လူသားမဟုတ်တဲ့ Virtual Influencer ကို သုံးပြီး ကုန်ပစ္စည်းသစ်ကို ကြော်ငြာခဲ့တဲ့ LG

Instagram- @reahkeem

သူမနာမည်ကတော့ Reah Keem ပါ။ Reah ဟာ ဂီတတွေဖန်တီးတယ်၊ ခရီးတွေသွားတယ်၊ ဓာတ်ပုံလှလှလေးတွေရိုက်ပြီး social media ပေါ်တင်တယ်၊ လူသိများတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူမဟုတ်တာလေးတစ်ခုပါပဲ။ သူမကိုတော့ Virtual Influencer လို့ခေါ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Reah Keem (@reahkeem)

လက်ရှိအချိန်မှာတော့ Reah ဟာ Instagram မှာ follower ပေါင်း ၆ ထောင်ကျော်နဲ့ SoundCloud page မှာလည်း သီချင်းတွေ ကိုယ်တိုင်ရေး၊ ဆိုပြီး တင်တင်နေခဲ့ပါတယ်။ သြော်.. မေ့လို့။ Reah က တောင်ကိုရီးယားသူလေးနော်။ ဆိုးလ်မှာနေပါသတဲ့လေ။

 

 

View this post on Instagram

 

A post shared by Reah Keem (@reahkeem)

 

View this post on Instagram

 

A post shared by Reah Keem (@reahkeem)


The Verge ရဲ့ဖော်ပြချက်အရ Reah ဟာ ကြော်ငြာတစ်ခုကို လက်ခံရိုက်ကူးခဲ့ပါတယ်တဲ့။ ကြော်ငြာကလည်း brand အကြီးကြီးထဲက တစ်ခုပါပဲ။ LG ပါ။ LG ဟာ လျှပ်စစ်ပစ္စည်းတွေထုတ်တဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဆိုတာ အားလုံးလည်းသိထားကြမှာပါပဲ။

LG ရဲ့ CES keynote အသစ်အကြောင်းကို Reah ကိုယ်တိုင် ရှင်းပြပြီးတော့ မိတ်ဆက်ပေးလိုက်ခဲ့တာပါ။ ဒီအပြင် CLOi UV-C စက်ရုပ်တွေအကြောင်းကိုလည်း တစ်ခါတည်းရှင်းပြသွားခဲ့ပါတယ်။ အဲဒီစက်ရုပ်တွေမှာ လူအရမ်းများတဲ့နေရာတွေ၊ ဟိုတယ်တွေ၊ ရှော့ပင်းမောတွေ စတဲ့နေရာတွေမှာ UV-C light တွေကို လျှော့ချပေးမယ့် စနစ်တွေစသဖြင့် ပါဝင်နေပါတယ်။

ဒါလေးကတော့ Reah ရဲ့ ဗီဒီယိုလေးပါ။

 

View this post on Instagram

 

A post shared by Reah Keem (@reahkeem)

penny

SHARE