Cookie မုန့်လေးများနှင့် ဘဝသင်ခန်းစာ

cookie

ကောင်မလေးတစ်ယောက် လေဆိပ်ထဲကိုလျှောက်လာပါတယ်။ သူမလေယာဉ်ထွက်ဖို့အချိန်က လိုနေသေး
တာကြောင့် လေဆိပ်ထဲမှာ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အချိန်ကတော်တော်လေးကိုစောနေသေး
တာကြောင့် Cookie မုန့်ဝယ်ပြီး စာအုပ်ဖတ်ကာ စောင့်နေဖို့ သူမဆုံးဖြတ်လိုက်ပါတယ်။

VIPအခန်းထဲကခုံတစ်ရာမှာထိုင်ပြီး စာအုပ်ဖတ်နေလိုက်ပါတယ်။ သူမရဲ့ဘေးမှာကောင်လေးတစ်ယောက်ထိုင်
ပြီး စာအုပ်ဖတ်နေတာကို သတိပြုမိလိုက်ပါတယ်။သူမရဲ့ ကွတ်ကီမုန့်တွေထဲက Cookie တစ်ချပ်ကို သူမယူစား
လိုက်ပါတယ်။ထိုအချိန်မှာပဲ သူမဘေးမှာ ထိုင်နေတဲ့ကောင်လေးက သူမရဲ့ကွတ်ကီတစ်ချက်ကိုယူစားတာကို
သူမတွေ့လိုက်ပါတယ်။ သူမ စိတ်ထဲတော်တော်လေး ခံပြင်းသွားပါတယ်။”ဘယ်လိုကောင်ပါလိမ့်၊ငါစိတ်ကောင်း
ဝင်နေတုန်းမို့လို့ပေါ့ နို့မို့သာဆိုရင် ထရိုက်မိမှာသေချာတယ်လို့” ဒေါသတကြီးတွေးမိလိုက်ပါတယ်။
သူမကွတ်ကီနောက်တစ်ခု ယူတော့လည်း ထိုကောင်လေးက နောက်တစ်ခုလိုက်ယူပါတယ်။သူမ ဒေါသထွက်
လာပါပြီ။ ဒါပေမဲ့လည်း လေဆိပ်ထဲမှာ ဆိုတော့ဆူဆူညံညံ မဖြစ်ချင်တာနဲ့ ငြိမ်နေလိုက်ပါတယ်။

ဒီလိုနဲ့ ကွတ်ကီကတစ်ခုပဲကျန်ပါတော့တယ်။ ဒီအချိန်မှာတော့ ဒီကောင်လေးဘာလုပ်အုံးမလဲ မသိဘူးလို့သူမ
တွေးမိလိုက်ပါတယ်။ ထိုအချိန်မှာပဲ သူ့ဘေးနားကကောင်လေးက ထိုကွတ်ကီကိုယူပြီးတစ်ဝက်ခွဲကာယူစားပြီး
ကျန်တဲ့တစ်ဝက်ကို သူမကိုလှမ်းပေးလိုက်ပါတယ်။

READ
မွန်မြတ်တဲ့အလုပ်အတွက် အအိပ်ဆင်းရဲခံကြရတဲ့ လေးစားဖွယ်ဆရာဝန်များ

ဒီတစ်ကြိမ်မှာတော့ သူမတော်တော်လေးကိုဒေါသထွက်သွားပြီး သူမစာအုပ်ကို သိမ်းကာချက်ချင်းဆိုသလို
လေယာဉ်ထွက်မယ့်နေရာကို ဒေါသတကြီး ထထွက်သွားပါတော့တယ်။ သူမလေယာဉ်ပေါ်ယောက်တော့
သူမရဲ့မျက်မှန်ကိုရှာဖို့ သူမရဲ့ hand bagအိတ်ကို ဖွင့်လိုက်ပါတယ်။သူမရဲ့အိတ်ထဲမှာတွေ့လိုက် ရတာကတော့
မထိရ၊ မဖွင့်ရသေးတဲ့ ကွတ်ကီမုန့်အိတ်လေးတစ်ထုပ်ပါပဲ။

သူမလည်း အလွန်ပဲရှက်မိသွားပါတယ်။ သူမမှားခဲ့မှန်းလည်း နားလည်သွားပါတယ်။သူမရဲ့ Hand bag
အိတ်ထဲမှာ ကွတ်ကီတွေကို သိမ်းထားတာကို မေ့နေခဲ့တာပါ။ သူမကသူမရဲ့ကွတ်ကီတွေကို ထိုကောင်လေး
ယူစားနေခဲ့တယ်လို့ထင်ခဲ့တာပါ။သူမကဒေါသတွေထွက်နေခဲ့တဲ့အချိန်မှာ ထိုကောင်လေးကတော့
ဒေါသထွက်ခြင်း အလျင်းမရှိပဲ သူ့ရဲ့ကွတ်ကီတွေကို သူမနဲ့မျှဝေနေခဲ့တာပါ။ အခုတော့ သူမထိုကောင်လေး
ကိုနောက်တစ်ကြိမ်ပြန်တွေ့ပြီးတောင်းပန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒီလိုပါပဲ ဘ၀မှာတစ်ခါတစ်လေ ကိုယ်ဘာလုပ်နေလဲမမြင်နိုင်လောက်အောင် သူများတွေရဲ့အပြစ်ကိုပဲကြည့်ပြီး
ရှင်သန်မိတတ်ကြပါတယ်။ ဒီတော့ ထိုကောင်မလေးလိုမဖြစ်အောင် ကျွန်တော်တို့သူများတွေကို အပြစ်မတင်ခင်
မိမိရဲ့အပြစ်တွေကို အမြဲပြန်ကြည့်ကြပါစို့။

READ
အသက်(၇၀)ကျော်အထိ ပြိုင်ပွဲနေဆဲ ကမ္ဘာ့ပထမဆုံး မာရသွန်ပြိုင်ပွဲဝင် အမျိုးသမီး

မိုးရှင်း (I.M.T)
ref: guy-sports.com

SHARE