AI စနစ်က ရေးတဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးကြော်ငြာ

ကွန်ပြူတာတွေက လူတွေကို အစားထိုးနိုင်တာတော့ မဟုတ်သေးပေမယ့် အသိဉာဏ်တုဖြစ်တဲ့ AI စနစ်တွေကတော့ လုပ်ငန်းတွေရဲ့ လုပ်ရိုးလုပ်စဉ် တစ်စိတ်တစ်ပိုင်းမှာ နေရာဝင်ယူလာနိုင်နေပါပြီ။

ကမ္ဘာကျော် မော်တော်ကား brand တစ်ခုဖြစ်တဲ့ Lexus ကတော့ ကုမ္ပဏီရဲ့ ကြော်ငြာအသစ်ကို AI က ဖန်တီထားတဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ၁ မိနစ်စာ ကြော်ငြာသစ်အတွက် အမေရိကန်ရှိ အပြည်ပြည်ဆိုင်ရာ အိုင်တီကုမ္ပဏီ IBM မှ ဖန်တီးထားတဲ့ Watson AI စနစ်က ဇာတ်ညွှန်းရေးထားကာ အော်စကာဆုရ ဒါရိုက်တာ Kevin Macdonald က ရိုက်ကူးထားတာပါ။ Lexus ES ၂၀၁၉ မော်ဒယ်ကို ဥရောပမှာ ဖြန့်ချိဖို့အတွက် ကြော်ငြာပါ။

AI စနစ်ထဲကို ဆုရ ကြော်ငြာများရဲ့ ဗီဒီယိုတွေ၊ အသံဖိုင်တွေအပါအဝင် အခြားဒေတာများကို ထည့်သွင်းကာ ထို့နောက်မှတစ်ဆင့် Watson AI ထဲကနေ ကြော်ငြာသစ်တစ်ခုကို ဖန်တီးစေခဲ့တာပါ။ ကြော်ငြာတစ်ခုလုံးရဲ့ အိုင်ဒီယာကို AI ကို ဆွဲခိုင်းထားတာတော့ မဟုတ်ဘဲ ဇာတ်ညွှန်းအကြမ်းဖျင်းကို ဖန်တီးခိုင်းတာဖြစ်ပြီး ထိုဇာတ်ညွှန်းကို အခြေခံကာ အေဂျင်စီတွေက ပြန်ပြီး ဇာတ်လမ်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

READ
၂၀၁၇-၁၈ မိုဘိုင်းဖုန်းရောင်းအားအကောင်းဆုံး ထိပ်တန်းကုမ္ပဏီ(၁၀)ခု

ကြော်ငြာထဲမှာ တွေ့ရတာကတော့ အရင်ဆုံး Lexus ရဲ့ ပညာရှင်က Lexus ES ကို တည်ဆောက်ကာ လွှတ်ပေးလိုက်တာပါ။ နောက်ပိုင်းမှာ ကားက အဖျက်ဆီးခံရတော့မယ့် အရေးပေါ်အချိန် ရောက်လာခဲ့ပြီး ကားရဲ့ အရေးပေါ် အော်တိုဘရိတ်စနစ်က အန္တရာယ်မှ ကယ်တင်လိုက်နိုင်ပုံပါ။

Lexus ES ကားမော်ဒယ်သစ်အတွက် “Driven by Intuition” ကြော်ငြာကမ်ပိန်ကိုတော့ နိုဝင်ဘာ ၁၉ က စတင်ခဲ့ပါတယ်။ ကြော်ငြာဖန်တီးခဲ့တဲ့ AI စနစ်ကို MindX ဆိုတဲ့ ပရိုဂရမ်နဲ့လည်း လေ့ကျင့်ပေးထားပါသေးတယ်။ သြစတေးလျ  New South Wales တက္ကသိုလ်က တီထွင်ထားတဲ့ MindX ဟာ လူတွေက ဘယ်လိုကားကြော်ငြာမျိုးတွေကို ကြိုက်တတ်လဲဆိုတဲ့ ဆန်းစစ်ချက် ဒေတာတွေပါတဲ့ ပရိုဂရမ်ပါ။

“Watson AI ကို ကြော်ငြာဖန်တီးစေလိုက်ခြင်းက အနာဂတ်ရဲ့ AI ခေတ်မှာ လူတွေနဲ့ စက်တွေ ဘယ်လိုပူးပေါင်းဖန်တီးမှုတွေ လုပ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဥပမာကောင်းတစ်ခုပဲ ဖြစ်ပါတယ်” လို့ IBM ရဲ့ မီဒီယာ ကျွမ်းကျင်ပညာရှင် Reece Medway က သုံးသပ်ပြခဲ့ပါတယ်။

READ
Facebook အသုံးပြုခြင်းဟာ နီကိုတင်းကဲ့သို့ စွဲလမ်းစေနိုင်ဟု လေ့လာချက်တစ်ခုကဆို

Ref: Fanatical Futurist, Tech Radar, Variety

SHARE