ချစ်သူရဲ့ (၂၃)နှစ်ပြည့် မွေးနေ့ ပွဲကို ကျင်းပပေးခဲ့တဲ့ Leonardo DiCaprio

Image:IG/ Camila Morrone & camila daily

အချစ်မှာ အသက်ကြီးတယ်၊ငယ်တယ်ဆိုတာကို မရှိကြောင်း သက်သေထူနေတဲ့ ကမ္ဘာ ကျော် ဟောလိဝုဒ် စုံ တွဲ တွေ အများကြီး ရှိပါတယ်။(ပိုက်ဆံနဲ့ နာမည်ကျော်ကြားမှု တော့ လို တာ ပေါ့နော် :P)အဲ့ဒီအထဲမှာတော့ မင်းသား ကြီး Leonardo DiCaprio  က တော့ ငယ်ငယ်လေးတွေ နဲ့ပဲ ဒိတ်လုပ် တဲ့ မင်းသားကြီးဆိုပြီး နာမည်ကြီး ပါတယ်။တွဲ လိုက်တဲ့ ရည်းစားတိုင်းက သူနဲ့ အသက် အရမ်း ကွာပါတယ်။သမီး အရွယ် လေးတွေ ကိုပဲ သ ဘော ကျတဲ့ လီယိုနာ ဒို ကတော့ လက်ရှိ ချစ်သူ  Camila Morrone နဲ့ တော် တော် လေး မြဲ နေပါတယ်။ပြီးခဲ့တဲ့ ရက်က ချစ်သူ လေး အတွက် အသက် (၂၃)နှစ်ပြည့် မွေးနေ့ ပွဲကို ကျင်းပ ပေးခဲ့ပါတယ်။ဒီအ  ကြောင်းကိုတော့ People မှာ ဖော်ပြ ထား ပါတယ်။

လော့အိန်ဂျလိစ်က ဇိမ်ခံ အ ပျော်စီး သ ဘောင်္ ပေါ်မှာ အတူ ကျင်းပခဲ့တာပါ။လီယိုနာဒို ကတော့ အသက် (၄၅) နှစ် ဖြစ်ပြီး ချစ်သူ လေးက တော့ အခုမှ (၂၃) ပြည့်တာပါ။မွေးနေ့ ပွဲကိုတော့ (၄၃)မီတာ ရှိတဲ့ Leight Star Super Yacht အ ပျော်စီး သင်္ဘော ကြီး ပေါ်မှာ လုပ်ခဲ့တာပါ။ဒီပွဲ ကိုတော့ မင်းသမီး Nina Dobrev ၊နှင်း လျောစီး ကစား သမား Shaun White ၊အနုပညာရှင်ဖြစ်တဲ့ Kevin Connolly  နဲ့ Lukas Haas  တို့ လည်း တက်ရောက် ခဲ့ပါတယ်။  မနက (၁၁) က နေ ညနေ (၄) ခွဲ အထိ ပါတီ ပွဲ လေးလုပ်ခဲ့တာပါ။ငယ်ချော လေးကို ရထားတဲ့ မင်းသားကြီး ကတော့ ပါတီ ကာလ အတွင်း မျက်နှာ မှာ Mask တပ် ထားပါတယ်။ပွဲ တက် လာသူတွေ က တော့ Cowboy စတိုင် ဦး ထုပ် တွေ ကို ဆောင်းပြီး တက်ရောက်လာခဲ့တာပါ။

 

View this post on Instagram

 

🕊

A post shared by Camila Morrone (@camilamorrone) on

လီယိုနာဒို ကတော့ Camila Morrone နဲ့ (၂၀၁၈) ဇန်န၀ါရီ တည်းက တွဲ လာ ခဲ့တာပါ။အခု ဆိုရင် တော့ နှစ် နှစ် လောက် ရှိနေ ပါပြီ။မကြာခဏ ဆိုသလို ခရီးအတူ ထွက် တာကိုလည်း တွေ့ ရပါတယ်။ချစ်သူ လေး နဲ့ အတူ ကမ္ဘာ ပတ် လိုက် ၊ချစ်သူ လေး အတွက် ဓါတ်ပုံ တွေ ရိုက် ပေးလိုက်နဲ့ လီယိုနာဒို တစ်ယောက် က တော့ မအား မလပ် ဖြစ် နေ ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကလည်း နှစ် ယောက်သား လော့အိန် ဂျလိစ်က ဆိုင်တစ်ဆိုင် မှာ ပီ ဇာ ၀ယ်  နေတဲ့ ပုံတွေ တက်လာခဲ့ပါတယ်။ဒီနှစ် အစော ပိုင်းတုန်းကလည်း အကယ်ဒမီ ပွဲ မှာ နှစ်ယောက် ဘေး ချင်း ကပ် ထိုင် ပြီး ပွဲတက်ခဲ့ပါတယ်။

READ
ခင်ပွန်းဖြစ်သူကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းလိုက်တဲ့ စမိုင်း
Image:IG/Camila Morrone

ဒီပွဲ မှာတော့ လီယိုနာဒိုက Once Upon a Time in Hollywood နဲ့  အ ကောင်းဆုံး မင်းသား ဆု လျာ ထားခံခဲ့ရ တာပါ။ကော်ဇောနီ ထက်မှာတော့ အတူတ ကွ လျှောက် လှမ်းတာ မျိုး မရှိ ခဲ့ ပေမယ့် ထိုင်တာ ကတော့ ကပ်လျက် ထိုင်ခဲ့တာပါ။အသက်ချင်းကွာ နေတဲ့ ဦး နဲ့ တွဲ ရ တဲ့ သူမရဲ့ Relationship  နဲ့ ပတ်သက်ပြီး အသက် ကွာ တာက သူမ အတွက် ပြဿနာ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။ဟောလိဝုဒ် နဲ့ သမိုင်းတစ်လျောက်မှာ အသက် ချင်း ကွာ တဲ့ စုံ တွဲ တွေ မှ အများကြီး ရှိကာ ကိုယ်ဒိတ်ချင်တဲ့ သူနဲ့ ဒိတ် သင့်တယ်လို့ လည်း သူမရဲ့ အမြင်ကို ပြောပြ ခဲ့ပါတယ်။

#SHWEMOM

SHARE