အသက် ၂၀ ကွာတဲ့ချစ်သူလေးကိုစိတ်ရှည်ရှည်နဲ့ဓာတ်ပုံရိုက်ပေးနေရှာတဲ့လီယိုနာဒို

Leonardo DiCaprio ဟာ အသက် ၄၄ နှစ်ရှိနေပြီဖြစ်ပြီး အရင်တုန်းကလည်း အသက် ၂၀ အပိုင်းပတ်ဝန်းကျင်အရွယ် မော်ဒယ်မိန်းကလေးတွေနဲ့ လူသိရှင်ကြားတွဲနေခဲ့ရာမှ အခုအချိန်မှာတော့ အသက် ၂၀ ကျော်ကွာဟနေတဲ့ ၂၁ နှစ်အရွယ် မော်ဒယ်မလေး Camila Morrone နဲ့ ချစ်သူတွေဖြစ်နေကြပြန်ပါတယ်။

People Magazine

ဘယ်ချစ်သူနဲ့မဆို ပေါ်ပေါ်ထင်ထင်တွဲတတ်တဲ့ Leonardo ရဲ့ ပုံစံအတိုင်း အခု Camila Morrone နဲ့ကိုလည်း ပရိတ်သတ်တွေရော သတင်းထောက်တွေရှေ့ရောမရှောင် တွဲသွားတွဲလာလုပ်ကာနေခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကတော့ Leonardo ကို ချစ်သူလေး Camila Morrone နဲ့ Hotel du Cap-Eden-Roc မှာ ချစ်ကြည်နူးနေကြတဲ့ပုံရိပ်လေးတွေ ထွက်ပေါ်လာကာ အမျိုးသမီးပရိတ်သတ်တော်တော်များများကတော့ Leonardo ရဲ့ လုပ်ရပ်တစ်ခုကြောင့် မသိမသာလေးချီကျူးခန်းဖွင့်လျက်ရှိနေပါတယ်။

Mega
Mega

ဖုန်းကိုကိုင်ကာ ခေါင်းလေးကိုညွန့်ပြီး ချစ်သူလေး Camila Morrone အိုက်တင်ပေးသမျှကို မညည်းမညူနဲ့ ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံစံလေးဟာ မိန်းကလေးတွေရဲ့ရင်ထဲက အလိုဆန္ဒနဲ့ တစ်ထပ်တည်းကျသွားသလိုပါပဲ။ များသောအားဖြင့် အမျိုးသားတွေဟာ ဓာတ်ပုံရိုက်တာတို့ အမျိုးသမီးတွေရဲ့အလှအပရေးရာနဲ့ ပြင်ဆင်ခြယ်သမှုတွေမှာ လုံးဝစိတ်မဝင်စားသလောက်ကို နည်းပါးတတ်ကြပါတယ်။ အဓိကကတော့  ဓာတ်ပုံကို စိတ်ရှည်လက်ရှည်မရိုက်ပေးချင်တဲ့၊ မရိုက်တတ်ကြတာတွေပေါ့။

READ
ကလေးဆုံးရှုံးဖူးတဲ့မိဘတွေအတွက် အလွမ်းပြေအဖြစ်သက်ရှိနဲ့တူတဲ့အရုပ်ကိုဖန်တီးပေးသူ

Leonardo ကတော့ သူ့ရဲ့မော်ဒယ်ချစ်သူလေးကို စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံရိုက်ပေးနေရုံသာမကဘဲ သူကိုယ်တိုင်လည်း ပိုစ့်ဘယ်လိုပေးရမလဲဆိုတာကို သေသေချာချာလေး ပြနေပေးပုံပါပဲ။

Mega
Mega
Mega

နောက်မှာတော့ သူတို့နှစ်ယောက်တွဲပုံရိုက်ဖို့ကိုလည်း ကိုယ်တိုင်ပဲ ဦးဆောင်ခဲ့ပြီး ဟိုတယ်ထဲကို နေ့လည်စာစားဖို့ နှစ်ယောက်သားတွဲပြီး ဝင်သွားခဲ့ကြပါတယ်။ လမ်းတစ်လျှောက်မှာလည်း Camila Morrone ရဲ့ပုံလေးတွေကို ဖုန်းထဲကနေ သေချာအောင်ပြန်ကြည့်ကာ စကားတပြောပြောနဲ့ ကြည်နူးခဲ့ကြပါသေးတယ်။

Mega
Mega
Mega

Source: Daily Mail

Penny

SHARE