အသက်(၂၀)လောက်ငယ်တဲ့ ချစ်သူလေးနဲ့ အနမ်းတွေ ခြွေချခဲ့တဲ့ Leonardo

Leo DiCaprio  ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ ချစ်သူ အချောလေးနဲ့ကမ်းခြေမှာ ပျော်မြူးနေခဲ့ပါတယ်။အသက် (၄၄) နှစ်ရှိနေပြီဖြစ်တဲ့  Leo DiCaprio ရဲ့ ချစ်သူလေးကတော့ Camila Morrone ဆိုတဲ့အသက် (၂၁)နှစ်အရွယ် မော်ဒယ်မလေးပါ။အသက်ထက်ဝက်လောက်ငယ်တဲ့ ချစ်သူလေးနဲ့ အတူ ထိုင်းနိုင်ငံက ကမ်းခြေတစ်ခုမှာ  ပျော်ပျော် ကြီး လျှောက်လည်ခဲ့တာပါ။

Breaking News
pinterest
pinterest

Amanpuri Resort မှာတော့  ချစ်ရသူလေးနဲ့ အတူ ပျော်မြူးနေတဲ့ Leo DiCaprio  ရဲ့ ပုံတွေ ထွက်ပေါ် လာ ခဲ့ပါတယ်။ချစ်သူလေးနဲ့ အတူ ဘော်လီဘောကစားနေတဲ့ ပုံတွေ၊နမ်းနေတဲ့ ပုံတွေ အများကြီး ထွက်ပေါ် လာခဲ့တာပါ။ Leo နဲ့  Camila တို့ဟာ(၂၀၁၇) ဒီဇင်ဘာတည်းက အချစ်ရေးသတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ လော့အိန်ဂျလိစ် မှာ အတူ ဈေးဝယ်ထွက်နေခဲ့ပြီးနောက် မှာတော့ တွဲ နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။ Camila  ရဲ့ မွေး စား အဖေ ကတော့ မင်းသား  Al Pacino ပါ။ Coachella Festival အပြီးမှာတော့ သူတို့စုံတွဲကို Coachella Festival. မှာ အတူအနမ်းခြွေနေတဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

READ
Girls’ Generation မှ အဖွဲ့ဝင်(၃)ဦး နှုတ်ထွက်တော့မည်
irishmirror.i
irishmirror.i
irishmirror.i
irishmirror.i

မော်ဒယ်အလုပ်ကို လုပ်ကိုင်နေတဲ့ Camila ဟာ Never Goin’ Back ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင် ခဲ့ဖူး ပါတယ်။သူတို့ရဲ့ အားလပ်ချိန်လေးကိုတော့ သူငယ်ချင်းမိတ်ဆွေ တွေဖြစ်တဲ့ Lukas Haas ၊ Vladislav Doronin တို့နဲ့ အတူ ကုန်ဆုံးခဲ့တာပါ။

irishmirror.i
irishmirror.i
irishmirror.i

ဦးနဲ့ သမီးရဲ့ ဇာတ်လမ်းကတော့ မိသားစုအဆက်အသွယ် တွေ ကနေ တစ်ဆင့် နှစ်ယောက်သား တွေ့ဆုံပြီး ဇာတ်လမ်း စခဲ့တာ လို့ သိရပါတယ်။သူတို့နှစ်ယောက်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ က ရင်းနှီးကြတာကြောင့် အဲ့ဒီကနေ အဆက်အစပ်ရပြီး တွေ့ဆုံခဲ့ကြတာပါ။Leo DiCaprio ကတော့ အရင်က  မော်ဒယ် မလေး Nina Agdal နဲ့ လည်း တွဲခဲ့ဖူးပါတယ်။တစ်နှစ်လောက်တွဲခဲ့ပြီး (၂၀၁၇) မေမှာ လမ်းခွဲခဲ့တာပါ။

READ
ရို ပြီးရင်း ရိုနေတဲ့ ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲ ပုံရိပ်များ
PopPursuits
PopPursuits
PopPursuits

 

Source irishmirror.ie

SHARE