ကာရေဘီယမ်ပင်လယ်ထဲ ပြုတ်ကျခဲ့တဲ့ အမျိုးသားကို ကယ်တင်နိုင်ခဲ့တဲ့ Leonardo

Imdb/TheBeach/Twitter/Leonardo

Titanic ဇာတ်ကားထဲမှာတော့ သင်္ဘောနစ်တဲ့အချိန်မှာ နစ်မြုပ်သေဆုံးခဲ့ရတဲ့ Leonardoဟာ ပြင်ပလောကမှာတေ့ ပြောင်းပြန်သူကိုယ်တိုင် ကာရေဘီယမ်ပင်လယ်ထဲမှာ နစ်မြုပ်တော့မယ့် လူတစ်ယောက်ကို စွန့်စွန့်စားစား ကယ်တင်ခဲ့တာဖြစ်ပါတယ်။

Twitter/Camila08

DailyMail.com ကဖော်ပြတဲ့သတင်းအရ အသက်၄၅နှစ်ရှိပြီဖြစ်တဲ့ Leonardoဟာ St.Barts ကျွန်းစုကို သွားနေတဲ့လမ်းမှာ အမျိုးသားတစ်ယောက်ရေနစ်နေတာကို ကိုယ်တိုင်ဆင်းဆယ်ပြီး ၁၁နာရီကြာ သတိပြန်ရလာအောင် ပြုစုပေးခဲ့ရတယ်လို့ သိရှိရပါတယ်။

Pexels/IMP features

ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာလ၃၀ရက်နေ့ညမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Leonardoဟာ အသက်(၂၂)သာရှိသေးတဲ့ သူရဲ့ချစ်သူ Camila Morrone နဲ့ St.Barts ကျွန်းမှာ နှစ်သစ်ကူးညကို ဖြတ်သန်းဖို့ ကာရေဘီယမ်ပင်လယ်ကို သူကိုယ်တိုင် သင်္ဘောမောင်းပြီး သွားနေတာဖြစ်ပါတယ်။ညဘက်မှာ ရုတ်တရက် သင်္ဘောပေါ်ကနေ အမျိုးသားတစ်ယောက်ပြုတ်ကျသွားတဲ့ အသံကို ကြားလိုက်ရပါတယ်။ ပြုတ်ကျသွားပြီးပြီးချင်း သင်္ဘောကိုရပ်ကာ သင်္ဘောပေါ်က Leonardoရဲ့ အဖွဲ့သားတွေဟာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

READ
မော်တာဗုံးအရှည်ကို ချစ်တင်းနှောရာမှာ အသုံးပြုခဲ့လို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီး
Twitter/Camila08

သို့သော် ညဖက်လဲဖြစ်တာတစ်ကြောင်း၊မိုးကလည်း သည်းသည်းမည်းမည်းရွာသွန်းနေပြီး လေတွေကလဲ တိုက်ခတ်နေတာကြောင့် ကျသွားတဲ့ အမျိုးသားကို အလွယ်တကူရှာမတွေ့နိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာပဲ Leonardo ဟာ ရုတ်တရက် အဲဒီအမျိုးသားလက်ဝှေ့ယမ်းပြနေပြီး ပင်လယ်ထဲမြုပ်သွားတာတွေခဲ့ပါတယ်။ဒါနဲ့ Leonardo လဲ သူကိုယ်တိုင် ပင်လယ်ထဲ ဒိုင်ဗင်ထိုးချပြီး ကယ်ဆယ်ခဲ့ကြောင်းသိရှိရပါတယ်။ ကယ်ဆယ်ပြီးသွားတဲ့ အချိန်မှာတောင် အဲဒီအမျိုးသားဟာ ၁၁နာရီကျော်ကြာအောင် သတိပြန်မလည်လာတာကြောင့် Leonardoကိုယ်တိုင် သေချာ အနီးကပ်ပြုစုခဲ့ရတယ်လို့ သိရှိရပါတယ်။

Pyi Hein Kyaw

SHARE