ကွဲကွာနေတဲ့ ညီအစ်အကို(၃)ယောက်ကို အတူတူမွေးစားလိုက်တဲ့ အမျိုးသမီးလိင်တူအတွဲ

Facebook/Lena Currie

တစ်ချို့ကလေးတွေက မွေးကတည်းက အစွန့်ပစ်ခံခဲ့ရတာပါ။မိဘမဲ့ဂေဟာရောက်သွားတော့လည်း မွေးချင်းသုံးလေးယောက်ရှိရင် အကုန်လုံးကို တစ်ပြိုင်နက်မွေးစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဒါနဲ့ပဲ မွေးချင်းညီအစ်ကို ညီအစ်မတွေဟာ မွေးစားမိဘတွေ မတူတော့ ငယ်ငယ်လေးနဲ့ တစ်ကွဲတစ်ပြားဆီဖြစ်သွားတတ်ကြပါတယ်။ဒါပေမယ့် အခုတွေ့ရတဲ့ သတင်းကတော့ လိင်တူအမျိုးသမီးအတွဲဟာ ကွဲကွာနေတဲ့ ညီအစ်ကို၃ယောက်ကို အတူတူတပြိုင်နက်မွေးစားလိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

Facebook [email protected] Currie

အမျိုးသမီးလိင်တူအတွဲတစ်တွဲဖြစ်တဲ့ KCနဲ့ Lena Currieတို့ဟာ Massachusettsမြို့က ၁၈လသားလေးပဲရှိသေးတဲ့ Joeyကိုမွေးစားခဲ့ပါတယ်။ထို့နောက် Joeyမှာ တခြားမွေးချင်းညီအကိုနှစ်ယောက်ရှိသေးတယ်ဆိုတာ သိသိပြီးချင်း အဲဒီညီအကိုနှစ်ယောက်ကိုပါ လိုက်လံရှာဖွေပြီး မွေးစားခဲ့ကြောင်း Republic TVသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Facebook [email protected] Currie

KCနဲ့ Lenaတို့ဟ၊ Joeyကို မွေးစားခဲ့ပြီးနောက် မိဘမဲ့ဂေဟာကနေ ပြီး Joeyမှာ တခြားညီအကိုနှစ်ယောက်ရှိသေးကြောင်း ဖုန်းဆက်ပြောလာခဲ့ပါတယ်။Joeyရဲ့ ညီအငယ်ဆုံး Noahကို မွေးစားဖို့ ကမ်းလှမ်းလာတဲ့အခါမှာ KCနဲ့ Lenaတို့ဟာ မတုံ့ဆိုင်းဘဲ မွေးစားခဲ့ကြောင်းသိရှိရပါတယ်။

Posted by Lena Currie on Sunday, December 1, 2019

Noahကို မွေးစားပြီးတစ်လအကြာမှာတေ့ မိဘမဲ့ဂေဟာကနေ ထပ်မံဖုန်းဆက်လာခဲ့ပြန်ပါတယ်။အဲဒါကတော့ Joeyနဲ့ Noahမှာ နောက်ထပ်ညီအကိုရှိသေးတယ်ဆိုတာပါပဲ။ သူ့နာမည်ကတော့ Loganပဲ ဖြစ်ပါတယ်။Loganဟာ တခြားမိသားစုတစ်ခုကနေ မွေးစားဖို့ ကမ်းလှမ်းခံခဲ့ရပြီး နောက်ဆုံးအချိန်မှာ မွေးစားဖို့ကိစ္စမဖြစ်နိုင်တော့ကြောင်း ထိုမိသားစုကနေ မိဘမဲ့ဂေဟာကို လှမိးအကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။KCနဲ့ Lenaတို့ဟာငြင်းဆိုမှုမပြုပဲ Loganကိုပါ မွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
နယူးယောက်မြို့ရဲ့ မြို့သူ မြို့သားတွေ ဒေါသတွေကို ဖြေလျှော့နိုင်ဖို့ စီစဉ်ပေးထားမှုများ

“သူတို့မိသားစုလေးဟာ အခုဆိုရင် ပြည့်ပြည့်စုံစုံ ကြီးပြင်းလို့ရပါပြီ။အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်မှာ ကျိန်းသေပါတယ်။KCနဲ့Lenaတို့ဟာ ညီအကိုတွေရဲ့ သံယောဇဉ်ကို တကယ်နားလည်တဲ့သူပါပဲဗျာ”လို့ မိဘမဲ့ဂေဟာမှ သတင်းဌာနကို ပြောပြခဲ့ပါတယ်။ KCနဲ့ Lenaတို့ဟာ အိမ်ထောင်သက်တမ်း၅နှစ်ကျော်ရှိလာပြီဖြစ်ပြီး အခုဆိုရင်တော့ သူတို့သား၃ယောက်လုံး ကြီးပြင်းလာတဲ့ပုံလေးတွေကို အမှတ်ရဓာတ်ပုံရိုက်ကာ ပြန်ကြည့်ရှု့ရင်း ပျော်ရွှင်နေကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

 

SHARE