တွေ ကတော့ သူတို့နှစ်ယောက် hot tub စိမ်နေတဲ့ ပုံတွေပါ။Camila Morrone ကတော့ အဖြူရောင် ရေကူး ၀တ်စုံလေးကို ၀တ်ပြီး သူမ ချစ်ရတဲ့ ဦးအနားကနေ မခွဲနိုင်မခွာနိုင်ဖြစ်နေပါတယ်။ Leonardo ကတော့ ချစ်သူအလန်း လေးရဲ့ အချွဲအနွဲ့တွေကို ခံလိုက်၊ဖုန်းကြည့်လိုက်နဲ့ အလုပ်တွေ ရှုပ်နေပါတယ်။Leonardo ကတော့  အပေါ် ပိုင်း ဗလာကျင်း ဘောင်းဘီတိုနဲ့ တွေ့ရမှာပါ။အသက် က (၄၀) ကျော်လာပြီမို့ ခန္ဓာကိုယ်ကတော့ ဟိုးအရင်တုန်းကလောက် ကြည့်မကောင်းတော့ပဲ အဆီစုနေပါပြီ။အပျော်စီးသဘောင်္ပေါ်မှာ နှစ်ယောက်တည်း ကမ္ဘာ လုပ် နေကြပြီး ခဏ အကြာမှာတော့ hot tub ထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Camila Morrone က  ပန်းရောင် ဘီကီနီ ကို လဲဝတ်ခဲ့ပါတယ်။

READ
မိန်းကလေးပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်ပြန်တဲ့ အောင်ရဲလင်း
Image:IG/camilagarcia_urr
Image:IG/camilagarcia_urr

နဲ့  Camila တို့ကတော့ (၂၀၁၇) ဒီဇင်ဘာလလောက်တည်းက တွဲလာခဲ့ကြတာပါ။ဒါပေမယ့် တွဲ နေပြီလို့ တရားဝင် ထုတ်ပြော တာကတော့ (၂၀၁၈) ကပါ။နောက်ဆုံးမှာတော့ Camila  ဆိုတဲ့ မော်ဒယ်မလေး ဆီမှာ နှလုံးသားကို ပုံအပ် ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။US Weekly ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာကစပြီး သူတို့ ကြားက ဆက်ဆံ ရေးက ပိုလေးနက် လာပြီး အတည်တကျ ဖြစ်လာတယ်လို့ ဆိုပါတယ်။နှစ်ယောက်သား လက်ထပ် ဖို့ အဆင့်ထိ  တောင် ရောက်သွားနိုင်တယ်ဆိုပြီး ဖော်ပြ ခဲ့ပါတယ်။စေ့စပ်ဖို့ အတွက် ဆွေးနွေးနေကြတယ်၊Leonardo က အခုဆိုရင် ကလေးယူဖို့တောင် အသင့်ဖြစ်နေပြီဆိုတဲ့ သတင်းမျိုးတွေ အထိ ထွက်ပေါ်ခဲ့ပါတယ်။

Image:IG/camilagarcia_urr
Image:IG/camilagarcia_urr

မော်ဒယ် အလန်း အငယ်လေး တွေနဲ့ပဲ အတွဲခုတ်ခဲ့တဲ့ Leonardo ကတော့  (၂၀၀၀)ခုနှစ်တုန်းကလည်း ဘရာဇီးမော်ဒယ် Gisele Bündchen နဲ့ တွဲခဲ့ပြီး ချစ်သူသက်တမ်း ငါးနှစ်လောက်ကြာခဲ့ပါတယ်။(၂၀၀၅-၂၀၁၁) အထိ ကတော့ အစ္စရေး မော်ဒယ် Bar Refaeli နဲ့ တွဲခဲ့ပါတယ်။(၂၀၁၃-၂၀၁၄) အထိ ကတော့ ဂျာမန်မော်ဒယ်  Toni Garn ၊ (၂၀၁၅) မှာတော့ အမေရိကန်မင်းသမီး Kelly Rohrbach နဲ့ ပတ်သက်ခဲ့ဖူးပါတယ်။လက်ရှိသူ တွဲ နေတဲ့ Cam ila  ကတော့  အသက် (၄၃)နှစ်အရွယ် မင်းသမီး  Lucila Solá ရဲ့ သမီးပါ။Lucila Solá ကလည်း   အသက် (၇၉)နှစ်အရွယ် ဒါရိုက်တာ မင်းသား Al Pacino နဲ့ တွဲနေပါတယ်။

READ
Fans တွေရဲ့ နှလုံးသားကို ကြွေအောင်အလုပ်နိုင်ဆုံး ကိုရီးယား Idols များ
Image:IG/camilagarcia_urr
Image:IG/Camila Morrone

Source DailyMail

SHARE