ထူးခြားတဲ့ နေရာသစ်တွေမှာ ညစာသုံးဆောင်နိုင်အောင် စီစဉ်ထားတဲ့ ပဲရစ်က ဟိုတယ်

Image:IG/lesbainsparis

ပြင်သစ်နိုင်ငံ ပဲရစ် ဟိုတယ် Les Bains က တော့ ကိုဗစ် ကြောင့် ၆ လ လောက် ပိတ်ခဲ့ရကာ စက်တင်ဘာ ၁၇ မှာတော့ ပြန်လည် ဖွင့် လှစ် ခဲ့ပါတယ်။ပြန်ဖွင့်ချိန်မှာတော့ ဧည့်သည်ကို အ ရေ အတွက် အကန့် အသတ်နဲ့သာ လက်ခံ ခဲ့ပါတယ်။ဧည့်သည်တွေ အတွက် ထူး ခြား တဲ့ နေရာ လေးတွေ ကိုပါ ထည့်သွင်း ပေးထားပါတယ်။လုံးဝ မျှော်လင့် မထားတဲ့ နေရာတွေမှာ ညစာစား ရတာ မျိုးတွေ ပါ။ဒီအ ကြောင်းကိုတော့ Insider မှာ ဖော်ပြထားပါတယ်။

ဟိုတယ်မှာရှိတဲ့ အခန်း ၃၉ ခန်းကိုတော့ နေထိုင်လို့မရပဲ ပိတ်ထားပါတယ်။ဧည့်သည် တွေ အနေနဲ့ ညစာ စားချင်ရင် ဟိုတယ်ရဲ့ ရေကူး ကန် ထဲမှာ သွားရောက် သုံးဆောင် ရတာ မျိုးတွေ ရှိပါတယ်။Dinner အတွက် reservation လုပ် မယ်ဆိုရင်တော့ ဟိုတယ်ရဲ့ မိုးမျှော်တိုက် ခန်း၊နိုက်ကလပ်၊သီးသန့် တိုက်ခန်း.အစရှိတဲ့ နေရာ တွေမှာ လုပ်လို့ ရပါတယ်။စက်တင်ဘာ ၁၀ ရက်နေ့က ဟိုတယ်ရဲ့ IG မှာ တင်ထားတဲ့ Post မှာတော့ ပုံမှန် မဟုတ်တဲ့ ညစာ တွေ ထဲက တစ်ခု..မတူတဲ့ အ တွေ့ အကြုံ ကို Les Bains Douches ရေကူးကန် မှာ ခံစားလို့ ရတယ်. ဆိုပြီး တင်ထားပါတယ်။ Les Bains ဟိုတယ်က တော့ ပဲရစ်မြို့ Marais ရပ်ကွက်မှာ တည်ရှိတာပါ။

1978 တုန်းက  designer Phillipe Stark  က အဲ့ဒီနေရာကို Les Bains Douches ဆိုတဲ့ နိုက်ကလပ် ဖွင့်ခဲ့ဖူးပါတယ်။သူ့ရဲ့ dance floor နဲ့ ရေကူးကန် က အရမ်းကို နာမည်ကြီးခဲ့ပြီး နာမည်ကြီး ဆယ်လီတွေ ဖြစ်တဲ့ Mick Jagger, Kate Moss,  Naomi Campbell  တို့ မကြာခဏ လာရောက်ခဲ့ဖူးပါတယ်။ (၂၀၁၅) မှာတော့ ဟိုတယ် အဖြစ် နဲ့ ပြောင်းလဲ ဖွင့်လှစ်ခဲ့တာပါ။အရင် ဖွင့်ခဲ့ဖူးတဲ့ နိုက် ကလပ် ပုံစံ နေရာ တစ်ချို့ကိုတော့ ဒီအတိုင်းပဲ ထားထားပြီး မူလ ဒီဇိုင်းကို မှီငြမ်းထားတဲ့ ဟိုတယ် ရေကူးကန် တစ်ခုကို လည်း ထားထားပါတယ်။ Roxo ဆိုတဲ့ စားသောက်ဆိုင် တစ်ဆိုင် တော့ ထပ်တိုးထည့်ထားပါတယ်။ထူးခြားတဲ့နေရာမှာ ညစာ သုံးဆောင် ချင်ရင် တော့ ကြာသပ တေး၊သောကြာ နဲ့ စ နေ နေ့ တွေမှာ ကြိုတင် စာရင်းေ ပးသွင်း နိုင်ပါတယ်။


#SHWEMOM

SHARE