Instagram Boyfriend ဆိုပြီး နာမည်ပေးခံထားရတဲ့ Leonardo

Image:twitter/ @LAgadier/Camila Morrone's IG

မင်းသားကြီး Leonardo DiCaprio  နဲ့ သူ့ရဲ့ ချစ်သူ လေး Camila Morrone ကတော့ ကမ္ဘာကျော် ဦးနဲ့ သမီးစုံတွဲ တစ်တွဲ ပါ။Leonardo ကတော့ ချစ်သူလေးနဲ့ အတူတူ သွားလာပျော်ပါး နေရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အချစ်အတွက် ပုံပေးထားပါတယ်။အသက် (၂၅)နှစ်အောက်တွေကိုပဲ ရွေး တွဲ ခဲ့တာကတော့ Leonardo ရဲ့ ထူးခြားချက်ပါ။ အခုချစ်သူ Camila Morrone ကတော့ အသက် (၂၂)နှစ်ဖြစ်ပြီး Leonardo ကတော့ (၄၄)ပါ။ချစ်သူလေး နောက်ကို တစ်ကောက်ကောက် လိုက်နေတဲ့ အော်စကာမင်းသားကြီးကတော့ အခုဆိုရင် ‘Instagram boyfriend.’  ဆိုပြီး နာမည်ပေးခံထားရပါတယ်။

 

View this post on Instagram

 

@voguespain by @thomaswhiteside 📷 gracias a todos por incluirme en esta revista ✨

A post shared by Camila Morrone (@camilamorrone) on

Image:twitter/ @LAgadier

‘Instagram boyfriend.’  ဆိုတာကတော့ ချစ်သူဘယ်နေရာသွားသွား အလှဆုံးပုံတွေ တင်နိုင်အောင် ဓါတ်ဖမ်း ပေးရတဲ့ Boyfriend ကို ဆိုလိုတာပါ။Leonardo ကတော့ တကယ်လည်း ချစ်သူကို ဘယ်နေရာပဲ ရောက်ရောက် စိတ်ရှည်လက်ရှည်နဲ့ အလှဆုံး ဖြစ်အောင် ဓါတ်ဖမ်းပေးတတ်သူပါ။iPhone စီးရီးတွေ နဲ့ ပြင်သစ်နိုင်ငံ Antibes မှာရှိတဲ့ Hotel du Cap-Eden-Roc မှာလည်း ဓါတ်ဖမ်းပေးခဲ့သူပါ။ချစ်သူဦးကို လူတွေက ‘Instagram boyfrie nd.’  ဆိုပြီး နာမည်ပေးထားတာနဲ့ ပတ်သက်ပြီး Camila Morrone ကတော့ အခုလို ပြောခဲ့ပါတယ်။”Meme တွေ ကို ကျမ တွေ့လိုက်တာ။ဟီးရိုးတစ်ယောက် လိုပဲ သေရင်သေ(ဒါမှမဟုတ်)Instagram Boyfriend ဖြစ်လာဖို့ အသက်ရှင်ရင် လုံလောက်ပြီ..” ဆိုပြီးသူမက Vanity Fair ကို ပြောခဲ့ပါတယ်။”Instagram Boyfriend လို့ အပြော ခံရတာ သနားစရာပဲ.သူက ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပုဂ္ဂိုလ် တစ်ယောက်၊ရုပ်ရှင် Star တစ်ယောက်ပါ။ဒါတစ်ခုတည်း မဟုတ်ပါဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။

READ
Stormi ရဲ့ အဖေရင်းဆိုပြီး စွပ်စွဲခံနေရတဲ့ အပေါ် သက်တော်စောင့် တုံ့ပြန်
Image:twitter/ @LAgadier
Image:IG/Camila Morrone

ပြီးခဲ့တဲ့ မေလက ကိန်းစ် ရုပ်ရှင် ပွဲတော်တက်ရောက် ခဲ့စဉ်တုန်းက Leonardo DiCaprio က သူဟာ ချစ်သူ အတွက် ဓါတ်ပုံလှလှ လေးတွေ ရိုက်ပေးဖို့ ဆန္ဒရှိတယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ပါပါရာဇီတွေ က သူတို့ စုံတွဲကို ခိုးရိုက်ထားတဲ့ ပုံတွေ မျာဆိုရင်လည်း ချစ်သူ အတွက် ကြိုးစားပမ်းစားဓါတ်ပုံရိုက်ပေးနေတဲ့ ပုံတွေ အများကြီး ထွက်ပေါ် ခဲ့ဖူးပါတယ်။Leonardo DiCaprio နဲ့ Camila  တို့ရဲ့ Relationship သက်တမ်းကတော့ နှစ်နှစ် နီးပါးရှိခဲ့ပါပြီ။အသက် (၂၂)နှစ်ကွာတဲ့ သူတို့စုံတွဲ နဲ့ ပတ်သက်ပြီးဝေဖန် မှုတွေ လည်း အများကြီးရှိခဲ့ဖူးပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် တုန်းက  C amila က သူမရဲ့ IG မှာ ပုံတင်ခဲ့ပါတယ်။အဲ့ဒီပုံကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးစုံတွဲ  Lauren Bacall နဲ့ Hu mphrey Bogart တို့ရဲ့ ပုံပါ။အဲ့ဒီစုံတွဲကတော့ အသက် (၂၅နှစ်ကွာတဲ့ ဦးနဲ့ သမီးစုံတွဲပါ။ Leonardo နဲ့ သူမရဲ့ အသက် ကွာခြားချက်က (၂၂)နှစ်ဖြစ်တာကြောင့် သူတို့စုံတွဲ ထက်တောင် (၃)နှစ်ပိုပြီး အသက်ကွာပါတယ်။” A love like this ” လို့ Caption ရေးပြီး တင်ခဲ့တာပါ။

 

View this post on Instagram

 

A love like this

A post shared by Camila Morrone (@camilamorrone) on

Source:Dailymail

SHARE