မနေချင်တဲ့သူကို ထွက်သွားခွင့်ပေးလိုက်ပါ

ကိုယ်ချစ်ရတဲ့သူကို စွန့်လွှတ်လိုက်ဖို့ဆိုတာ တကယ်တော့ တော်တော်နာကျင်ရတဲ့ ခံစားချက်ပါ။ဒါပေမယ့်သူမှ ကိုယ့်ဆီမှာ မနေချင်တော့တာ ကိုယ်က ဖမ်းဆုပ်ထားရင် ကိုယ်နာကျင်ရမှာထက် သူနာကျင်ရမှာက ပိုပြီး ၀မ်းနည်းစရာကောင်းပါ တယ်။ကိုယ်ကပိုနာကျင်ရမှာမဟုတ်ဘူးလား။မှန်ပါ တယ် ၊ကိုယ်ကချစ်နေသေးပေမယ့် ကိုယ့်ကိုမချစ်တော့တဲ့သူ ၊ကိုယ့်အနားမှာ မနေချင်တော့တဲ့သူ တစ်ယောက် ဒီလို လူတစ်ယောက်ကို ကိုယ့်အနားမှာထားရတာ ဘယ်လောက် နာကျင် စရာကောင်းသလဲ။အရင်တုန်းက ကိုယ့်ကို အချစ်တွေပေးခဲ့ပြီးသံယောဇဉ်တွေထားခဲ့တဲ့သူတစ်ယောက် က အခုလို ပြောင်းလဲသွားပြီဆိုတာသိ ရတော့ ပိုလို့တောင်ကြေကွဲရ ပါတယ်။

ဒါပေမယ့်တခါတလေ ရေနစ်သူတစ်ယောက်လို မီရာဖမ်းဆွဲလိုက်ပေမယ့် ကိုယ်ထင်နေသလို သစ်ကိုင်းတစ်ခက် မဟုတ်ဘဲ ဆူးခက်တစ်ချိုး ဖြစ်နေမယ်ဆိုရင် ကိုယ့်လက်ကိုဆူးတဲ့ဝေဒနာကို ကျိတ်မှိတ်ခံစားမနေဘဲ ရှိသမျှအားအင်နဲ့ ကြိုးစား ခူးခတ် တာကမှ လူပီသမှုဆိုတဲ့ နောက်ဆုံးရလဒ်လေးကိုတောင်ရနိုင်ပါသေးတယ်။

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲပါ

ကိုယ်က ပြောင်းလဲပေးလို့မရတဲ့အရာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ်တိုင်ပြောင်းလဲလိုက်တာက ကိုယ့်အ တွက် နာကျင်မှုအနည်းဆုံးဖြစ်နိုင်ပါတယ်။အဓိကက ကိုယ်လက်ခံမှဖြစ်တာပါ။ဒါကြောင့် ချစ်သူဟောင်း(ex) ကိုစွန့်လွှတ်လိုက်ရပေမယ့်လည်း ကိုယ်ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံဖြစ်အောင် ပြောင်းလဲလိုက်ပါ။ဆံပင်၊ အ၀တ်အစားဒီ ဇိုင်းစသဖြင့် သင်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက်ရဲ့ styleကို ပြောင်းလဲရယူလိုက်ပါ။

READ
အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်သည့် ယောက်ျားတစ်ယောက်၏ လက္ခဏာများ

သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

ဒီအချိန်မှာ သင့်ရဲ့ ပျက်ကွက်မှုတွေအတွက် သူငယ်ချင်းတွေကို အကောင်းဆုံးဖြည့်ဆည်းပေးလိုက်ပါ။ သူတို့ဆီကသင့် အတွက် ပျော်ရွှင်မှုတွေနဲ့ အကြံပြုချက်အသစ်တွေကိုရရှိနိုင်ပါတယ်။အားလပ်ချိန်တွေကို သူငယ်ချင်းတွေနဲ့အတူ ဖြတ် သန်းတာက ချစ်သူဟောင်းကို မေ့ထားနိုင်သလို ပျော်ရွှင်စရာအချိန်တွေရှိနေရင် ချစ်သူဟောင်းကို မလိုအပ်တော့ ဘူးဆိုတဲ့အချက်ကို သင်ရှာတွေ့လာမှာပါ။ဒါ့အပြင် သင့်အတွက်စိတ်ဝင်စားစရာကောင်း တဲ့ လေ့လာသင်ယူမှု အသစ် တွေကလည်း exကို သတိရမိနေမယ့်အချိန်တွေကို ကောင်းကောင်းထိန်းကျောင်းပေးနိုင်မှာပါ။

လျစ်လျူရှုလိုက်ပါ

သူနဲ့ပတ်သက်တဲ့အရာအားလုံးကို လက်လွှတ်လိုက်တာအကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ပတ်သက်သမျှ အရာတိုင်းက အခုချိန်မှာ သင့်အတွက်နာကျင်ခံစားစရာတွေချည်းပါပဲ။social media မှာ၊ သူရဲ့ ဖုန်းနံပါတ်၊ အမှတ်တရ memoryတွေ၊ သူရှိတဲ့နေရာကိုသွားတာ စသဖြင့် အားလုံးကို ဖြတ်တောက်လိုက်ပါတော့။သူနဲ့ပတ်သက်တဲ့အမှတ် တရတွေ က များပြားလွန်းလို့ memoryမှာ မဆံ့အောင်ပဲရှိနေတယ်၊ သူနဲ့လျှောက် လည်ခဲ့တဲ့ အမှတ်တရနေရာတွေက များပြားလွန်းလို့ ဘယ်မှမသွားချင်အောင်ပဲ ဆိုရင် သင်က သင့်ကိုယ်သင် တောင်မပိုင် ဆိုင်ချင်တော့ဘူး လား။ကိုယ်ပိုင်ခံ ယူချက်နဲ့ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ သင့်ကို ချစ်နေတဲ့ တခြားသူတွေအတွက်စဉ်းစားပြီး ကိုယ့်ကိုနာကျင်စေတဲ့သူကို လျစ်လျူရှုလိုက်သင့်ပါတယ်။

READ
တစ်နယ်စီ၊တစ်မြို့စီကလူတွေကို ချစ်သူမတော်သင့်တဲ့အကြောင်းရင်း(၅)ခု

သင့်စိတ်ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်ပါ

အစွဲအလမ်းကြီးတဲ့သူတစ်ယောက်အတွက် လျစ်လျူရှုခြင်းဆိုတာ မကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုပါပဲ။ဒီလိုဆိုရင် သင့်ရဲ့ ရင်ထဲမှာ တင်းကြပ်ခံစားနေရတဲ့ ခံစားချက်တွေကို လေဟာနယ်ထဲကို ဖွင့်ချလိုက်ပါ။စိတ်ရှိလက်ရှိ အော်ဟစ်လိုက်တာ မျိုး၊ ပေါက်ကွဲဒေသထွက်၊ ငိုပစ်လိုက်တာမျိုးတွေလုပ်နိုင်ပါတယ်။ဒါ့အပြင် သင်ပြောချင်နေတဲ့ အကြောင်းအရာ၊ ခံစား ချက် တွေကို စာရွက်ပေါ်မှာ ချက်ရေးပြီး ဖွင့်ဟနိုင်ပါတယ်။ဒီနည်းလမ်းက သင့်ခံစားချက်တွေကို လှောင်ပြောင်၊ ခနဲ့မှာ တွေအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။

တကိုယ်တည်းဘ၀ကို ကျေနပ်စွာခံယူပါ

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ကုန်ခမ်းသွားမယ့်အရာမဟုတ်ပါဘူး။သင့် ချစ်သူဟောင်း(ex)က သင့်ကိုအချစ် တွေ မပေးနိုင်တော့ပေမယ့် သင်မသိနိုင်တဲ့အခြားတစ်ဖက်မှာ သင့်အတွက်အချစ်တွေရှိနေသေးတယ်ဆိုတာ မမေ့ထားပါနဲ့။ Single ဘ၀က အရှင်းဆုံးဥပမာပေးရရင် ဈေးဝယ်ထွက်သလိုပါပဲ။သင့်စိတ်ကြိုက်ပစ္စည်းကို ရွေးချယ်ဝယ်ယူခွင့်ရှိသလို   အချစ်တွေအများကြီးထဲကမှ သင့်စိတ်ကြိုက်အချစ်ကို ရွေးချယ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိနေတယ်ဆိုတာပါပဲ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE