မာန်​မာန​တွေသင့်​ကိုမဝါးမြိုခင်​ အမြန်​ဆုံးစွန့်​လွှတ်​တတ်​​စေဖို့

နည်းနည်းလေးအောင်မြင်စပြုတဲ့အခါ၊ ချီးကျူးခံရတဲ့အခါ ကိုယ့်ကိုယ်ကိုလုပ်နိုင်တယ်လို့ ယုံကြည်မှုရှိ
သွားခြင်းဟာ သင့်ကိုနောက်တစ်လှမ်းလှမ်းနိုင်မယ့် အားအင်ပါ။ဒါပေမယ့် အရမ်းယုံကြည်မှုတွေပိုပြီး
နားထင်သွေးရောက်မာန်တက်သွားရင်တော့ ဒါဟာ သင့်ရည်မှန်းကိုပျက်သုဉ်းစေမယ့်နိမိတ်ပဲဖြစ်ပါတယ်။

မာန်မာနဟာ အမှားတေ၊ွ အဆိုးတွေကိုပဲဖြစ်စေပါတယ်။ဒီတော့သင့်မှာဒီမကောင်းဆိုးဝါးကြီးစွဲကပ်နေပြီ
လား?? စွဲကပ်နေပြီဆိုရင်ရော ဘယ်လိုချေမှုန်းမလဲ??

 

(၁)ကိုယ့်ကိုယ်ကိုမညာပါနဲ့၊ သက်ညှာမနေပါနဲ့။

 

တစ်ခါတစ်လေ ကိုယ်မကောင်းတာသိပေမယ့် မာနထိခိုက်မှာစိုးပြီးမပြုပြင်ဘဲ အဲ့ဒီ့အဆိုးပေါ်မှာပဲ တစ်ဝဲ
လည်လည်လုပ်နေတတ်ပါတယ်။ သူငယ်ချင်းအပေါင်းသင်းတွေအပေါ်လည်း ဟန်ဆောင်ဖုံးဖိပြီးပေါင်းမိနေ
တတ်ပါတယ်။ဒီလိုဖြစ်ပြီဆို ကိုယ့်ကိုယ်ကို သက်ညှာမနေပါနဲ့။ကိုယ်ဘာမကောင်းလဲ၊ ဘာတွေမှားနေလဲ
စဉ်းစား။ အမှန်ကိုလက်ခံ။ ပြောင်းလဲရမှာတွေကိုပြောင်းလဲပါ။ ဒါမှ မာန်မာနကင်းစင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်
မှာပါ။

 

(၂)တလွဲလေးတွေလုပ်မိတဲ့အခါ ရယ်လိုက်ပါ။

 

သင်ကိုယ်တိုင်ဖြစ်စေ၊ တခြားသူကဖြစ်စေအလွဲလေးတွေလုပ်မိတဲ့အခါ မာနထောင်လွှားပီး ခပ်တည်တည်
နေတာမျိုး၊ ဒေါသထွက်ပြနေနေတာမျိုးထက် ဒီလိုရယ်လိုက်တာဟာ သင့်ရဲ့မာနတွေကိုပပျောက်စေတဲ့
အပြင်၊ လူချစ်လူခင်လည်းပေါစေပါတယ်။ နောက်ပြီး တကယ်လို့ အလွဲလေးတွေလုပ်မိသူက သင်ဖြစ်နေ
မယ်ဆိုရင်တောင် ရယ်မောစရာလေးအဖြစ်ပြောင်းလိုက်တာကြောင့် အားလုံးက အမှားလုပ်တယ်လို့မမြင်ပဲ၊
ရယ်စရာအလွဲလေးလို့ပဲမြင်တော့မှာပါ။

 

(၃)မှားသွားရင် မှားကြောင်းဖွင့်ပြောပါ။

 

မှားသွားပြီဆိုရင်မာနတစ်ခွဲသားနဲ့ အပြန်အလှန်ငြင်းခုန်နေတာဟာ အချိန်ကုန်တာအပြင် ဘာမှမရှိပါဘူး။
ဒါ့ကြောင့်မှားတဲ့အခါ အမှားကိုလက်ခံပါ။ ကိုယ်ကမှားရင်မှားကြောင်းသေချာပြောပြပါ။ တစ်ဖက်လူကို
လေးစားသမှုနဲ့ ခေါင်းအကူအညီတောင်းလိုဟန်နဲ့ပြောပါ။ သူများမှားလို့ လာပြောရင်လည်းမာနရှေ့တန်း
တင်ပီး ဆူပူငြင်းခုန်မနေဘဲ၊ အမှားရဲ့အရင်းမြစ်ကိုရှာ၊ ပြန်လည်ဖြေရှင်းပြီး ၊ ရှေ့ဆက်ဘယ်လိုလုပ်မယ်
ဆိုတာပဲစဉ်းစားပါ။ လူတိုင်းအမှားမကင်းပါဘူး။ ဒါ့ကြောင့်အမှားကို ဝန်ခံအကူညီတောင်းရမှာ ရှက်စရာ
မဟုတ်သလို၊ မာနထိခိုက်စရာလည်းမဟုတ်ပါဘူး

 

(၄)သင်မသိမတတ်ကျွမ်းတဲ့အရာတွေကို သိနားလည်အောင်လုပ်ပါ။

 

မသိနားမလည်တာတွေကိုသင်ယူပါ။ လူတိုင်းကမပြည့်စုံပါဘူး။ ကိုယ်ကျွမ်းကျင်တာတွေရှိသလို၊ မကျွမ်း
ကျင်တာတွေလည်းရှိပါတယ်။ ဒါ့ကြောင့်မကျွမ်းကျင်တာတွေသင်ယူဖို့ဝန်မလေးပါနဲ့။ အသစ်ဖြစ်လို့မှား
သွားရင်စိတ်မညစ်ပါနဲ့။ ပထမဆုံးအကြိမ်တော့လူတိုင်းမှားတာချည်းပါပဲ။ အဓိကက သင့်အကြောင်းသင်
တကယ်သိပြီး၊ လိုအပ်နေသေးတာတွေကို လုပ်ဖို့ပါပဲ။ ဒီလိုရတဲ့အထိကြိုးစားခြင်းကလည်း သင့်ကို
မာန်မာနရန်က လွတ်ကင်းစေပြီး သင့်ဘဝတိုးတက်စေပါတယ်။

 

(၅)သင်ဘာတွေဖြတ်ကျော်ခဲ့ရလည်းသတိရပါ။

 

တစ်ခါတစ်လေမှာ သင့်ဘဝ တစ်လျှောက်လုံးသင်တောင်မေ့လုနီးပါးဖြစ်နေတဲ့ အတိတ်ကအမှားတွေကို
ပြန်တွေးသင့်ပါတယ်။အထူးသဖြင့် သင်စိတ်ဓာတ်ကျနေတဲ့အခါမျိုး၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
မျိုးတွေမှာပါ။ သင်အရင်ကမှားဖူးတယ်၊ ဒီအမှားတွေကိုပြုပြင်နိုင်လို့ဒီထိရောက်ခဲ့တယ်။ ခုအခက်အခဲတွေ၊
အမှားတွေကိုလည်း တစ်ချိန်တုန်းကလို ပြုပြင်နိုင်တယ်ဆိုတာတွေးပါ။ နောက်ပြီး ဒီလိုပြန်တွေးတာဟာ
မာန်မာနတွေ ခဝါချရုံသာမက နောက်ထပ် ဒီလိုအမှားမျိုးထပ်မမှားဖြစ်တော့ပါဘူး။
မာန်တက်တာဟာ ဝိတ်တက်သလိုပဲ ဖြစ်လွယ်လွန်းပါတယ်။ အဓိကက စိတ်ကိုထိန်းချုပ်နိုင်ဖို့ပါ။ ဒီလို
ထိန်းချုပ်ဖို့ကလည်း သင့်အကြောင်း သင်ကောင်းကောင်းသိပြီး၊ အမှန်တရားကို လက်ခံဖို့လိုပါတယ်။
စိတ်လျှော့ပြီးလုပ်သင့်တာကိုလုပ်ပါ။ ပြောင်းလဲသင့်တာကိုပြောင်းလဲတတ်အောင်ကျင့်ယူပါ။
SHARE