အသက်(၂၅)နှစ်အောက်တွေကိုပဲ ရည်းစားအဖြစ် ရွေးပြီးတွဲခဲ့တဲ့ Leonardo DiCaprio

အောစကာဆုတွေနဲ့တသီကြီးလွဲခဲ့ရပြီး ၂၀၁၆ ခုနှစ်ကျမှ ပထမဆုံးဆုကို ရရှိခဲ့တဲ့ မင်းသား Leonardo DiCaprio ဆိုရင် Titanic နဲ့ ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားမှုတွေ ရရှိခဲ့လို့ ပရိတ်သတ်တွေနဲ့ လုံးဝစိမ်းနေမှာမဟုတ်တဲ့မင်းသားတစ်လက်ပါ။

Leonardo နဲ့ ပတ်သက်ပြီး အနုပညာအရည်အချင်း ပြည့်မှီရဲ့သားနဲ့ ဘာလို့ အော်စကာဆုတွေမှန်းသလောက် မရခဲ့လဲ၊ Titanic ရိုက်တုန်း မင်းသမီး Kate Winslet နဲ့ရော သို့လောသို့လောတွေ အထင်ခံရပြီး ဘာလို့ ချစ်သူတွေမဖြစ်ကြလဲဆိုတာထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်။

အဲဒါကတော့ Leonardo ထားခဲ့သမျှ ရည်းစားတွေတိုင်းဟာ အသက် ၂၅ နှစ်ထက်မကျော်တာပါပဲ။

Twitter / Leonardo

Leonardo ဟာ ကမ္ဘာ့အချောအလှလေးတွေကိုပဲ ရွေးတွဲတတ်သူလို့တောင် ဆိုရမလိုပါပဲ။

Instagtram/ Gisele Bündchen

ပထမဆုံးလူသိရှင်ကြားတွဲခဲ့တဲ့ ကောင်မလေးကတော့ စူပါမော်ဒယ် Gisele Bündchen ဆိုသူလေးပါ။ သူမအသက် ၁၈ နှစ်ကျော် ၊ Leonardo အသက် ၂၅ နှစ်လောက်တုန်းက စတွဲခဲ့ပြီး Gisele ၂၃ နှစ်ကျော်လာတဲ့အချိန်၊ ၆ နှစ်လောက်တွဲခဲ့ အပြီးမှာတော့ ပြတ်သွားခဲ့ပါတယ်။

Instagtram/ Bar Refaeli

၂၀၀၅ ခုနှစ်မှာ Gisele Bündchen နဲ့ ပြတ်ခဲ့ပြီး မကြာခင်မှာပဲ အစ္စရေးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Bar Refaeli နဲ့ ၅ နှစ်ကြာအောင်တွဲခဲ့ပါတယ်။ သူတို့နှစ်ယောက် စစတွဲတုန်းက Bar Refaeli ဟာ အသက် ၂၀ ဖြစ်ပြီး Leonardo ကတော့ အသက် ၃၀ ပါ။ ၅ နှစ်အကြာတွဲပြီး ပြတ်သွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ ၂၃ နှစ်အရွယ်ရှိတဲ့ သရုပ်ဆောင် Blake Lively နဲ့ ၅ လအကြာထပ်တွဲခဲ့ပါတယ်။ Blake Lively ဟာ Leonardo တွဲခဲ့သမျှ ရည်းစားထဲ မော်ဒယ်အလုပ်ကို မလုပ်တဲ့ တစ်ဦးတည်းသော မိန်းကလေးပါ။

READ
ချစ်သူ Gigi အတွက် သီချင်းသစ်တစ်ပုဒ် ရည်ရွယ်ရေးသားလိုက်တဲ့ Zayn
Twitter/ Blake Lively

နောက်မှာတော့ Victoria’s Secret ရဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် Erin Heatherton နဲ့ တွဲခဲ့ပြီး ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာတော့ အသက် ၂၀ အရွယ် ဂျာမန်မော်ဒယ်တစ်ဦးဖြစ်တဲ့ Toni Garrn နဲ့ တွဲခဲ့ပါသေးတယ်။

Instagram/ Erin Heatherton
Instagram/ Toni Garrn

အဲဒီအချိန်မှာ အသက် ၄၀ အပိုင်း ဖြစ်နေပြီဖြစ်တဲ့ Leonardo ဟာ အသက် ၂၅ နှစ်အရွယ် Kelly Rohrbach နဲ့ တွဲခဲ့ပေမယ့် လပိုင်းလောက်သာကြာခဲ့ပြီး အလုပ်အလွန်များလွန်းတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်ဘူးဆိုကာ လမ်းခွဲခဲ့ပြန်ပါတယ်။ အဒီနောက်ပိုင်း Danish မော်ဒယ်တစ်ဦးဖြစ်တဲ့ Nina Agdal အသက် ၂၄ နှစ်နဲ့ တွဲခဲ့ပြီး ၂၅ နှစ်မပြည့်ခင်မှာပဲ ဇာတ်လမ်းကို အဆုံးသတ်ခဲ့ပြန်ပါတယ်။

READ
R ဇာနည်နဲ့ ၀မ်းတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေး မွေးဖွား
Instagram/ Kelly Rohrbach
Instagram/ Nina Agdal

အခုအချိန်မှာတော့ Leonardo ဟာ အသက် ၄၄ နှစ်ရှိနေပြီဖြစ်ပြီး အာဂျင်တီးနားမော်ဒယ်သရုပ်ဆောင်တစ်ဦဖြစ်တဲ့ Camila Morrone  နဲ့ တွဲပုန်ခုတ်နေပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတာကြောင့် တွဲမယ်ဆိုရင် Leo ရဲ့ ဥာဉ်အရ ၄ နှစ်လောက်တော့ ခံဦးမှာပါ။ Camila Morrone ရဲ့ မိခင်ဟာ Leo ထက် ၂ နှစ်တောင်ငယ်ပါသေးတယ်။

BKGD

ဒီတစ်ယောက်နဲ့ရော Leonardo ဟာ လူပျိုးကြီးဘဝကို အဆုံးရှုံးခံမလား play boy ဆက်လုပ်ဦးမလားဆိုတာကို ကြည့်ရဦးမှာပါပဲ။

Instagtram/ Camila Morrone

ဒီဇယားကတော့ Leonardo နဲ့ သူ့ရဲ့ အသက် ၂၅ နှစ်အောက် ချစ်သူတို့ရဲ့ တွဲချိန်နဲ့ အသက်ဇယားပဲဖြစ်ပါတယ်။ ဟုတ်မဟုတ်ကိုကြည့်လိုက်ကြပါဦး။

reddit

Source: Vt. , News AU

Penny

 

 

SHARE