Miley Cyrus ကို ကွာရှင်းခွင်းစတင်တောင်းလိုက်ပြီဖြစ်တဲ့ Liam Hemsworth

@liamhemsworth,@mileycyrus/Instagram

Miley Cyrus နဲ့ သူမချစ်လှပါချည်ရဲ့ဆိုတဲ့ Liam Hemsworth တို့ ပြန်လည်ပေါင်းထုတ်ပြီး မင်္ဂလာပါဆောင်လိုက်ကြပြီမလို့ စိတ်ဒုန်းဒုန်းချရုံပဲရှိသေးတယ်။ အခုတော့ ဇာတ်လမ်းဘေးက ပိတ်ကားချပြီး ပြီးဆုံးသွားပြန်ပါပြီတဲ့။

@liamhemsworth/Instagram

ပြဿနာရဲ့အစ၊ လျက်တာကလို့ ပြောရမှာပါပဲ။ ဟိုတလောက လုပ်ခဲ့တဲ့ Met Gala ပွဲမှာ ဦးဦးဖျားဖျား ပွဲအတူတက်တုန်းက Miley ဟာ မီဒီယာတွေဓာတ်ပုံရိုက်နေတဲ့ရှေ့ကြီးမှာ မပြောမဆိုနဲ့ Liam ရဲ့ပါးကို ကောက်လျက်လိုက်ခဲ့ပါတယ်။  အဲဒီအချိန်ကတည်းကစပြီး Liam ကတော့ Miley ကို ဒီလိုအပြုအမူမျိုးတွေ ထပ်မလုပ်ဖို့အတွေက် ကောင်းကောင်းမွန်မွန်ရှင်းပြခဲ့ပေမယ့်လည်း Avenger: End Game ရဲ့ premium show မှာလည်း Liam ရဲ့ ရင်ဘတ်နားကို လျှာနဲ့လျက်ဟန်ထပ်ပြုခဲ့ပါသေးတယ်။

Miley တစ်ယောက် ဒီလိုအပြုအမူတွေဟာ မှတ်မှတ်ရရ Wrecking Ball သီချင်းထွက်တဲ့ပတ်ဝန်းကျင်လောက်မှာစတာပါပဲ။ Liam နဲ့ ပြတ်သွားတဲ့အတွက် အရင်တုန်းက Hannah Montana လိုမျိုး ချစ်ဖို့ကောင်းပြီး ပွင့်လင်းရိုးသားတဲ့ ကောင်မလေးပုံစံကနေ လုံးဝကြီးပြောင်းလဲသွားတယ်လို့ အများကတော့ ထင်ကြေးပေးခဲ့ပေမယ့် အခု Liam ပြန်လာပြီးတဲ့အချိန်မှာတောင် အကျင့်တွေမပြောင်းသွားသေးဘဲ ဆက်လုပ်နေတာကတော့ စဉ်းစားစရာတစ်ခုပါပဲ။

View this post on Instagram

👁🖤✂️

A post shared by Miley Cyrus (@mileycyrus) on

View this post on Instagram

Life’s a climb… but the view is great.

A post shared by Miley Cyrus (@mileycyrus) on

ဒါပေမဲ့လည်း Liam ဖက်က Miley ကိုသာ တကယ်ချစ်မြတ်နိုးတယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ Miley ရဲ့အခြေအနေကို လက်ခံနိုင်ရမှာပါ။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ပြန်လည်ပေါင်းထုတ်တုန်းက Miley ဖက်ကနေပြီး ပြုပြင်ပြောင်းလဲပေးပါ့မယ်လို့ ကတိပေးခဲ့ရင်တော့ တစ်မျိုးပေါ့။ သူတို့နှစ်ယောက်ရဲ့သတင်းကိုတော့ တော်တော်များများလည်း သိပြီးလောက်ပြီလို့ထင်ပါတယ်။ Liam ကတော့ သူ့ရဲ့ Instagram မှာ သြဂုတ်လ ၁၃ ရက်နေ့ကတည်းက ကွာရှင်းပြတ်ဆဲတောမယ်ဆိုတဲ့အကြောင်း တရားဝင်တင်ထားခဲ့ပြီး အခုအချိန်မှာလည်း တရားဝင်ကွာရှင်းဖို့ကို သူ့ဖက်ကနေပြီး စတင်တောင်းခဲ့တယ်လို့ Insider မှာ ဖော်ပြထားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကွာရှင်းမှုအကြောင်းအရင်းကိုတော့ “irreconcilable differences” ဘယ်တော့မှပြုပြင်လို့မရမယ့် ကွာခြားမှုတွေကြောင့်ဆိုပြီးပဲ ခေါင်းစဉ်တပ်ခဲ့ပါတော့တယ်။

Penny

SHARE