Folding phone တွေကို မထင်မှတ်ထားတဲ့နည်းနဲ့ ယှဉ်လိုက်တဲ့ LG V50

LG ကနေ အသစ်မိတ်ဆက်တော့မယ့် ဖုန်းအမျိုးအစားကတော့ LG V40 ကို နှစ်ထပ်ပေါင်းထားတဲ့ ပုံစံမျိုး ဖြစ်မယ့် LG V50 ဖြစ်ပါတယ်။ Processor က Snapdragon 855 ၊ ဖုန်းပူတာကို လျှော့ချပေးမယ့် စနစ်၊ ပိုကြီးမားတဲ့ ဘက်ထရီပါဝင်ပြီး 5G အင်တာနက်ကို သုံးလို့ရမယ့် ဖုန်းလည်း ဖြစ်ပါတယ်။

The Verge

ပုံစံအနေနဲ့ကတော့ လတ်တလော ခေတ်စားလာနေတဲ့ ကွေးခေါက်လို့ရတဲ့ folding ဖုန်းတွေလိုတော့ မဟုတ်ဘဲ dual screen နဲ့ ထုတ်လိုက်တာဖြစ်ပါတယ်။ အဓိက screen က ၆.၄ လက်မ အရွယ်ရှိပြီး second screen မှာ ၆.၂ လက်မရှိပါတယ်။

The Verge

Screen က နှစ်ထပ်ဖြစ်သွားတဲ့အတွက်လည်း ကိုင်တွယ်ရာမှာ အနှောင့်အယှက်မဖြစ်ဘဲ ပုံမှန်ဖုန်းတွေလိုပဲ ထည့်သိုရလွယ်တဲ့အကြောင်း The Verge မီဒီယာရဲ့ review မှာ ဖော်ပြထားပါတယ်။ ဖုန်း ၂ ဘက်ကို ၃၆၀ ဒီဂရီနဲ့ ခေါက်ချလိုက်လို့ရတဲ့အတွက် တစ်ဘက်မှာ ဓာတ်ပုံရိုက်နေတာကို နောက်တစ်ဘက်က လူဆီမှာလည်း အလွယ်တကူ မြင်နေနိုင်ပါတယ်။

READ
အရက်သမားတွေအတွက် တီထွင်လိုက်တဲ့ကိရိယာ
The Verge

Screen ၂ ခုကို ချိတ်ဆက်ပေးမယ့် Wi-Fi chipset ကိုလည်း ထည့်သွင်းထားပါတယ်။ ဂိမ်းဆော့တဲ့အခါမှာလည်း main screen က monitor ဖြစ်ပြီး second screen ကို gamepad controller အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဂိမ်းသမားတွေ သဘောကျမယ့် ဖုန်းမျိုးလည်း ဖြစ်ပါတယ်။

The Verge

Resolution အနေနဲ့ကတော့ The Verge က review ရေးသူရဲ့ ဖော်ပြချက်အရ screen ၂ ခုရဲ့ resolution ကတော့ မတူညီဘူးလို့ သိရပါတယ်။ LG ရဲ့ ဖုန်းတွေထဲမှာတော့ 5G သုံးလို့ရတဲ့ ပထမဆုံး ဖုန်းအမျိုးအစားပါ။ ဈေးနှုန်းကိုတော့ အတိအကျ မကြေညာသေးပါဘူး။ Samsung Galaxy Fold နဲ့ Huawei Mate X ခေါက်ဖုန်းတို့ထက်တော့ သက်သာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဖြန့်ချိမယ့် ဈေးကွက်မှာလည်း အမေရိကန်ဈေးကွယ် မပါဘူးလို့ သိရပါတယ်။

READ
လိင်ကိစ္စအတွက်သာမက အိမ်မှုအလုပ်မျိုးစုံလုပ်နိုင်မည့် Robot များ မကြာမီထုတ်လုပ်နိုင်မည်
The Verge
The Verge

Ref: The Verge

SHARE