
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Liam Neeson ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Liam ဟာ Taken, The Grey, Honest Thief, Unknown, Batman Begins, Run All Night အစရှိတဲ့ နာမည်ကြီး အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ Liam ဟာ သူသရုပ်ဆောင်ခဲ့တဲ့ အက်ရှင်ဇာတ်ကားတိုင်းရဲ့ အသတ်အပုတ်အခန်းတွေ၊ သေနတ်ပစ်အခန်းတွေမှာ ပရိသတ်တွေ အကြိုက်တွေ့အောင် တော်တော်လေး သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Liam ဟာ အသက်ကြီးလာပြီဖြစ်တာကြောင့် အက်ရှင်ဇာတ်ကားတွေကို သူ့အနေနဲ့ လုံးဝရိုက်ကူးတော့မှာ မဟုတ်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။
View this post on Instagram
အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ Liam ဟာ ၁၉၇၀ ခုနှစ်ကတည်းက ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာတော့ Taken ဇာတ်ကားအမည်ရ ဇာတ်ကားနဲ့ ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားထဲမှာတော့ Liam ဟာ ပဲရစ်မြို့မှာ ပြန်ပေးဆွဲခဲ့လိုက်ရတဲ့ သူ့ရဲ့ သမီးဖြစ်သူကို လိုက်လံကယ်ဆယ်ရတဲ့ ဇာတ်လမ်းသွားပုံစံမျိုး ဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာဆိုရင်လည်း Liam သရုပ်ဆောင်ထားတဲ့ The Marksman အမည်ရ အက်ရှင်ဇာတ်ကားဟာလည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
View this post on Instagram
“အဓိကကတော့ အက်ရှင်ဇာတ်ကားတွေ ရိုက်တာက အရမ်းကို risk များပါတယ်။ အထူးသဖြင့် ဒီလို အသက်ကြီးလာတဲ့ အချိန်မှာ အက်ရှင်ဇာတ်ကားရိုက်ရင်း တစ်ခုခု ဖြစ်သွားရင် အရင်တုန်းကလို အချိန်မြန်မြန်နဲ့ ပြန်ကောင်းလာဖို့ဆိုတာ မလွယ်ပါဘူး။ အခုဆိုရင် ကျွန်တော့်အသက်က ၆၉ နှစ်ရှိနေပါပြီ။ တော်တော်လေးကို အိုမင်းလာပါပြီ။ ဒီလိုအချိန်မှာ တစ်ခုခုဖြစ်သွားရင် အရင်လို ပြန်ကောင်းဖို့က အဆင်မပြေပါဘူး။ ဒါ့ကြောင့် အက်ရှင်ဇာတ်ကားတွေ ဆက်မရိုက်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ အခုတော့ ဒီနှစ်ကုန်အထိ ရိုက်မယ့် ဇာတ်ကားတွေတော့ ရှိပါတယ်။ အဲဒီဇာတ်ကားတွေ ရိုက်ပြီးတာနဲ့ ဆက်မရိုက်တော့ပါဘူး”လို့ Liam က Entertainment Tonight သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw